ခေါင်းစဥ်အားလုံး

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

သင့်ကိုယ်သင်နေ့တိုင်း ပြန်ပြောသင့်သောစကားများ

သင့်ကိုယ်သင်နေ့တိုင်းပြန်ပြောသင့်တယ်ဆိုတာက သင့်ကိုသင်အမြဲသတိပေးနေဖို့ပါ။ သင့်ကိုယ်သင်အမြဲသတိပေးနေသင့်တယ်ဆိုကတည်းက သင့်ဘဝပိုပြီးကောင်းမွန်လာဖို့ပေါ့။ တခါတလေမှာ ကျွန်တော်တို့တွေက အမြဲတမ်း စားဝတ်နေရေး ရုန်းကန်မှုတွေကြားမှာ ရှင်သန်နေရင်းနဲ့ ရေစုန်မြောသလိုဖြစ်သွားတတ်ကြလို့ ကိုယ့်ဟာကိုယ်ဘာအတွက်ရှင်သန်နေမှန်းတောင်မသိတော့လောက်အောင် ဖြစ်တတ်ကြပါတယ်။ အဲဒါကြောင့် ဒီစကားလေးတွေကို မှတ်ထားပြီး သင့်ကိုသင် မနက်ခင်းတိုင်းမှာဖြစ်ဖြစ်၊ စိတ်ညစ်တိုင်းမှာဖြစ်ဖြစ်၊ မှန်ကြည့်ရင်းဖြစ်ဖြစ် ပြန်ပြောကြည့်ပါ။ သင်သတိပြန်ဝင်သလို၊ သင့်ကို တစ်ယောက်ယောက်ကလာသတိပေးလိုက်သလို သင်ခံစားရပါလိမ့်မယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ငွေကြောင့်အလုပ်လုပ်တာလား ? အလုပ်လုပ်ဖို့အတွက် ငွေရှာတာလား ?

လူတိုင်း စားဝတ်နေရေးအတွက် အလုပ်တစ်ခုတော့ လုပ်ကြရပါတယ်။ ဒါပေမယ့် ငွေကြောင့်အလုပ်လုပ်နေတာလား၊ အလုပ်လုပ်ဖို့အတွက် ငွေရှာနေတာလားရယ်လို့တော့ တော်တန်ရုံမတွေးမိတတ်ကြပါဘူး။ ဒီမေးခွန်းမျိုးက ဆင်သယောင်ယောင်ရှိနေပေမယ့်တကယ့်အဓိပါ္ပယ်ချင်းကတော့ မတူပါဘူး။ အချိန်နှောင်းမှ နောင်တရစေတာကတော့ ငွေကြောင့်အလုပ်လုပ်ခြင်းပါပဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကိုယ့်ကိုအနိုင်ကျင့်နေတယ်လို့ခံစားရတဲ့ပတ်ဝန်းကျင်မှာဘယ်လိုနေထိုင်မလဲ။

ကိုယ့်ကို အသုံးမကျတဲ့လူတစ်ယောက်လိုဆက်ဆံတဲ့ပတ်ဝန်းကျင်မျိုး၊ ကိုယ့်ကိုဘာမှမစွမ်းမစမရှိတဲ့လူတစ်ယောက်လို၊ ကိုယ့်မှာရှိထားတဲ့အစွမ်းအစကို အသိအမှတ်မပြုဘဲ သူတို့သာတတ်၊ သူတို့သာသိဆိုတဲ့ပုံစံမျိုးချိုးတတ်တဲ့ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်ရဖူးပါသလား။ ကိုယ်လုပ်နေသမျှအရာတိုင်းကို respect မရှိဘဲ appreciate လည်းမရှိတဲ့လူမျိုးတွေကြားမှာ ရောက်နေတယ်ဆိုရင် ဘယ်လိုနေထိုင်မလဲဆိုတာလေး ဖော်ပြပေးချင်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အချိန်နှောင်းမှ နောင်တရတတ်တဲ့သင်ခန်းစာ ၇မျိုး

လူ့ဘဝမှာ အချိန်နှောင်းမှ နောင်တရတာထက်စာရင် အချိန်မလွန်ခင် ကြိုင်တင်ပြင်ဆင်ထားနိုင်တာပိုကောင်းပါတယ်။ အချိန်နှောင်းမှ နောင်တရတတ်တဲ့သင်ခန်းစာအချို့ရှိပါတယ်။ ကြိုသိထားတဲ့အခါ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ကိုးကားစာများ

ပိုကျန်းမာစေဖို့ သင်နေ့တိုင်းလုပ်နိုင်တဲ့ အရာလေးများ

ကျန်းမာဖို့အတွက် တကူးတကလုပ်ယူတာထက် သင့်ရဲ့နေ့စဉ်လုပ်ရှားမှုတွေထဲကနေမှပဲ လုပ်ယူသွားလို့ရပါတယ်။ နေ့တိုင်းသင်လုပ်နိုင်တဲ့အရာလေးတွေကပဲ သင့်အတွက် ကျန်းမာစေတဲ့အရာလေးတွေရှိပါတယ်။ အဲဒါတွေကတော့….

ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အားနည်းချက်ကြောင့်သာ ပိုသန်မာလာပါစေ။

ကိုယ့်မှာ အားနည်းချက်တစ်ခုရှိလေလေ ထိုအားနည်းချက်ထက်များတဲ့ အားသာချက်ရှိအောင် ပိုကြိုးစားရပါတယ်။ ဒီနေရာမှာ စိတ်ဓာတ်ပျော့ညံ့တဲ့သူနဲ့ စိတ်ဓာတ်ခိုင်မာတဲ့သူချင်းက အားနည်းချက်ကို မြင်ပုံချင်းမတူကြပါဘူး။ စိတ်ဓာတ်ပျော့ညံ့သူကတော့ အားနည်းချက်ကိုသာ မြင်နေပြီး ဘာဆက်လုပ်လို့ရသလဲ ဆိုတာကို မမြင်တတ်ပါဘူး။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

သင်စိတ်ညစ်တိုင်း ပြန်သတိရသင့်တဲ့ အရာ ၅မျိုး

သင့်ဘဝမှာ သင်ဘယ်တော့မှ မမေ့သင့်တဲ့အရာတွေရှိပါတယ်။ အဲဒီ့အရာတွေကို မမေ့ခိုင်းတာဆိုတာထက် သိမ်းထားပြီး အားပြတ်ချိန်တိုင်းပြန်ထုတ်ကြည့်သင့်တဲ့အရာတွေ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် remind လုပ်သင့်တဲ့အရာတွေပေါ့။ အဲဒီ့အခါ သင်ပြန်ပြီး ခွန်အားဖြစ်လာစေဖို့ပါ။ သင့်ကို ရှေ့ပိုရောက်အောင် သွားချင်စိတ်ဖြစ်လာအောင် တွန်းအားပေးတဲ့အရာတွေပါ။ အဲဒါတွေကို ပြန်စဉ်းစားမိရင် သင့်စိတ်အနည်ထိုင်သွားစေပါလိမ့်မယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ငွေထက်အချိန်ကိုပိုပြီးတန်ဖိုးထားတဲ့သူတွေက ဘာကြောင့်ပိုပျော်ရွှင်ရသလဲ။

ငွေနဲ့ အချိန်ဘယ်အရာက ပိုတန်ဖိုးရှိသလဲဆိုတဲ့ဆောင်းပါးမှာဖော်ပြခဲ့ဖူးသလိုပါပဲ။ ငွေပေါသူဟာ အချိန်ပေါသူရဲ့အချိန်ကိုဝယ်၊ လုပ်အားကိုဝယ်လို့ရသလိုပါပဲ ငွေကြေးချို့တဲ့သူဟာလည်း ကိုယ့်ရဲ့အရည်အချင်းပိုတော်ထက်လာအောင်ကြိုးစားရင်းအချိန်ကိုအကျိုးရှိရှိအသုံးချရင်း ငွေပိုရှာနိုင်ပါတယ်။ ဒါပေမယ့် ငွေကိုအရမ်းထည့်တွက်သူအတွက်တော့ နေရာတိုင်းမှာ ငွေမှငွေဖြစ်နေတဲ့အခါ ငွေနောက်ကိုလိုက်ရင်းနဲ့ ငွေက ကိုယ့်ကိုပြန်အသုံးချသွားတာမျိုးဖြစ်လာနိုင်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

လူတိုင်းကို သင့်ရဲ့အစစ်အမှန်ကိုသာ ချပြခြင်းဟာ သင့်ထံကိုလည်း အစစ်အမှန်တွေသာ ရောက်လာစေပါတယ်။

ဒီစကားကို သေချာစဉ်းစားကြည့်မယ်ဆိုရင် အင်မတန်အဓိပါ္ပယ်ရှိပါတယ်။ တနည်းအားဖြင့် သင့်ရဲ့ဖြစ်တည်မှုကို အရိုးသားဆုံးပြသခြင်းဟာ သင့်ကိုတကယ်လက်ခံနိုင်တဲ့လူတွေသာ သင့်အနားမှာရှိလာစေပါတယ်။ ဒီအကြောင်းအရာဟာ အိမ်ထောင်ရေးမှာရော၊ လူမှုဆက်ဆံရေးမှာရော အရမ်းကို ထည့်စဉ်းစားသင့်တဲ့အရာဖြစ်ပါတယ်။ လူတစ်ယောက်ကို အထင်ကြီးစေချင်တာနဲ့ပဲ သင့်မှာတကယ်မရှိတာတွေကို ဟန်ဆောင်ပန်ဆောင် ချပြလိုက်ခြင်းဖြင့် တဒင်္ဂတော့ အထင်ကြီးပြီး သင့်ကိုပတ်သက်ချင်ပတ်သက်ပါလိမ့်မယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

လိုင်ချီးသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

လိုင်ချီးသီးက အသီးငယ်လေးတွေဖြစ်ပြီး ချိုမြိန်တဲ့အရသာနဲ့ ရနံ့ရှိပါတယ်။ နွေရာသီမှာ ပေါများပြီး အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ အရည်ရွှမ်းပြီး ချိုမြိန်တဲ့အသီးဖြစ်ပါတယ်။ တရုတ်ပြည်မှာ အိမ်သုံးဆေးအဖြစ်လည်းသုံးကြပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။