မှတ်ဉာဏ်တိုးစေဖို့ ဘာတွေလုပ်သင့်သလဲ။

အလုပ်များလေ မေ့ဖို့လွယ်လာလေလေပါပဲ။ မေ့တာများလေလေ ကိုယ့်ရဲ့အလုပ်ခွင်၊ ရုံး၊ ကျောင်း၊ သင်တန်း စသဖြင့်မှာ အဆင်မပြေနိုင်ပါဘူး။ အဲဒါကြောင့် အဲဒီလိုမေ့တတ်တာမျိုး၊ မေ့လွယ်တာမျိုး ၊ ပြောနေတုန်းသတိရပြီး ခဏနေ မေ့သွားတာမျိုး မဖြစ်ရအောင် မှတ်ဉာဏ်ကို နေ့တိုင်းလို ကျင့်ပေးသင့်တဲ့နည်းလမ်းတွေရှိပါတယ်။ သင့်ရဲ့မေ့တတ်တဲ့အကျင့်အတွက် အထောက်အကူဖြစ်စေမယ့်နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။


စာဖတ်ပါ။
စာဖတ်တဲ့အခါ သေချာနားလည်အောင်ဖတ်သင့်ပါတယ်။ စာကိုဖြည်းဖြည်းနဲ့ သေချာနားလည်အောင်ဖတ်ပြီး ကိုယ်အတွက် မှတ်ထားသင့်တာကို မှတ်စုစာအုပ်ထဲမှတ်သားထားသင့်ပါတယ်။ အဲဒါမှ လိုအပ်တဲ့အချိန်ပြန်ထုတ်ဖတ်နိုင်မှာပါ။

အသံဖိုင်နားထောင်ပါ။
အသံဖိုင်ကို သေချာဂရုစိုက်နားထောင်ခြင်းက အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းစေပြီး နားထောင်ရင်းမှတ်သားရတာမို့ ပိုပြီးမှတ်ဉာဏ်ကောင်းစေပါတယ်။

ချရေးထားပါ။
သင်ကမေ့တတ်တယ်ဆိုရင် ကိုယ်အတွက်မှတ်သားသင့်တာတွေကို ချရေးထားပါ။ အဲဒါက သင်လိုအပ်တဲ့အချိန်ပြန်ကြည့်လို့ရပါတယ်။ ပြောပြီးတာနဲ့မေ့သွားတတ်တဲ့သူမျိုးဆိုရင် ချရေးထားလိုက်တာအကောင်းဆုံးပါ။

ခပ်ကျယ်ကျယ်လေးရွတ်ကြည့်ပါ။
တခါတလေကျရင်လည်း ကိုယ်ထပ်ခါထပ်ခါရွတ်ကြည့်တာကိုမှတ်မိနေတတ်ပါတယ်။ ကိုယ့်ဟာကိုယ်ကြားလောက်အောင် ရွတ်ကြည့်တာမျိုးက မှတ်မှတ်ရရသတိရနေတာမျိုးဖြစ်တတ်တာမို့ ကိုယ်မှတ်မိဖို့ သင့်တဲ့ စကားလုံးမျိုး၊ ကိုယ့်ကိုယ်ကိုယ်သတိပေးချင်တာမျိုးဆိုရင် ခပ်ကျယ်ကျယ်လေး ထပ်ခါထပ်ခါ ရွတ်ကြည့်လိုက်ပါ။

ဖြစ်ပြီးတာတွေပြန်စဉ်းစားကြည့်ပါ။
ပြောချင်တာက လွန်ခဲ့တဲ့တစ်ရက်က ဘာလုပ်ခဲ့လဲပြန်စဉ်းစားတာမျိုး ဒါမှမဟုတ်ရင် ဘာစီစဉ်ခဲ့သလဲဆိုတာမျိုး မှတ်ဉာဏ်ကို ပြန်ခေါ်ကြည့်တာမျိုးပေါ့။ မနေ့ကဘာလုပ်ဖို့ စဉ်းစားခဲ့လဲ ဒါမှမဟုတ် တနေ့က စသဖြင့် တစ်ရက်ချင်းပြန်တွေးတာမျိုး၊ လေ့ကျင့်ပေးခြင်းက သင့်မှတ်ဉာဏ်ကို တဖြည်းဖြည်းပြန်မှတ်နိုင်လာပါတယ်။

အာဟာရပြည့်ဝအောင်စားပါ။
မနက်စာမစားတာ၊ စားတဲ့နေ့စားပြီး မစားဖြစ်တဲ့နေ့ကျမစားလိုက်တာမျိုး၊ တစ်နေ့ထမင်းသုံးနပ်ကို အစာစားချိန်မမှန်တာမျိုးကလည်း သင့်မှတ်ဉာဏ်ကိုထိခိုက်စေပါတယ်။

ရက်စွဲနဲ့အတိအကျ လုပ်စရာရှိတာလေးတွေမှတ်စုစာအုပ်သီးသန့်ထားပါ။
အမြဲဆောင်သွားမယ့် မှတ်စုစာအုပ်ထားပါ။ ထိုစာအုပ်ထဲမှာ သင်မေ့လို့မဖြစ်တဲ့အရေးကြီးတဲ့အရာတွေကို မှတ်ထားပါ။ ဖုန်းထဲမဆေ့ခိုင်းဘဲ စာအုပ်နဲ့မှတ်ခိုင်းတာက သင်ချရေးထားလိုက်တာက ပိုမှတ်မိစေနိုင်လို့ပါ။ စာလုံးအစနဲ့မှတ်စုစာအုပ်မျိုးက ပိုအဆင်ပြေစေမှာပါ။ ဒါမှမဟုတ်ရင်လည်း မှတ်စုအုပ်ထဲ ဘယ်နေ့မှာဘာလုပ်ရမယ်ဆိုတဲ့ ရက်စွဲနဲ့ပါမှတ်ထားလိုက်ပါ။ အဲဒါဆို တခုခုမေ့သွားရင် သင့်စာအုပ်ထုတ်ကြည့်လိုက်ရုံပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။