လူတွေကို သင်သတ်မှတ်ထားတဲ့ဘောင်တွေနဲ့ တွဲမကြည့်လိုက်ပါနဲ့။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့စကားအရ လူတိုင်းဟာ သူတို့ရဲ့ဘဝဖြတ်သန်းပုံမတူညီကြတာကြောင့် အတွေ့အကြုံတွေမတူကြသလို၊ အတွေးအခေါ်အယူအဆတွေမတူကြပါဘူး။ အဲဒီ့အတွက် ကိုယ့်ရဲ့အသိပညာ၊ ကိုယ့်ရဲ့အကျင့်စရိုက်၊ ကိုယ့်ရဲ့တွေးခေါ်စဉ်းစားပုံနဲ့ အခြားလူတွေရဲ့အတွေးအခေါ်တွေလုံး၀ တစ်ထပ်တည်းမကျနိုင်ပါဘူး။
ဘဝအတွက်အခုချက်ချင်းစွန့်လွှတ်သင့်သောအရာများ
ကျွန်တော်တို့ဘဝမှာ မဖြစ်မနေစွန့်လွှတ်သင့်တဲ့အရာတွေရှိပါတယ်။ မသိလိုက်လို့ပဲဖြစ်ဖြစ်၊ သတိမထားမိလို့ပဲဖြစ်ဖြစ် ၊ သိသိကြီးနဲ့ဖြစ်ဖြစ် လုပ်မိနေတတ်တဲ့အကျင့်တွေရှိပါတယ်။ အဲဒါတွေကို စွန့်လွှတ်ဖို့ က ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးမှဖြစ်မှာပါ။ ကိုယ့်ကိုယ်ကိုယ်မဖြစ်မနေတိုက်တွန်းပါ။ အကျင့်ဖြစ်လာအောင်ကျင့်ယူပါ။ စတင်လုပ်ကြည့်ဖို့ပဲလိုပါတယ်။ လုပ်ကြည့်ဖြစ်လာတဲ့အခါ အကျင့်တစ်ခုလို စွဲမြဲလာပါလိမ့်မယ်။ အဲဒါကြောင့်သင်ခုချက်ချင်းစွန့်လွှတ်သင့်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။
လုံငန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
လုံငန်းသီးကို တရုတ်လိုင်ချီးသီး၊ နဂါးမျက်စိ လို့လည်းခေါ်ကြပါတယ်။ အရသာက ချိုမြိန်ပြီး အသီးအရွယ်အစား စပျစ်သီးထက် သေးငယ်ပါတယ်။ ထိုအသီးလေးက သင့်အတွက်ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေများပါတယ်။ လုံငန်းသီးမှာ ရေဓာတ်၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီ၊ မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်စတဲ့ဓာတ်တွေပါဝင်ပြီး ဗီတာမင်ဘီဝမ်း ၊ ဘီတူး၊ ဘီသရီး ၊ သံဓာတ်၊ ကော့ပါး၊ ဖော့စဖောရတ်နဲ့ဇင့်ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။
မတူညီတဲ့လူတိုင်းက ယူတတ်ရင် သင့်အတွက်သင်ခန်းစာတွေချည်းပါပဲ
ဘဝမှာ လူပေါင်းစုံနဲ့ အကျင့်စရိုက်ပေါင်းစုံကို ရင်ဆိုင်ကြရမှာပါ။ အဲဒီလိုရင်ဆိုင်ရတဲ့အခါ ပြဿနာပေါင်းစုံလည်း ကြုံရပြန်တာပါပဲ။ အကျင့်ကောင်းတဲ့သူ ၊ အကျင့်မကောင်းတဲ့သူ၊ ကူညီတတ်သူ၊ ဒုက္ခပေးတတ်သူ၊ ကိုယ့်ကို ချောက်တွန်းတတ်သူ၊ ကိုယ့်ဆီက အကူအညီသာယူပြီး ပေါ်မလာဇာတ်ခင်းတတ်သူ၊ စသဖြင့်ပေါ့။ ကိုယ့်မှာစိတ်ရင်းအတိုင်းဆက်ဆံလိုက်ပြီးမှ ပြဿနာပေါင်းစုံနဲ့ကြုံတဲ့အထိ ကိုယ့်ပြန်ဒုက္ခပေးသွားတဲ့လူတော့ ရှိမှာပါပဲ။
အောင်မြင်မှုဆိုတာ အခက်အခဲကိုကျော်ဖြတ်နိုင်ပြီးမှ ရလာတာပါ။
အောင်မြင်မှုဆိုတာ အခက်အခဲကိုကျော်ဖြတ်နိုင်ပြီးမှ ရလာတာပါ။
ငွေက တန်ဖိုးရှိသလား၊ အချိန်က တန်ဖိုးရှိသလား
ဒီခေါင်းစဉ်ကိုမြင်တဲ့အခါ ဘယ်လိုအဖြေမျိုးပေးမိပါသလဲ။ ငွေက တန်ဖိုးရှိပါတယ်လို့ ယူဆရင်လည်း မှန်သင့်သလောက်တော့မှန်တာပါပဲ။ ငွေမရှိဘဲ ရုပ်ပိုင်းဆိုင်ရာအရ အလိုရှိသမျှ အရာတော်တော်များများကို မရနိုင်ဘူးလေ။ အချိန်ကတန်ဖိုးမရှိတာလားဆိုပြန်တော့လည်း မဟုတ်ပါဘူး ။ အချိန်ကိုသေချာခွဲတမ်းချနိုင်ရင် ငွေရှာနိုင်ပြန်ပါတယ်။ အဲဒီ့တော့ အချိန်ကလည်း ငွေနဲ့အလားတူ တန်ဖိုးရှိတယ်လို့ သတ်မှတ်နိုင်ပြန်ပါတယ်။
အခက်အခဲတွေကို ဖြတ်ကျော်ပြီး ခွန်အားယူပါ။
ဘဝကို ရင်ဆိုင်ဖြတ်သန်းရတဲ့အခါ လူပေါင်းစုံ၊ ပြဿနာပေါင်းစုံကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စရိုက်ပေါင်းစုံ၊ အကျင့်ပေါင်းစုံနဲ့ ဘဝပေါင်းစုံဖြစ်တာမို့ ကိုယ့်ဘဝထဲကို ဝင်လာတဲ့ မတူညီနိုင်သောလူပေါင်းစုံကြောင့် ပြဿနာပေါင်းစုံကြုံပြီး အခက်အခဲပေါင်းစုံကြုံရမှာပါပဲ။ လူတိုင်းလိုလိုဟာ ပုံမှန် နေ့စဉ်လုပ်နေကျသမရိုးကျအလုပ်တွေထဲမှာသာ ကျင်လည်နေတတ်ပြီး တခါတလေဆို ထိုသမရိုးကျဘဝထဲမှာသာ သာယာနေတတ်ကြပါတယ်။ တကယ်တော့ အခက်အခဲဆိုတာက ကျွန်တော်တို့ရဲ့သမရိုးကျရှင်သန်နေတဲ့ဘဝကို လာပြီး လှုပ်ခတ်စေတဲ့အရာ၊ comfort zone ထဲမှာ အိပ်ပျော်နေတာကို လာပြီးလှုပ်နှိုးတဲ့အရာတစ်ခုပါပဲ။
ဘဝမှာနားလည်ထားရမယ့် ကျင့်ဝတ် ၆ ခု
ဘဝမှာ ရှင်သန်လာရင်းနဲ့ သိလာရမယ့် အချက်တွေအများကြီးရှိပါတယ်။ အဲဒီ့ထဲကမှ မလုပ်မိခင်ကြိုတင်နားလည်ထားရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ အဲဒီ့ကျင့်ဝတ်တွေကို နားလည်ထားတဲ့အခါ သင့်ဘဝအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်လာမှာပါ။
ရောက်နေတဲ့နေရာမှာသာ အကောင်းဆုံးရှင်သန်ပါ။
လက်ရှိရောက်နေတဲ့နေရာ၊ လက်ရှိရောက်နေတဲ့အခြေအနေ၊ အနေအထားမျိုးကို မကျေနပ်နိုင်တဲ့ အချို့လူတွေရှိပါတယ်။ အဲဒီလိုလူ အမျိုးအစား ၂မျိုးခွဲနိုင်ပါတယ်။ တစ်မျိုးကတော့ ရောက်နေတဲ့နေရာ၊ ရထားတဲ့အခြေအနေထဲကမှ အဆိုးတွေကိုသာမြင်ပြီး ဆိုးဝါးတယ်ထင်ပြီး အမြဲစိတ်ညစ်နေတယ်လူမျိုးပေါ့။ ဒုတိယလူအမျိုးအစားကတော့ သူတို့လက်ရှိရောက်နေတဲ့နေရာ ၊ အဆင့်အတန်း၊ အခြေအနေ ဘယ်လောက်ကောင်းသည်ဖြစ်စေ (သာမန်အခြေအနေထက်ပိုသာနေတာတောင်မှ) မတင်းတိမ်နိုင်တဲ့သူမျိုးပါ။
စိတ်ဖိစီးမှုများကိုတိုက်ဖျက်နိုင်တဲ့အကောင်းဆုံးအစားအစာ ၁၀မျိုး
စိတ်ဖိစီးနေတယ်လို့ သင့်ကိုယ်သင်ခံစားနေရပါသလား။ အဲဒါဆိုရင်တော့ စိတ်ဖိစီးမှုအတွက် စားသင့်တဲ့အကောင်းဆုံးစားစရာ ၁၀မျိုးကိုဖော်ပြပေးလိုပါတယ်။ သင့်မှာအလုပ်ကြောင့်ဖြစ်ဖြစ်၊ စိတ်ညစ်စရာတွေဖြစ်ဖြစ် များနေတယ်လို့ခံစားနေရတယ်ဆိုရင် ဒီအစားအစာတွေကိုသာ ရွေးချယ်စားသုံးကြည့်လိုက်ပါ။
ကလေးကိုပြုစုပျိုးထောင်ရာမှာ မှားယွင်းတတ်သောအမှားများ
ဘယ်မိဘထံမှာ မွေးဖွားမလဲဆိုတာ သားသမီးတွေအနေနဲ့ ရွေးချယ်ခွင့်မရှိကြပါဘူး။ မိဘဖြစ်လာမယ့်သူတွေကသာ ဘယ်အချိန်မှာ သားသမီးယူမယ်၊ သားသမီးမယူသေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ အဲဒီလိုအခြေအနေဖြစ်တာကြောင့် ကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော သေချာကြိုတင်ပြင်ဆင်ပြီးမှ မိဘ ဘဝကိုခံယူသင့်ပါတယ်။ သားသမီးဆိုတာမျိုးက သင့်အပေါ်မှာအများကြီးအားကိုးအားထားပြုပြီး သင့်ရဲ့ထိန်းကျောင်းမှုပုံစံအရ သင်နဲ့တူတဲ့သားသမီးတွေဖြစ်လာနိုင်တာပါ။ အဲဒါကြောင့် သင်ဟာ မိဘကောင်းဖြစ်လာမလား၊ မိဘဆိုးဖြစ်လာမလား ဆိုတာပေါ်မူတည်ပြီး သားသမီးကောင်းဖြစ်လာခြင်းမဖြစ်လာခြင်းဆိုတာ ဖြစ်လာတာပါ။
ကိုယ့်ဘဝကိုအကောင်းဆုံးဖြစ်အောင် ကိုယ်တိုင်ပုံဖော်နိုင်ပါတယ်
ကိုယ့်ဘဝကိုအကောင်းဆုံးဖြစ်အောင် ကိုယ်တိုင်ပုံဖော်နိုင်ပါတယ်