သင့်စိတ်ကျန်းမာစေဖို့လုပ်သင့်တဲ့အချက်များ
ဒီကာလမှာအားလုံးဟာအနည်းနဲ့အများ စိတ်ဖိစီးမှုတွေရှိနေကြမှာပါ။ အဲဒါကြောင့် ကိုယ့်စိတ်ဖိစီးမှုကိုလည် ကိုယ်က သတိလေးထားပြီး စောင့်ကြည့်ကာ စိတ်ဖိစီးမှုပြေပျောက်အောင်လုပ်ဆောင်သင့်တာတွေလုပ်ဖို့လိုပါတယ်.။ စိတ်ကျန်းမာနေတဲ့အခါ ကိုယ်ကျန်မာရေကိုလည်း ပိုဂရုစိုက်နိုင်သလို၊ အခြားသော ကဏ္ဏတွေမှာလည်း အဆင်ပြေအောင်ကြိုစားဖို့အထောက်အကူပြနိုင်ပတယ်။ အဲဒါကြောင့်အလွယ်ဆုံးလုပ်နိုင်တဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။
Social Media ကတဆင့် သင့်ရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေသောကိစ္စများ
တကယ်တော့ ကျွန်တော်တို့စွဲစွဲလမ်းလမ်းသုံးနေတဲ့ Social Media ပေါ်မှာ နေ့စဥ်မြင်နေတွေ့နေရတဲ့အရာတွေမှာ တချို့အရာတွေဟာ ကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုးနဲ့ ထိခိုက်စေပါတယ်။ အဲဒီ့အကြောင်းတရားတွေမှာ ဘယ်လိုအကြောင်းတရားတွေပါနေမလဲဆိုတာဖော်ပြထားပါတယ်။ စာဖတ်သူတို့လည်း တွေးမိတဲ့အချက်တွေရှိရင် ကွန်မန့်မှာထပ်ဖြည့်ပေးပါအုံးနော်။
ကလေးကိုစိတ်ဓာတ်ခွန်အားမြင့်တင်ပေးဖို့ ဘာတွေလုပ်ခိုင်းသင့်လဲ။
ကလေးတစ်ယောက်ရဲ့စိတ်ဓာတ်ခိုင်မာမှုကို ငယ်စဥ်ကတည်းက ပြုစုပျိုးထောင်ပေးထားရမှာပါ။ စိတ်ဓာတ်ခိုင်မာတဲ့ကလေးဟာ ဘဝတစ်လျှောက်မှာကြုံရသမျှ အခက်အခဲအနှောင့်အယှက်တွေကို ကြံ့ကြံ့ခံနိုင်မှာဖြစ်ပြီး ကျရှုံးမှုတွေကိုလည်း ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဘဝမှာ မြင့်တလှည့်နိမ့်တလှည့်ကြုံရတဲ့လောကဓံကနေ မိဘက အမြဲကာကွယ်မပေးနိုင်ပါဘူး ။ အဲဒီ့အတွက် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ကလေးရဲ့စိတ်ဓာတ်ကိုပဲ သင်ကြားပြုပြင်ပေးထားမှရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့ခေတ်လိုအပြိုင်အဆိုင်များလာတဲ့ခေတ်မှာလည်း မိဘတွေရဲ့တာဝန်မှာ သားသမီးရဲ့စိတ်ဓာတ်ခွန်အားကို မြင့်တင်ပေးဖို့ တာဝန်ရှိပါတယ်။ အဲဒါမှ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကြံံလာသမျှ ပစ်တိုင်းထောင်လို ကျရာနေရာမှာ လက်မထောင်နိုင်အောင် ကြိုးစားချင်စိတ်ရှိလာမှာပါ။
ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ
Covid ကနေ ရနိုင်တဲ့ ဘဝသင်ခန်းစာများ
Covid ကြောင့် လူတွေစိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေး အမျိုးမျိုးထိခိုက်ရတာမှန်ပေမယ့် ယူတတ်မယ်ဆိုရင် ဘဝအတွက်သင်ခန်းစာတွေအများကြီးရနိုင်ပါတယ်နော်။ တကယ်တော့ ကျွန်တော်တို့တွေဟာ တစ်နေ့တစ်နေ့ ဘဝရှင်သန်ရပ်တည်ဖို့ကိုသာ ရုန်းကန်ကြိုးစားနေကြရာမှာ ဒေါသတွေ၊ မာန်မာနတွေ၊ အတ္တတွေ ၊ အမုန်းတရားတွေလည်း တရိပ်ရိပ် တက်နေကြပါတယ်။ ကိုယ့်ရဲ့မကောင်းသောစိတ်ထားအကျင့်အကြံဟာ ကိုယ့်ကိုသာထိိခုက်စေတာကို မေ့လျော့မိနေတဲ့အခိုက်အတန့်လည်းရှိမှာပါပဲ။
Covid ကာလအတွင်း ဆီးချိုသမားတွေအတွက် ကိုယ်ခံအားကောင်းစေသောအစားအစာများ
အခုလိုကိုဗစ်ကာလအတွင်းမှာ ရောဂါအခံရှိထားသူတွေနဲ့ သက်ကြီးရွယ်အိုကလေးသူငယ်တွေက ပိုပြီးသတိထားနေရပါတယ်။ ကိုယ်ခံအားကောင်းတဲ့လူငယ်တွေက ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်ပြီးတော့ အိမ်မှာရှိနေတဲ့ ကိုယ်ခံအားနည်းသူတွေကို ပိုးကူးစက်ခံရတဲ့အခါမှာ ထိုကိုယ်ခံအားနည်းသူနဲ့ရောဂါပိုးအခံရှိသူတွေက ရောဂါလက္ခဏာပြပြီး ထိခိုက်နိုင်ပါတယ်။ အဲဒါကြောင့် ခုလိုချိန်မှာ ကိုယ်ခံအားကောင်းအောင်ဂရုစိုက်စားသောက်နေထိုင်သင့်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေဟာ ကိုယ်ခံအားအတွက်အထောက်အကူပြုနိုင်တဲ့ အစားအစာတွေစားပေးသင့်ပါတယ်။ ဆီးချိုရောဂါအခံရှိသူတွေအတွက် စားသင့်တဲ့အစားအစာတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
ရင့်ကျက်သူတွေ Facebook သုံးတဲ့အခါ
ရင့်ကျက်လာတဲ့အခါ Facebook ပေါ်မှာမြင်သမျှကို အယုံမလွယ်တတ်တော့ပါဘူး။ အဲဒါအပြင် Facebook ပေါ်ကနေ ပညာယူသင့်တာ၊ သင်ခန်းစာယူသင့်တာနဲ့ ကိုယ့်ဘဝအတွက်လိုအပ်တာလေးတွေကို မှတ်သားသင်ယူတတ်လာပါတယ်။ Facebook ဆိုတာ ကိုယ့်ရဲ့ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ အပျင်းပြေသာအသုံးပြုပြီး Facebook ကအသုံးချတာမခံတော့ပါဘူး။ တချို့တွေကျပြန်တော့ စီးပွားေ၇းအတွက်တဖက်တလမ်းကနေ အသုံးဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုကြတာမျိုးပေါ့။ ရင့်ကျက်လာတဲ့အခါ Facebook သုံးတဲ့အမူအကျင့်တချို့ကပြောင်းလဲသွားပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်တွေလို အကြမ်းဖြင်းအားဖြင့်ပြောင်းလဲသွားကြပါတယ်။ စာဖတ်သူတွေေ၇ာ ဘယ်လိုအတွက် Facebook ကိုအဓိကသုံးဖြစ်သလဲ ပြန်သုံးသပ်ကြည့်လိုက်ပါအုံးနော်။
စိတ်ဒဏ်ရာကင်းပြီး ရွှင်လန်းတက်ကြွတဲ့ကလေးငယ်တွေဖြစ်စေဖို့ လိုအပ်တဲ့အရာများ
ကလေးဘဝရဲ့စိတ်ဒဏ်ရာဟာ လူကြီးဘဝရောက်တဲ့အချိန်ထိ အများကြီး သက်ရောက်နေပါတယ်။ အဲဒါကြောင့် ကလေးဘဝရဲ့စိတ်ခံစားချက်တွေက အရေးကြီးပါတယ်။ ကလေးအတွက် စိတ်ပျော်ရွှင်နေခြင်းက ကလေးရဲ့ တစ်ဘဝလုံး အကောင်းမြင်စိတ်, စိတ်ဓာတ်ကြံ့ခိုင်ခြင်းတွေနဲ့ အချိုးကျနေပါတယ်။ အဲဒီလို စိတ်ဒဏ်ရာကင်းပြီး ရွှင်လန်းတက်ကြွနေတဲ့ကလေးငယ်တွေဖြစ်စေဖို့ လိုအပ်တဲ့အရာများကိုဖော်ပြလိုက်ပါတယ်။
စွမ်းရည် ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ ကိုးကားစာများ
Covid ကာလအတွင်း စားသင့်သော အဆုတ်ကိုကျန်းမာစေတဲ့အစားအစာများ
အသက်ရှုခြင်းကအဆုတ်ထဲကို အောက်ဆီဂျင်ရောက်စေပြီး အဆုတ်ကနေတဆင့် တစ်ကိုယ်လုံးကို အောက်ဆီဂျင်ပိုပေးရတာဖြစ်တဲ့အတွက်ကြောင့် အရေးကြီးပါတယ်။ အဲဒါကြောင့် အစားအစာတွေကိစားသုံးရာမှာလည်း အဆုတ်ကို အကျိုးပြုတဲ့အစားစာမျိုးစားသုံးသင့်ပါတယ်။ အဲဒါအပြင် သင့်အဆုတ်အားကောင်းစေဖို့ အသက်ရှုသွင်း၊ ရှုထုတ်၊ လေ့ကျင့်ခန်းမျိုးလည်းလုပ်ပေးဖို့လိုပါတယ်။ တကူးတကအဆုတ်လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တော့ အစားအသောက်ကို ဂရုစိုက်စားသုံးပေးသင့်ပါတယ်။
တချို့အရာတွေကို မေ့ပစ်ဖို့လိုပါတယ်တဲ့။ မကြာခဏကြားဖူးနေမှာပါ။ မေ့ပစ်ခြင်းဆိုတာက ကိုယ်သတိမရသင့်တဲ့အကြောင်းအရာတွေကို ပြန်မတွေးခြင်းပါပဲ။ ကိုယ်သတိမရသင့်တဲ့အကြောင်းအရာတွေက ပြန်တွေးလိုက်တိုင်း ကိုယ့်ရင်ထဲနာကျင်လာတာ၊ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်လာတာ၊ ဝမ်းနည်းလာတာ၊ အားငယ်လာတာ၊ ချက်တွေဒေါသတွေထွက်လာတာ စတဲ့ခံစားချက်တွေကို ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကို ပြန်မတွေးသင့်ပါဘူး။
ပျော်ရွှင်မှုကို ရှာဖွေတတ်စေဖို့ နေ့တိုင်းလုပ်သင့်တဲ့အကျင့်ကောင်းများ
ပျော်ရွှင်မှုဆိုတာက ကိုယ်တိုင်ဖန်တီးမှရတာပါ။ အခြားသူအပေါ်မူတည်တဲ့ကိစ္စမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွှတ်ပြီး တကယ်တမ်းစိတ်ဖိစီးမှုကိုပြေပျောက်စေတာမှသာ တကယ့်ပျော်ရွှင်မှုဖြစ်ပါတယ်။ စိတ်ချမ်းသာမှုပေါ့။ ကိုယ့်ရဲ့ကျန်းမာရေးကိုမထိခိုက်စေဘဲ စိတ်ဖိစီးမှုကိုလည်းပြေပျောက်စေတဲ့ပျော်ရွှင်မှုမျိုးဖြစ်ဖို့လိုပါတယ်။ အဲဒီ့တကယ့်ပျော်ရဤှင်မှုအစစ်အမှန်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
မနက်စောစောလန်းဆန်းစွာ အိပ်ရာထနိုင်စေမယ့်နည်းလမ်း
မနက်ခင်းမှာ လန်းဆန်းစွာနိုးထနိုင်ခြင်းဟာ အဲဒီ့နေ့တစ်နေ့တာလုံး ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့အတွက် အများကြီးအထောက်အကူပြုပါတယ်နော်။ မနက်ခင်းမှာ ခေါင်းမကြည်ဘဲနုိးထလာမယ်ဆိုရင် အဲဒီ့နေ့ကတော့ အဆင်မပြေခြင်းတွေတန်းစီနေတဲ့နေ့ပါပဲ။ အဲဒါကြောင့် မနက်ခင်းတိုင်း လန်းဆန်းစွာနိုးထလာနိုင်မယ့်နည်းလမ်းလေးတွေ လုပ်ကြည့်လိုက်ပါအုံး။
Face Shield က အမှန်တကယ် ကာကွယ်နိုင်ရဲ့လား။
ခုကာလမှာ Mask Face Shield ကိုပါ အသုံးများပြီး တပ်ဆင်သူများလာကြပါတယ်။ ဒါပေမယ့် အချို့တွေကတော့ Face Shield တစ်မျိုးတည်းကို လုံခြုံတယ်လို့အထင်ရောက်ပြီး ဝတ်ဆင်နေကြတာကိုလည်း တွေ့ရပါတယ်။ Face Shield ကို စနစ်တကျမဝတ်ဆင်ခြင်းက ပိုပြီး အန္တရာယ်များစေပါတယ်။ အဲဒါကြောင့် Face Shield ကို စနစ်တကျဝတ်ဆင်ဖို့ ဖော်ပြလိုက်ရပါတယ်။