တိရိစ္ဆာန်တွေနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အံ့အားသင့်ဖွယ်ရာအချက်များ (၇)
တိရိစ္ဆာန်တွေနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့အချက်တွေအများကြီးရှိမှာပါ။ သင်သိပြီးသားတွေဖြစ်နိုင်သလို ကိုယ်တိုင်လုံးဝမထင်မှတ်ထားတဲ့အချက်တွေဖြစ်နိုင်ပါတယ်။ ဘယ်လိုအချက်တွေဖြစ်မလဲ ဖတ်ကြည့်လိုက်ပါအုံးနော်။ နောက်ထပ်ဗဟုသုတရစရာတွေလည်း တင်ပေးသွားပါအုံးမယ်နော်။ #BAWA101
အမြဲမေ့တတ်တဲ့အကျင့်ကိုဘယ်လိုပြင်မလဲ။
အမြဲမေ့တတ်တဲ့အကျင့်ကိုယ့်မှာရှိနေတယ်ဆိုရင် မေ့တတ်ခြင်းကို သက်သာအောင်လုပ်ဖို့ နည်းလမ်းအချို့ပေးချင်ပါတယ်။ အခုခေတ်မှာက လူတိုင်းနီးပါး အလုပ်များ၊ အာရုံများစရာတွေများတာမို့ မေ့တတ်ကြတာမဆန်းပါဘူး။ ဒါပေမယ့် မေ့တတ်တဲ့အကျင့်ကို သက်သာစေဖို့ အလေ့အကျင့်လေးလုပ်ဖို့လိုပါတယ်။ အလေ့အကျင့်မလုပ်ဘဲ မေ့တတ်တာကို လျစ်လျူရှုထားလိုက်မယ်ဆိုရင်တော့ ပိုဆိုးသွားနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်မှာ မကြာခဏမေ့တတ်တဲ့အကျင့်ရှိတယ်ဆိုရင် အောက်ပါအချက်လေးတွေကိုလုပ်ကြည့်လိုက်ပါနော်။
ငွေတွေအများကြီးရှာပေးတိုင်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်နိုင်ပါသလား။
ငွေက စားဝတ်နေရေးအတွက်အများကြီး အရေးပါပါတယ်။ အဲဒါနဲ့အလားတူပဲ မေတ္တာတရားဟာလည်း လူသားဖြစ်တည်မှုနဲ့ မတူတဲ့လူနှစ်ယောက် နှစ်ပေါင်းများစွာ အတူလက်တွဲရှင်သန်ဖို့ရာအတွက် အရေးကြီးပြန်တာပါပဲ။ အိမ်ထောင်တစ်ခုတည်ဆောက်တဲ့အခါ ငွေနဲ့ မေတ္တာတရားဟာ ချိန်ခွင်လျှာလို ညီမျှနေမှဖြစ်ပါလိမ့်မယ်။
"ရုပ်ဝတ္ထုပစ္စည်းတွေဆိုတာ သင်ရဲ့တကယ့်ပိုင်ဆိုင်မှုမဟုတ်ပါဘူး"
"ရုပ်ဝတ္ထုပစ္စည်းတွေဆိုတာ သင်ရဲ့တကယ့်ပိုင်ဆိုင်မှုမဟုတ်ပါဘူး"
စွန့်လွှတ်ရဲတဲ့စိတ်ကလည်း သတ္တိပါပဲ။
တခါတလေ တချို့ဆုံးဖြတ်ချက်တွေက သင့်ရင်ကွဲခံပြီး ဆုံးဖြတ်လိုက်ရတာဖြစ်ပေမယ့် တကယ်တမ်းပြန်တွေးကြည့်ရင်တော့ သင့်စိတ်ချမ်းသာဖို့ဆိုတာ သတိရပါ။ တကယ်တော့ စွန့်လွှတ်ရဲတဲ့စိတ်ကလည်း သတ္တိပါပဲ။ အထူးသဖြင့် ကိုယ့်ကို ပူလောင်မှုတွေမဖြစ်စေတဲ့ စိတ်ချမ်းသာခြင်းမျိုးလည်းရစေပါတယ်။ တခါတလေမှာ မစွန့်လွှတ်ရဲဘဲ အတင်းဆုပ်ကိုင်ထားချင်တာ၊ အတင်းပိုင်ဆိုင်ထားချင်တဲ့စိတ်ကပဲ ကိုယ့်ကိုပြန်သတ်တဲ့စိတ်ဖြစ်နေတတ်ပါတယ်။ ဆုပ်လည်းစူး၊ စားလည်းရူးဆိုတဲ့အခြေအနေမျိုးပေါ့။
သင်မြင်ဖူးသမျှ ပတ်ဝန်းကျင်ထိခိုက်စေသော အပြုအမူများ ကို ပြောကြည့်ကြရအောင်နော်
သင်မြင်ဖူးသမျှ ပတ်ဝန်းကျင်ထိခိုက်စေသော အပြုအမူများ ကို ပြောကြည့်ကြရအောင်နော်
ဆိုးဝါးတဲ့မိဘတွေရဲ့ အမူအကျင့်များ
ဆိုးဝါးတဲ့မိဘတွေဆိုတာက ကလေးကို ကိုယ်ချင်းမစာနာဘဲ သူတို့ဖြစ်ချင်တာကိုသာသိပြီး ကလေးဆိုတာ လေးစားစရာမလိုဘူး၊ ကလေးဆိုတာ လူကြီးပြောသမျှသာနားထောင်ရမယ်၊ ကလေးဆိုတာ လူကြီးတွေရဲ့ခြယ်လှယ်ခံသလို သဘောထားတတ်သူမျိုးတွေဖြစ်ပါတယ်။ အဲဒီ့လိုဆိုးဝါးတဲ့မိဘတွေမှာ အောက်ပါအကျင့်ဆိုးတွေအားလုံး ရှိနေတတ်ကြပါတယ်။ အဲဒီ့လူမိဘရဲ့အုပ်ထိန်းမှုကနေ ကြီးပြင်းလာတဲ့ကလေးတွေဟာ အားငယ်ခြင်း၊ သိမ်ငယ်ခြင်း၊ ကြောက်ရွံ့ခြင်းတွေနဲ့ ကြီးပြင်းလာနိုင်ပါတယ်။ တချို့တွေကျပြန်တော့လည်း အရွဲ့တိုက်တတ်လာပြီး ဆိုးတယ်လို့သတ်မှတ်ခံရတဲ့ကလေးတွေဖြစ်လာကြပါတယ်။
ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ
ဘယ်အရာကိုမဆို အမြန်ဆုံးသင်ယူမှတ်မိလွယ်စေဖို့
သင်ယူတဲ့အခါဖြစ်ဖြစ်၊ တစ်ခုခုကို မှတ်သားရတာပဲဖြစ်ဖြစ် မှတ်လွယ်သင်လွယ်တဲ့အကျင့်ကို လူတိုင်းနီးပါးသဘောကျတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကတော့ အဲဒီလိုအကျင့်မရှိဘူးဆိုရင်လည်း ကိုယ့်ရဲ့ဦးနှောက်မှတ်ဥာဏ်ကို လေ့ကျင်ယူဖို့ မပျင်းရင် လေ့ကျင့်ယူလို့ရပါတယ်။ အဲဒါကြောင့် ဘယ်လိုလေ့ကျင့်ယူမလဲဆိုတာလေးဖော်ပြပေးလိုက်ပါတယ်နော်.။
သင့်ပျော်ရွှင်မှုတွေကိုသင်မသိအောင်ခိုးယူသွားသောအတွေးများ
လူတစ်ယောက်မှာအရေးအကြီးဆုံးက စိတ်ချမ်းသာမှုပါပဲ။ စိတ်ပျော်ရွှင်ပြီး စိတ်ချမ်းသာနေမယ်ဆိုရင် ဘယ်လောက်ပဲအဆင်မပြေပါစေ၊ အပြံုးမပျက်ပါဘူး။ ဒါပေမယ့် အဲဒီ့လို စိတ်ကို ထိခိုက်ပျက်စီးအောင်လုပ်နိုင်တာလည်း စိတ်ပါပဲ။ ကိုယ့်စိတ်ထဲကနေ ကိုယ်တွေးမိတဲ့အတွေးတွေဟာ ကိုယ့်ကိုပြန်ပြီးနာကျင်အောင်၊ စိတ်ညစ်အောင် ပြန်လုပ်နိုင်ပြန်ပါတယ်။ အဲဒါကြောင့် စိတ်ကိုစိတ်နဲ့ဖြေရတယ်လို့ပြောကြတာပါပဲ။
အောင်မြင်တဲ့ကျောင်းသားတွေရဲ့ လေ့လာမှုနည်းလမ်းကောင်းများ
ဘယ်နေရာမှာမဆို ထူးချွန်အောင်မြင်တဲ့ကျောင်းသားတွေက ဥာဏ်ကောင်းလို့ဆိုတာထက် သူတို့မှာ သူတို့လုပ်နေတဲ့အလုပ်ကို သေချာတစိုက်မတ်မတ်လုပ်တတ်တဲ့စိတ်ကြောင့်လည်း ပါပါတယ်။ ဘယ်လောက်ဥာဏ်ကောင်းပါစေ ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင်လည်း ထိရောက်တဲ့အောင်မြင်မှုမရနိုင်ပါဘူး။ အဲဒါကြောင့် အောင်မြင်တဲ့ကျောင်းသားတွေရဲ့ လေ့လာသင်ယူမှုနည်းလမ်းကောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
နေဝင်သွားတဲ့အခါ မငိုပါနဲ့၊ မျက်ရည်တွေကြောင့် ကြယ်တွေကို မမြင်ရဘဲနေပါလိမ့်မယ်။
ဒီစကားလေးဟာ အများကြီးအဓိပ္ပါယ်တွေရှိပါတယ်။ ကိုယ့်ဘဝမှာ နေဝင်သွားပြီလို့ ထင်ရတဲ့အချိန်တွေအများကြီးကို ကြုံဖူးရမှာပါ။ အဲဒီ့အခါ နေဝင်သွားလေခြင်း…..တနည်းအားဖြင့် ရှုံးနိမ့်သွားလေခြင်း၊ ကျဆုံးသွားလေခြင်းဆိုတဲ့ ဝမ်းနည်းစိတ်ကြောင့် မျက်ရည်ကျနေမယ်ဆိုရင် မျက်ရည်တွေကြောင့်ပဲ နေဝင်ချိန်မှာ ပေါ်ထွက်လာမယ့် ကြယ်တွေနဲ့တူတဲ့ (အဆိုးတွေထဲက အကောင်းတွေကို) မမြင်နိုင်ဘဲ နေလိမ့်မယ်လို့ ဆိုလိုချင်တာပါ။