ကိုဗစ်ကာလအတွင်း အဆုတ်ရောဂါရှိသူများ သတိထားသင့်သောအချက်များ
Covid-19 ကာလအတွင်း အဆုတ်ရောဂါရှိသူများနဲ့အခြားသောရောဂါအခံရှိသူတွေက အထူးသတိထားသင့်ပါတယ်။ အခုဆောင်းပါးမှာတော့ အဆုတ်အားနည်းသူတွေအတွက် သတိထားလုပ်ဆောင်သင့်တဲ့အချက်တွေကို ဖော်ပြသွားမှာြဖစ်ပါတယ်။ ကိုယ်ခံအားကောင်းဖို့လည်းလိုအပ်ပြီး အဆုတ်အားကောင်းစေတဲ့အစားအစာတွေစားပေးဖို့လည်းလိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာတဲ့အဆုတ်ဟာ ရောဂါပိုးကိုခုခံနိုင်စွမ်းပိုပြီးရှိတဲ့အတွက် ရောဂါရဲဥတိုက်ခိုက်မှူဆိုးကျိုးကို အလူးအလဲမခံရတော့ပါဘူး။
ဆွမ်းမွှေးရွက်ရဲ့ကောင်းကျိုးများ
ဆွမ်းမွှေးရွက်က အရှေ့တောင်အာရှမှာ အတွေ့များပါတယ်။ အင်ဒိုနီးရှားနဲ့မလေးရှားမှာလည်း အသုံးပြုကြပါတယ်။ အမွှေးနံ့သာနဲ့ ဆိုးကျိုးမရှိတဲ့ အရောင်အဆင်းအတွက်သုံးကြပါတယ်။ ဒီမှာကတော့ မုန့်လက်ဆောင်းဖတ်အစိမ်းလေးတွေလုပ်ရာမှာလည်းသုံးပါတယ်။
ဘဝမှာနာကျင်မှုတွေကြုံရတဲ့အခါ…….
ဘဝမှာ ယူကြုံးမရဖြစ်ရတဲ့နာကျင်မှုမျိုး ခံစားဖူးကြမှာပါ။ ကိုယ်ချစ်တဲ့သူကြောင့်လည်းနာကျင်ရသလို မချစ်တဲ့သူကြောင့်လည်း နာကျင်ရတာပါပဲ။ ချစ်တဲ့သူအတွက်နာကျင်ရတာပဲဖြစ်ဖြစ် ၊ မချစ်တဲ့လူအတွက် နာကျင်ရတာပဲဖြစ်ဖြစ် ဘယ်လိုနာကျင်မှုမျိုးကိုမဆို ကြာကြာဆုပ်ကိုင်ထားလို့ အဆင်မပြေနိုင်ပါဘူး။ ဘယ်လိုနာကျင်မှုမျိုးကိုမှ လုံးဝအရှင်းပျောက်အောင်မကုစားနိုင်ရင်တောင်မှ တဖြည်းဖြည်းချင်း ကိုယ့်စိတ်ကိုဖြေသာအောင် ကိုယ်ပဲဖြေနိုင်မှာဖြစ်ပါတယ်။ အဲဒီ့အတွက် ဘာတွေလုပ်သင့်သလဲဆိုတာဖတ်ကြည့်လိုက်ပါအုံးနော်။
စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား
ဒုတိယလှိုင်းမှာ ဘဝများအတွက် အကြံပြုချက်များ
Covid-19 ပထမလှိုင်းတုန်းက အကြောက်အလန့်နဲ့ လုပ်ခဲ့သမျှတွေ၊ မှားခဲ့တဲ့အမှားတွေကို သင်ခ န်းစာယူပြီး ဒီဒုတိယလှိုင်းမှာ ပြန်လည်အသုံးချကြရပါမယ်။ မလိုအပ်ဘဲ လုပ်မိတာတွေကို ရှောင်မယ်၊ လိုအပ်ပြီး မလုပ်ဖြစ်တာတွေကို ပိုတိုးပြီးလုပ်နိုင်ဖို့ ကြိုးစားကြပါမယ်နော်။ #BAWA101
သားသားမီးမီးတို့ကိုယ်ခံအားကောင်းစေဖို့.........
ခုလိုအချိန်မျိုးမှာ ကလေးငယ်တွေကို ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်နိုင်စေဖို့က အရေးကြီးပါတယ်။ အဲဒီ့အတွက် ကလေးငယ်တွေရဲ့ နေ့စဥ်နေထိုင်စားသောက်မှူပုံစံကို မိဘက ပြုပြင်ပေးဖို့လိုပါတယ်။ ကလေးငယ်တွေ ကိုယ်ခံအားကောင်းစေဖိုအတွက် အခြေခံအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
သင့်ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်တဲ့ အစာစားခြင်းအလေ့အထများ
သင့်ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေတဲ့ အစာစားခြင်းအလေ့အထတွေကို သတိမထားမိဘဲ လုပ်နေတတ်ကြပါတယ်။ အဲဒီ့အလေ့အကျင့်တွေကို သတိထားပြီး ပြုပြင်နိုင်မယ်ဆိုရင် ကိုယ်ရဲ့ကျန်မာရေးကို တနည်းအားဖြင့် အထောက်အကူပြုမှာဖြစ်ပါတယ်။ သွေးတိုးဆီးချို နှလုံးကဲ့သို့ရောဂါမျိုးက မဖြစ်အောင်နေထိုင်စားသောက်ခြင်းကသာအကောင်းဆုံးပါပဲ။ ဖြစ်လာခဲ့ရင်လည်း အရှင်းပျောက်တဲ့ရောဂါမျိုးမဟုတ်ဘဲ အမြဲ နေထိုင်စားသောက်မှူပုံစံကို သတိထားနေရမှာမို့ မဖြစ်ခင်ကြိုတင်ကျန်းမာရေးနဲ့ညီညွှတ်တဲ့နေထိုင်မှူနည်းလမ်းတွေအတိုင်းနေထိုင်တာအကောင်းဆုံးပါပဲ။ အဲဒါကြောင့်ဘယ်လိုအကျင့်တွေဖြစ်မလဲ၊ သိအောင် ဖတ်ကြည့်လိုက်ပြီး ပြုပြင်ဖို့ကြိုးစားကြည့်ရအောင်ပါ။
ကိုကိုးစေ့ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
ကိုကိုးစေ့ကို လူတိုင်းလိုလိုသိကြမှာပါ။ ကိုကိုးစေ့တွေကို ချောကလက်လုပ်ဖို့အတွက်အသုံးပြုကြပြီး Cocoa Butter အဖြစ်လည်းပြုလုပ်တတ်ကြပါတယ်။ ကိုကိုးမှုန့်အဖြစ်လည်းသုံးကြပါတယ်။ ကိုကိုးစေ့မှာ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ သတ္တုဓာတ်တွေဖြစ်တဲ့ potassium ၊ phosphorus ၊ magnesium ၊ calcium ပါဝင်တဲ့အပြင် ဗီတာမင်ဓာတ်တွေဖြစ်တဲ့ thiamin ၊ riboflavin ၊ niacin ၊ folate နဲ့ vitamin B6 ၊ E ၊ K တို့လည်း ပါဝင်ပါတယ်။ cholesterol လုံးဝမပါဝင်ပါဘူး။
ဒီနေ့ခေတ်မှာက အကုန်လုံးလိုလို ခေတ်ကို အမှီလိုက်ဖို့ ကြိုးစားရုန်းကန်နေရတာချည်းပဲမို့ အလုပ်များကြတဲ့လူတွေချည်းပါပဲ။ အဲဒီ့အခါမှာ မိသားစုကို အချိန်ပေးဖို့ရာ လျစ်လျူရှုထားသလိုဖြစ်လာပါတယ်။ တကယ်တော့ မိသားစုကို အချိန်ပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။ မိသားစုမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်တတ်ခြင်းက အလုပ်ခွင်မှာလည်း အလုပ်ပိုပြီးမြောက်စေဖို့ ၊ စိတ်တက်ကြွဖို့ရာ အထောက်အကူဖြစ်နေစေပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အားလပ်ချိန်အဖြစ် သတ်မှတ်ထားပြီး ထိုအချိန်မှာ မိသားစုကို အချိန်ပြန်ပေးသင့်ပါတယ်။ ပျမ်းမျှအားဖြင့် အချိန်ပေးလို့ရစေမယ့် အခြေအနေအပိုင်းအခြားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ အချိန်အတိအကျမတူနိုင်တာမို့ ကိုယ့်အတွက် အဆင်ပြေစေမယ့် အချိန်မျိုးကို ရွေးပြီး မိသားစုကို အချိန်ပေးဖို့ကြိုးစားကြည့်ပါနော်။
သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကို တိုးစေမယ့် အစားအစာများ
သင့်ရဲ့အာရုံလန်းဆန်းနေခြင်း၊ တက်ကြွနေခြင်းက သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကို တိုးစေမှာဖြစ်ပါတယ်။ အဲဒီလို မှန်ကန်တဲ့ အစားအစာတွေကို စားပေးခြင်းဖြင့် သင့်ရဲ့တစ်နေ့တာ အလုပ်လုပ်နိုင်စွမ်းကို တိုးစေမှာဖြစ်ပါတယ်။
?နှစ်ဆတိုးပြီး ကြိုးစားနိုင်ဖို့ အခုချိန်မှာကျန်းမာရေးဂရုစိုက်ကြပါ?
?နှစ်ဆတိုးပြီး ကြိုးစားနိုင်ဖို့ အခုချိန်မှာကျန်းမာရေးဂရုစိုက်ကြပါ?
ဘောစကိုင်းပင်(အဝေရာပင်) ရဲ့ကျန်းမာရေးကောင်းကျိုးများ
ဘောစကိုင်းရွက်ကို ပြုတ်တို့စားတာမျိုး ၊ အရွက်နုတွေကို သုတ်စားကြတာမျိုး လုပ်ကြပါတယ်။ အခြားနိုင်ငံတွေမှာတော့ အစေ့နဲ့ ပင်စည်အခေါက်တွေကို ဆေးဖော်ရာတွင် အသုံးပြုတတ်ကြပါတယ်။ ဘောစကိုင်းပင်( အဝေရာပင်) ရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေကို ဖော်ပြလိုက်ပါတယ်။
မာလာဖူးလေးတွေကို မိုးရာသီမှာ ပေါပေါများများတွေ့နိုင်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ထမင်းဝိုင်းမှာ တို့စရာအဖြစ်ထည့်စားကြတဲ့ မာလာဖူးမှာ လူသိပ်မသိသေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။ အချို့တွေရဲ့အပြောအရတော့ အပူဓာတ်ခံရှိတဲ့ မာလာဖူးကို မိုးရာသီမှာစားပေးသင့်တယ်လို့ ဆိုကြပါတယ်။ မာလာဖူးကို နနွင်းပွင့်၊ နနွင်းခါးပွင့်ဟုလည်းခေါ်ကြပြီး ဂျင်းအမျိုးအနွယ်ဝင်ဖြစ်တယ်လို့ဆိုကြပါတယ်။ မာလာဖူးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။