အဆင့်အတန်းမရှိသူများတွင် တွေ့ရလေ့ရှိသော အကျင့်စရိုက်များ
အဆင့်အတန်းဆိုတာ လူတစ်ယောက်ရဲ့စိတ်ထားကိုပြောတာဆိုရင် မှားမယ်မထင်ပါဘူးနော်။ မြင့်မြတ်တဲ့စိတ်ထားရှိတဲ့သူက မြင့်မြတ်သူဖြစ်သလို၊ အကြင်နာတရားနဲ့လူတိုင်းကို ပြုမူဆက်ဆံမှာဖြစ်သလို၊ ယုတ်ညံ့တဲ့စိတ်ထားရှိသူကတော့ ယုတ်ညံ့တဲ့အပြုအမူနဲ့ပဲဆက်ဆံမှာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ရဲ့ဘဝအခြေအနေဘယ်လိုဖြစ်နေပါစေ လူသားတစ်ယောက်အဖြစ် သတ်မှတ်ဆက်ဆံတတ်ခြင်းဟာ ထိုလူရဲ့အဆင့်အတန်းပါပဲ။ တနည်းအားဖြင့် အမှိုက်ကောက်တဲ့လူတစ်ယောက်ဟာလည်း လူပါပဲ၊ လမ်းဘေးဈေးရောင်းတဲ့လူဟာလည်း လူသားပါပဲ။ လူတစ်ယောက်ရဲ့အဆင့်အတန်းဟာ ကိုယ့်ထက်မြင့်မားတဲ့လူတစ်ယောက်ကို ဆက်ဆံတာက အထူးအထွေမသိသာပေမယ့် ကိုယ့်ထက်နိမ့်ကျတဲ့လူတစ်ယောက်ကို ဆက်ဆံတဲ့အခါ သိသာလာစေပါတယ်။ အဲဒါကြောင့် အဆင့်အတန်းမရှိသူတွေရဲ့အကျင့်စရိုက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
သင့်ရဲ့စိတ်ဓာတ်တက်ကြွမှုကို ဖျက်ဆီးပစ်သောအကျင့်များ
သင့်မှာ motivate မဖြစ်သလိုခံစားနေရသလား။ သင့်စိတ်ထဲမှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘူးဖြစ်နေတယ်ဆိုရင် ဘာကြောင့်လဲလို့တွေးမိရဲ့လား။ တခါတလေ စိတ်ဓာတ်တက်ကြွမှုတွေပျောက်ဆုံးပြီး ဘာမှမလုပ်ချင်လောက်အောင်ဖြစ်ခဲ့တဲ့အချိန်တွေရှိမှာပါ။ အဲဒါဆိုရင်တော့ အောက်ပါအကြောင်းပြချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဆီးသီးစားခြင်းရဲ့ကောင်းကျိုးများ
နွေရာသီရောက်လာပြီဆိုရင် ဆီးသီးပေါလာပြီဖြစ်ပါတယ်။ ဆီးသီးမှာ ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ အစာခြေစနစ်ကောင်းမွန်ခြင်း၊ အိပ်ပျော်စေခြင်း၊ စတဲ့အကျိုးကျေးဇူးတွေအပြင် အခြားသောအကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။
အခုကာလဟာ တစ်ကမ္ဘာလုံးကလူတွေအခက်ခဲဆုံး၊ အကြပ်အတည်းဆုံး၊ ကျန်းမာရေးအဆိုးဝါးဆုံး ကာလလို့ပြောရမယ်ထင်ပါတယ်နော်။ ကမ္ဘာနဲ့ချီပြီးတောင် ဖြစ်တဲ့ ကပ်ရောဂါဆိုးကြီးကြောင့် မြန်မာပြည်မှာရှိတဲ့လူတိုင်းလိုလိုဟာလည်း နေ့စဉ် စိတ်ဆင်းရဲပြီး သံသယစိတ်၊ ကြောက်လန့်တကြား ထိတ်လန့်နေကြရတဲ့နေ့များပါပဲ။ အချို့တွေကတော့ စားဝတ်နေရေးအတွက်ကို မပူမပင်နဲ့ အိမ်ကနေ အလုပ်လုပ်ခွင့်ရကြပေမယ့် အချို့တွေကလည်း သမုဒ္ဒရာဝမ်းတထွာအတွက် အပြင်ကိုမဖြစ်မနေထွက်ပြီး သွားလာနေရတုန်းပါပဲ။
မရင့်ကျက်တဲ့လူတစ်ယောက်ရဲ့ အကျင့်စရိုက်များ
ပြဿနာတစ်ခုခုကြုံလာတဲ့အခါမျိုး၊ ဖြေရှင်းတဲ့အခါမျိုးမှာ ရင့်ကျက်မှုမရှိဘူးလို့ပြောတာမျိုးကို ကြားဖူးပါလိမ့်မယ်နော်။ မရင့်ကျက်တဲ့လူ ….၊ ရင့်ကျက်တဲ့လူအဖြစ် ဘယ်လိုသတ်မှတ်ကြပါသလဲ။ မရင့်ကျက်တဲ့လူတစ်ယောက်ရဲ့အကျင့်စရိုက်တွေကို အကြမ်းဖြင်းဖော်ပြပေးလိုက်ပါတယ်။
ဘဝကို ရဲရဲဝင့်ဝင့်ရင်ဆိုင်နိုင်ဖို့ အကောင်းဆုံးကောက်နုတ်ချက်များ
ဘဝကို ရဲရဲဝင့်ဝင့်ရင်ဆိုင်နိုင်ဖို့ အကောင်းဆုံးကောက်နုတ်ချက်များ #motivatequotes #BAWA101
ပျားလိမ္မော်စားခြင်းရဲ့ကောင်းကျိုးများ
ပျားလိမ္မော်ကို Mandarin orange လို့ခေါ်ပါတယ်။ အာဟာရဓာတ်တွေအများကြီးပါဝင်ပြီး ဗီတာမင်တွေလည်း အပြည့်အဝပါဝင်ပါတယ်။ ကင်ဆာ၊ တုတ်ကွေးနဲ့ အခြားသောရောဂါတော်တော်များများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပျားလိမ္မော်စားခြင်းရဲ့ ကောင်းခြင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဘဝမှာ ဘယ်တော့မှ ဖုံးကွယ်မထားနိုင်တဲ့အရာ ၃ မျိုး
ဘဝမှာ ဘယ်တော့မှ ဖုံးကွယ်ထားလို့မရတဲ့ အရာတွေရှိပါတယ်။ အဲဒီ့အရာတွေက ဘယ်တော့မှ သင့်ကိုသင် ဟန်ကိုယ်ဖို့ပုံစံနဲ့ဘယ်လောက်ဟန်ဆောင်ပါစေ တစ်ချိန်မဟုတ် တစ်ချိန်တော့ မူရင်းပေါ်လာတတ်တာမျိုးပါပဲ။ အဲဒါက ဘာတွေဖြစ်မလဲဖတ်ကြည့်လိုက်ပါအုံးနော်။
မဖြစ်မနေရုံးသွားရမယ်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ
ခုချိန်မှာ မဖြစ်မနေရုံးတက်နေတဲ့သူတွေလည်းရှိနေအုံးမှာပါ။ ကူးစက်လွယ်တဲ့ COVID – 19 ကို ကြောက်လန့်ပေမယ့် စားဝတ်နေရေးအရ မဖြစ်မနေရုံးသွားရမယ်ဆိုရင် ဆောင်ရန်ရှောင်ရန်တွေကိုဖော်ပြပေးလိုက်ပါတယ်။
သင့်ဘဝမှာ ကြုံလာသမျှ အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ တည်ဆောက်သင့်သော စိတ်ထားများ
ဘဝမှာ အမြဲတမ်း မှန်ကင်းတလှည့်ထင်းတစ်လှည့်ဆိုသလိုမျိုး ကောင်းတလှည့်ဆိုးတလှည့်တော့ကြုံရမှာချည်းပါပဲ။ အကောင်းတွေချည်းဖြစ်လာဖို့မျှော်လင့်လို့မရသလို အဆိုးတွေချည်းလည်းကြုံရမှာမဟုတ်ပါဘူး။ အကောင်းချည်းကြုံနေလို့လည်း အဆိုးအတွက်ကြိုတင်ပြင်ဆင်မှုမရှိလို့လည်း မဖြစ်ပြန်ပါဘူး။ အဲဒါကြောင့် ဘဝမှာ ကြုံလာသမျှ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားသင့်တဲ့စိတ်ထားတွေကို ဖော်ပြပေးလိုက်ပါတယ်။