ဘဝလျှောက်လှမ်းမှုတိုင်းမှာ သင်မမေ့သင့်တဲ့အရာ (၅) မျိုး
ဘဝဆိုတာတိုက်ပွဲ….ဆိုပြီးပြောတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဘဝမှာ ကိုယ်နဲ့မတူညီတဲ့လူတွေ၊ ကိုယ့်လိုစိတ်ထားမရှိတဲ့သူတွေ၊ ကိုယ်နဲ့အကျင့်မတူတဲ့သူတွေ၊ ကိုယ့်နဲ့အတွေးအခေါ်မတူတဲ့သူတွေကြောင့် ကိုယ့်ဘဝမှာ မထင်မှတ်ထားတာတွေ၊ အခက်အခဲအကြပ်အတည်းတွေ၊ ပြဿနာတွေဖြစ်လာတတ်တာမို့ ထိုပြဿနာတွေကို ဖြေရှင်းရင်း၊ ကျော်လွှားရင်း၊ အောင်မြင်ဖို့ကြိုးစားရင်းနဲ့သာ အချိန်ကုန်နေရတာမို့ ဘဝဆိုတာ တိုက်ပွဲပါပဲလို့ ပြောတတ်ကြတာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ဘဝတစ်လျှောက်ကို လျှောက်လှမ်းတဲ့အခါမှာ သင်ပြန်ပြီး သတိရသင့်တဲ့အရာတွေရှိပါတယ်။ အဲဒီ့အကြောင်းအရာတွေကို သင်မေ့သွားတဲ့အခါတိုင်းပြန်ပြီး သတိရအောင်တွေးတောသင့်ပါတယ်။ အဲဒီ့လိုတွေးလိုက်တဲ့အခါ သင့်ရဲ့ဘဝခရီးလမ်းမှာလျှောက်လှမ်းဖို့ ပြန်ပြီး စိတ်ခွန်အားပြန်ဖြစ်လာစေမှာပါ။
၁) လူတိုင်းက သင့်လိုမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။ သင့်ပတ်ဝန်းကျင် ၊ သင်ပေါင်းသင်းနေတဲ့လူတွေ၊ သင့်မိတ်ဆွေ၊ နောက်ဆုံး သင့်မိဘ မောင်နှမချင်း ရုပ်ချင်းဆင်ရင်တောင်မှ သင့်စိတ်နဲ့ တစ်ထပ်တည်းဘယ်သူမှ မကျနိုင်ပါဘူး။ တခါတလေ ဘဝမှာ “ဘာလို့ငါ့လိုစိတ်ထားမျိုးမရှိတာလဲ၊ ဘာလို့ငါ့လိုမတွေးကြတာလဲ” ဆိုတဲ့စိတ်ထားမျိုးဖြစ်ပေါ်လာတိုင်း လူတိုင်းက သင့်စိတ်ထားနဲ့တစ်ထပ်တည်းမဖြစ်ဘူးဆိုတာ ပြန်တွေးပါ။ သင်ခံစားနေသလို လူတိုင်းခံစားနေမှာမဟုတ်ဘူး။ သင်ခံယူထားသလို ခံယူချက်ချင်းလည်း တူချင်မှတူနိုင်မှာပါ၊ အဲဒါကြောင့် သင်ကသူတို့အပေါ်ကောင်းတိုင်းလည်း သူတို့နားလည်ချင်မှနားလည်မှာပါ။ သင်ကသူတို့အပေါ်စေတနာထားတိုင်းလည်း သူတို့က စေတနာပြန်ပေးချင်မှပေးမှာပါ။ တစ်ခုပဲ သင်လုပ်နိုင်တာက သင်ကိုယ်တိုင်သာ အကောင်းဆုံးလူသားအဖြစ်ရှင်သန်ပါ။ သင့်ကြောင့် အခြားလူတစ်ယောက်ဘဝကို မထိခိုက်စေရင် ရပါပြီ။
နောက်တစ်ပုံ၂) ကိုယ့်တန်ဖိုးကို နားမလည်သူတွေကို စွန့်ခွာဖို့မမေ့ပါနဲ့။ လမ်းဘေးမှာတွေ့တဲ့ကျောက်စိမ်းတုံးကို သာမန်ကျောက်တုံးသာသာပဲမြင်တဲ့သူက အဲဒီ့ကျောက်စိမ်းတုံးရဲ့တန်ဖိုးကို သိမှာမဟုတ်ပါဘူး။ တန်ဖိုးသိသူနဲ့မှသာ တန်ဖိုးရှိမှာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်တန်ဖိုးကို နားမလည်တဲ့သူတွေနဲ့ ကြုံရတဲ့အခါ စိတ်မညစ်ပါနဲ့။ ဝမ်းမနည်းပါနဲ့။ အဓိကက သင်သာ တကယ်တန်ဖိုးရှိနေပါစေ၊ သင့်တန်ဖိုးကို နားမလည်သူအနားမှာ ရေရှည်နေထိုင်ခြင်းက သင့်တန်ဖိုးကျလာစေတာပဲ အဖတ်တင်ပါလိမ့်မယ်။ အဲဒါကြောင့် အဲဒီလို သင့်တန်ဖိုးကို နားမလည်သူတွေကို သင်ပြတ်သားစွာ စွန့်ခွာခြင်းဟာ သင်လုပ်နိုင်တဲ့အရာပါပဲ။
နောက်တစ်ပုံ၃) ပင်ကိုယ် ပေါ့ပျက်ပျက်စိတ်ထားရှိသူအတွက် လေးနက်ခြင်းနဲ့သင်ပေးလို့မရဘူးဆိုတာမမေ့ပါနဲ့။ ပင်ကိုယ်ပေါ့ပျက်တဲ့စိတ်ထားရှိသူနဲ့ ခဏတဖြုတ်ပျော်စေပျက်စေစိတ်ထားရှိပြီး စနောက်တတ်သူချင်းက အချိန်တစ်ခုအရောက်မှာ သိသာပါတယ်။ ပင်ကိုယ်ပေါ့ပျက်တဲ့စိတ်ထားရှိသူဟာ ဘာအရေးမဆို ဘာကိုမှ တန်ဖိုးမထားအလေးမထား၊ အေးဆေးစွာနေပြီး ဒုက္ခရောက်မှဘုရားတတတ်သလို အခြားသူကိုအကူအညီတောင်းတတ်သူမျိုးပါ။ ခဏတဖြုတ်ရယ်မောပျော်ရွှင်တတ်သူမျိုးကတော့ အပေါင်းအသင်းကြားပျော်ရွှင်အောင်နေတတ်တာကလွဲလို့ ဘဝနဲ့ချီရင်တော့ ခိုင်မာတဲ့ရည်မှန်းချက်မျိုးနဲ့ ကြိုတင်ပြင်ဆင် အစီအစဉ်ဆွဲတတ်သူမျိုးပါပဲ။ ပင်ကိုယ်ပေါ့ပျက်တဲ့စိတ်ထားရှိသူမျိုးကို သင်က တစ်ကြိမ်တစ်ခါကူညီလိုက်ရတာက ပြဿနာမရှိပေမယ့် အခါခါ ပြဿနာကြုံတိုင်းသင်ကူညီတတ်မှန်းသိလို့ သင့်ထံသာအပူလာပေးနေရင်တော့ သင့်မှာအပူထုပ်ပိုက်ထားသလိုဖြစ်နေတော့မှာပါ။ အဲဒီလို ပင်ကိုယ်ပေါ့ပျက်စိတ်ထားရှိသူတွေကို လေးနက်ခြင်းနဲ့ ဘာကိုဘယ်လိုလုပ်ပါလို့ သင်ပေးပြီး အခါခါ ကူညီခြင်းဟာအလကားပါပဲ။ အချိန်ကုန်သလို သင့်အကျိုးစီးပွားပါထိခိုက်စေပါတယ်။ အဲဒီလိုလူတွေကလေးနက်ခြင်းနဲ့မတန်သူတွေဆိုတာ မမေ့ပါနဲ့။
နောက်တစ်ပုံ၄) ကိုယ့်တန်ဖိုးကိုနားလည်သူ၊ လေးစားတန်ဖိုးထားသူမျိုးတွေနဲ့သာ ဝန်းရံဖို့မမေ့ပါနဲ့။ ကိုယ့်တန်ဖိုးနားလည်သူဟာ ကိုယ့်ကိုလည်းလေးစားတန်ဖိုးထားမှာအမှန်ပါပဲ ။ အဲဒီလိုလူတွေနဲ့ နေထိုင်ရခြင်းဟာလည်း ကိုယ့်ကိုယ်ကိုယ်ပိုပြီး အလေးထားခံရတာမို့ ယုံကြည်မှုတိုးသလို၊ ကိုယ့်စိတ်လည်းပျေ်ာရွှင်စေသလို ကိုယ့်ဘဝလည်း ပိုသာယာလာပါတယ်။ အဲဒီလိုလူတွေနဲ့သာ ကိုယ့်ကိုယ်ကိုယ်ဝန်းရံဖို့မမေ့ပါနဲ့။
နောက်တစ်ပုံ၅) ဘဝက တိုတောင်းလွန်းတာမို့ ကိုယ့်ဘဝကို အဓိပါ္ပယ်ပြည့်ဝစွာရှင်သန်ဖို့ မမေ့ပါနဲ့။ ကိုယ့်ဘဝရဲ့အဓိပါ္ပယ်ကဘာလဲဆိုတာ ကိုယ်တိုင်သိဖို့ လိုပါတယ်။ စောစောသိလေ စောစော ဘဝကို ပိုအဓိပ္ပါယ်ရှိအောင် ပုံဖော်နိုင်လေမို့ ကိုယ့်ဘဝအတွက်သာ စဉ်းစားပါ။ ကိုယ့်ကို စိတ်ညစ်ညူးစေတဲ့လူတွေ၊ ဘယ်လောက် ကူညီပါစေ ရလေလိုလေ အိုတစ္ဆေလိုလူမျိုးတွေ(အထူးသဖြင့် ကိုယ့်ဘဝကိုပေါ့ပျက်ပျက်ဖြတ်သန်းနေတဲ့လူတွေ) ကိုယ့်စိတ်နဲ့မတူတဲ့လူတွေ၊ ကိုယ့်တက်လမ်းကို အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေအားလုံးကို ဘဝထဲက ပြတ်သားစွာထုတ်ပစ်ဖို့ ဝန်မလေးပါနဲ့။ ပြတ်သားသင့်တာပြတ်သားပါ။ ဘဝက တကယ်တမ်းတွေးကြည့်ရင် တိုတိုလေးမို့ ကိုယ့်ဘဝကို ကိုယ်တိုင်အဓိပ္ပါယ်ရှိစွာရှင်သန်ဖို့ မမေ့ပါနဲ့။