ပိန်းဥရဲ့ အံ့အားသင့်ဖွယ်အကျိုးကျေးဇူးများ
ပိန်းဥမှာ အစာခြေလွယ်ခြင်း၊ သွေးထဲကသကြားဓာတ်ကိုလျော့ကျစေခြင်း၊ ကင်ဆာကာကွယ်နိုင်ခင်း၊ အရေပြားကိုကောင်းမွန်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ သွေးလှည့်ပတ်မှုကောင်းစေခြင်း၊ သွေးဖိအားကျစေခြင်းစသဖြင့် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ပိန်းဥကိုချက်စားတဲ့အခါ ခပ်စေးစေးနဲ့ချိုတဲ့အရသာရှိပြီး အာလူးနဲ့လည်း ခပ်ဆင်ဆင်တူပါတယ်။ ပိန်းဥမှာ Calcium, Iron, Magnesium, Phosphorus, Potassium, Zinc နဲ့ Copper ဓာတ်တွေအပြင် အခြားသောအာဟာရတွေလည်းအများကြီးပါဝင်ပါတယ်။
ဘဝကပေးသလောက်နဲ့ အကောင်းဆုံးကြိုးစားဖို့ပဲလိုပါတယ်။
များသောအားဖြင့် လူတွေက ကိုယ့်လက်ထဲဆုပ်ကိုင်ထားတဲ့အရာတွေကို မမြင်တတ်ကြဘဲ ခပ်လှမ်းလှမ်းက ကိုယ်မြင်နေရတဲ့အရာတွေကိုသာ မြင်တတ်ကြပါတယ်။ တနည်းအားဖြင့် ကိုယ်မရထားတဲ့အရာတွေကို လိုချင်တပ်မက်စိတ်ကြောင့် ပူလောင်နေပြီး ကိုယ်ရထားတဲ့အရာကိုတော့ မေ့နေတတ်ပါတယ်။ ကိုယ်ရထားတဲ့အရာဆိုတာက ဘဝက ပေးထားတဲ့အရာတွေပေါ့။
အကျင့်ဆိုးတွေကို ဘယ်လိုဖျောက်ပစ်ကြမလဲ။
လူတိုင်းမှာ အကျင့်ဆိုးတွေကိုယ်စီရှိတတ်ကြတာပါပဲ။ ကြီးတာနဲ့ သေးတာပဲကွာပါတယ်နော်။ အကျင့်ဆိုးအသေးအဖွဲလေးတွေကနေ အကျင့်ဆိုးကြီးကြီးမားမားထိ ပြောင်းလဲလာရင်တော့ မကောင်းတဲ့အကျိုးဆက်တွေသာ ဖြစ်လာပြီး သင့်ဘဝကိုပါထိခိုက်လာတဲ့အထိဖြစ်လာနိုင်ပါတယ်နော်။ အဲဒီ့တော့ ကိုယ့်ရဲ့အကျင့်ဆိုးတွေက ဘာတွေဖြစ်မလဲ သုံးသပ်ပြီး ကိုယ့်ရဲ့အကျင့်ဆိုးတွေကို အသေးအဖွဲလေးကစပြီး ပြုပြင်နိုင်ဖို့ကြိုးစားသင့်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့အကျင့်ဆိုးတွေကို ဘယ်လိုဖျောက်ပစ်ကြမလဲဆိုတဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
သင့်ကို ပြဿနာပေးတတ်သူတွေကို မရှောင်ကျဉ်နိုင်တဲ့အခါ ဘယ်လိုလုပ်သင့်သလဲ။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အမြဲတမ်း ကိုယ့်ကို နှောင့်ယှက်တတ်သူ၊ ဒုက္ခပေးသူ၊ မနာလိုသူ၊ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့လုပ်တတ်သူတွေ ၊ ကိုယ်တိုင်လည်း အဖြစ်မရှိ၊ အဖြစ်ရှိအောင် အားသွန်ခွန်စိုက်ကြိုးစားနေသူများကိုလည်း ဘေးထိုင်ဘုပြောလုပ်တတ်သူများကို ကြုံကိုကြုံရမှာပါ။ လူတိုင်းဟာ ကိုယ့်ခံယူချက်နဲ့ ကိုယ်၊ ကိုယ့်ဘဝအတွေ့အကြုံနဲ့ကိုယ်မို့ အမြင်ချင်းမတူနိုင်တာက လက်ခံပေးလို့ရပါတယ်။
မှတ်ဉာဏ်တိုးစေဖို့ ဘာတွေလုပ်သင့်သလဲ။
အလုပ်များလေ မေ့ဖို့လွယ်လာလေလေပါပဲ။ မေ့တာများလေလေ ကိုယ့်ရဲ့အလုပ်ခွင်၊ ရုံး၊ ကျောင်း၊ သင်တန်း စသဖြင့်မှာ အဆင်မပြေနိုင်ပါဘူး။ အဲဒါကြောင့် အဲဒီလိုမေ့တတ်တာမျိုး၊ မေ့လွယ်တာမျိုး ၊ ပြောနေတုန်းသတိရပြီး ခဏနေ မေ့သွားတာမျိုး မဖြစ်ရအောင် မှတ်ဉာဏ်ကို နေ့တိုင်းလို ကျင့်ပေးသင့်တဲ့နည်းလမ်းတွေရှိပါတယ်။ သင့်ရဲ့မေ့တတ်တဲ့အကျင့်အတွက် အထောက်အကူဖြစ်စေမယ့်နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
နွေရာသီကျောင်းပိတ်ချိန် ကလေးကို အိမ်ပြင်မထွက်ဘဲ ဘာတွေသင်ပေးလို့ရမလဲ။
ခုဆိုရင် နွေရာသီသင်တန်းကျောင်းတွေအားလုံးလည်း ပိတ်ထားပြီဖြစ်သလို၊ ကလေးငယ်တွေအတွက် နွေရာသီသင်တန်းအားလုံးလည်းပိတ်လိုက်ပြီဖြစ်ပါတယ်။ မေမေတွေတော့ အိမ်မှာ ကလေးတွေရဲ့လက်လက်ထမယ့်အရေးကို တွေးပြီး ခေါင်းခဲနေကြမယ်ထင်ပါတယ်နော်။ နွေရာသီကျောင်းတွေပိတ်သွားတာမို့ ကလေးတွေအတွက် ဘာမှမသင်နိုင်တော့ဘူးဆိုတာမျိုးမဖြစ်စေဘဲ အိမ်မှာတင် ကလေးတွေကို သင်ခန်းစာလေးတွေလုပ်ခိုင်းပြီး ဆော့ရင်းကစားရင်း အလုပ်လည်းပေးတတ်ဖို့လိုသလို မေမေတွေဉာဏ်ကောင်းဖို့လိုတာပေါ့။ အဲဒီ့အတွက် မေမေတွေကို ကလေးတွေအတွက် နွေရာသီသင်တန်းတွေပိတ်ထားပေမယ့် သင်တန်းကျောင်းများနည်းတူ ကလေးကိုလေ့ကျင့်ပေးလို့ရတာလေးတွေ မျှဝေပေးလိုက်ပါတယ်နော်
ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ
ကိုယ့်ကိုယ်ကိုယ် စည်းကမ်းသတ်မှတ်နိုင်အောင် ဘယ်လိုကျင့်ကြံမလဲ။
အသိဉာဏ်ပြည့်ဝတဲ့လူတစ်ယောက် အရာရာမှာ အမှားနည်းတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ခြင်းဟာ အင်မတန်အရေးကြီးပါတယ်။ စည်းကမ်းသတ်မှတ်တယ်ဆိုကတည်းက မဖြစ်သင့်တာတွေ မဖြစ်အောင် တားဆီးနိုင်ဖို့ရည်ရွယ်တာမို့ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်တယ်ဆိုတာကလည်း ကိုယ့်အမှားတွေနည်းသထက်နည်းအောင် ၊ အမှားတွေကို စည်းလွတ်ဘောင်လွတ်မလုပ်မိအောင် ကိုယ့်ကိုယ်ကိုယ်တားမြစ်ထားတဲ့နည်းလမ်းတစ်မျိုးပါပဲ။
မျှစ်စားခြင်းမှရရှိနိုင်တဲ့ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ
မြန်မာလူမျိုးတော်တော်များများက မျှစ်ကိုကြိုက်နှစ်သက်တတ်ကြပါတယ်။ မျှစ်စားသုံးက ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲဆိုတာကိုတော့ ဖော်ပြကြတာ သိပ်မတွေ့မိပါဘူး။ အဲဒါကြောင့် မျှစ်စားခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
Comfort zone ထဲမှာနေချိန်မှာ ကိုယ့်အတွက်ကြိုတင်ပြင်ဆင်ထားနိုင်မယ့်အရာများ
Comfort zone ထဲမှာ နေခြင်းဟာ လူကို တဖြည်းဖြည်း ပျင်းရိလာစေပြီး ဖျင်းလာစေနိုင်ပါတယ်။ အဲဒါအပြင် ရေလိုက်ငါးလိုက်နေရင်း သက်တောင့်သက်သာနေရမှုကို နှစ်ခြိုက်လာစေပါတယ်။ ဒီသဘောတရားကိုတော့ လူတိုင်းနီးပါး သိပြီးဖြစ်ကြမှာပါပဲ။ ဒါပေမယ့် အဲဒီလို Comfort Zone ထဲမှာနေရင်း ရုန်းထွက်ဖို့အဆင်သင့်မဖြစ်သေးခင်မှာ Comfort Zone ရဲ့ပြင်ပမှာ ဆက်လက်ရှင်သန်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားနိုင်ပါတယ်။ Comfort Zone ထဲမှာနေရင်း ယူတတ်ရင် ပညာတွေရနိုင်ပါတယ်။ ဘာတွေကြိုတင်ပြင်ဆင်နိုင်မလဲဆိုတာ တစ်ချက်လောက်လေ့လာကြည့်ရအောင်ပါ။
ဘဝလျှောက်လှမ်းမှုတိုင်းမှာ သင်မမေ့သင့်တဲ့အရာ (၅) မျိုး
ဘဝဆိုတာတိုက်ပွဲ….ဆိုပြီးပြောတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဘဝမှာ ကိုယ်နဲ့မတူညီတဲ့လူတွေ၊ ကိုယ့်လိုစိတ်ထားမရှိတဲ့သူတွေ၊ ကိုယ်နဲ့အကျင့်မတူတဲ့သူတွေ၊ ကိုယ့်နဲ့အတွေးအခေါ်မတူတဲ့သူတွေကြောင့် ကိုယ့်ဘဝမှာ မထင်မှတ်ထားတာတွေ၊ အခက်အခဲအကြပ်အတည်းတွေ၊ ပြဿနာတွေဖြစ်လာတတ်တာမို့ ထိုပြဿနာတွေကို ဖြေရှင်းရင်း၊ ကျော်လွှားရင်း၊ အောင်မြင်ဖို့ကြိုးစားရင်းနဲ့သာ အချိန်ကုန်နေရတာမို့ ဘဝဆိုတာ တိုက်ပွဲပါပဲလို့ ပြောတတ်ကြတာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ဘဝတစ်လျှောက်ကို လျှောက်လှမ်းတဲ့အခါမှာ သင်ပြန်ပြီး သတိရသင့်တဲ့အရာတွေရှိပါတယ်။ အဲဒီ့အကြောင်းအရာတွေကို သင်မေ့သွားတဲ့အခါတိုင်းပြန်ပြီး သတိရအောင်တွေးတောသင့်ပါတယ်။ အဲဒီ့လိုတွေးလိုက်တဲ့အခါ သင့်ရဲ့ဘဝခရီးလမ်းမှာလျှောက်လှမ်းဖို့ ပြန်ပြီး စိတ်ခွန်အားပြန်ဖြစ်လာစေမှာပါ။