ပိန်းဥရဲ့ အံ့အားသင့်ဖွယ်အကျိုးကျေးဇူးများ

ပိန်းဥမှာ အစာခြေလွယ်ခြင်း၊ သွေးထဲကသကြားဓာတ်ကိုလျော့ကျစေခြင်း၊ ကင်ဆာကာကွယ်နိုင်ခင်း၊ အရေပြားကိုကောင်းမွန်စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ သွေးလှည့်ပတ်မှုကောင်းစေခြင်း၊ သွေးဖိအားကျစေခြင်းစသဖြင့် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ပိန်းဥကိုချက်စားတဲ့အခါ ခပ်စေးစေးနဲ့ချိုတဲ့အရသာရှိပြီး အာလူးနဲ့လည်း ခပ်ဆင်ဆင်တူပါတယ်။ ပိန်းဥမှာ Calcium, Iron, Magnesium, Phosphorus, Potassium, Zinc နဲ့ Copper ဓာတ်တွေအပြင် အခြားသောအာဟာရတွေလည်းအများကြီးပါဝင်ပါတယ်။


၁) အစာခြေစနစ်ကိုကောင်းမွန်စေခြင်း
အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ကောင်းမွန်စေပါတယ်။ တစ်နေ့တာမှာလိုအပ်တဲ့အမျှင်ဓာတ် ၂၇%ခန့်ကို ရရှိစေပါတယ်။ အစာခြေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ လေပွခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။

၂) ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ကူညီနိုင်ခြင်း
ကင်ဆာရောဂါကိုတိုက်ဖျက်ရာတွင်အရေးပါတဲ့ antioxidants တွေအများကြီးပါဝင်ပါတယ်။ ဗီတာမင်အေ၊ စီနဲ့ အခြားသော antioxidants တွေအများကြီးပါဝင်ပြီး ခုခံအားတိုးစေပါတယ်။ ပိန်းဥမှာပါဝင်တဲ့ cryptoxanthin ဓာတ်ကြောင့် အဆုတ်ကင်ဆာနဲ့ အာခံတွင်းကင်ဆာဖြစ်ပွားနိုင်ချေကို လျှော့နည်းစေပါတယ်။

၃) ဆီးချိုရောဂါကိုထိန်းချုပ်ဖို့ကူညီနိုင်ခြင်း
ပိန်းဥစားခြင်းကြောင့် လိုအပ်တဲ့အမျှင်ဓာတ်ရရှိခြင်းကြောင့် သင့်ရဲ့သွေးထဲက glycemic levels ကိုထိန်းချုပ်ပေးနိုင်တာကြောင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေတယ်ဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့ပိန်းဥက သင့်ကို သွေးထဲကသကြားဓာတ်ကိုလျော့ကျစေပြီး ဆီးချိုကိုထိန်းချုပ်ဖို့အကူအညီပေးပါတယ်။

၄) နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း
ပိုတက်ဆီယမ်ပါဝင်တာကြောင့်ခန္ဓာကိုယ်တစ်ခုလုံးက တစ်ရှုးတွေနဲ့ အမှေးပါးတွေနေ တဆင့်ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်မှုကောင်းစေတာကြောင့် သွေးကြောတွေ၊ သွေးလွှတ်ကြောတွေမှာ ဖိအားတွေဖိစီးမှုတွေမဖြစ်အောင်ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် အာရုံကြောတွေချိတ်ဆက်ဖို့အဆင်ပြေစေပြီး သွေးကြောတွေကို ပြေလျောစေလို့ သွေးဖိအားနည်းစေပါတယ်။

၅) အမြင်အာရုံကောင်းမွန်စေခြင်း
ပိန်းဥမှာပါဝင်တဲ့ antioxidants တွေဖြစ်တဲ့ beta-carotene နဲ့ cryptoxanthin တွေကြောင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။

၆) အရေပြားကျန်းမာရေးအတွက်ကောင်းခြင်း
vitamin E နဲ့ vitamin A ပါဝင်တာကြောင့် သင့်ရဲ့အရေပြားကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ အနာကျက်မြန်စေပါတယ်။ အရေပြားကို ကြည်လင်ဝင်းပစေပါတယ်။

၇) ခုခံအားကောင်းစေခြင်း
ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် ခုခံအားကောင်းစေတဲ့ သွေးဖြူဥတွေဖြစ်ပေါ်စေပါတယ်။ အခြားသော ကျန်းမာရေးအခြေအနေတွေကိုလည်း ကာကွယ်နိုင်ပါတယ်။

၈) သွေးလည်ပတ်မှုအားကောင်းစေခြင်း
ကော့ပါးနဲ့ သံဓာတ်ပါဝင်ခြင်းကြောင့် သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်တစ်ခုလုံးသွေးလည်ပတ်မှုအားကောင်းစေပါတယ်။ သွေးနီဥထုတ်လုပ်ဖို့ သံဓာတ်နဲ့ ကော့ပါးက မရှိမဖြစ်အရေးပါတာကြောင့် သွေးနီဥတွေဖြစ်ပေါ်စေပါတယ်။ မောပန်းလွယ်ခြင်းကိုသက်သာစေပြီး ခန္ဓာကိုယတစ်ခုလုံးကို အောက်ဆီဂျင်ပိုပေးစေခြင်း၊ အခြားသော ကိုယ်တွင်းအဂါၤရပ်တွေနဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။
သတိထားရမှာတော့ ကယ်လိုရီပါဝင်မှုများတာကြောင့် ဝိတ်လျော့ချင်တဲ့လူတွေအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ အမျိုးအစား ၂ ဆီးချိုသမားတွေအတွက်လည်း အလွန်အကျွံ့မစားသင့်ပါဘူး။
https://www.organicfacts.net/health-benefits/other/taro-root.html လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။