ကျန်းမာရေး

ကျန်းမာရေး

ကျန်းမာရေး

အပူလျှပ်အန္တရာယ်

☀️ နွေရာသီနဲ့ အပူလျှပ်တဲ့ အန္တရာယ် 🥵 အပူဒဏ် လွန်ကဲတဲ့အခါ Heat Exhaustion နဲ့ Heat Stroke တွေ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒီနှစ်ခုလုံးကို အပူလျှပ်တယ်လို့ပဲ ခေါ်ကြပေမဲ့ တကယ်တော့ မတူကြပါဘူး။ 👉 Heat Exhaustion ဖြစ်ရင် အချိန်တိုအတွင်း ပြန်သက်သာနိုင်ပေမဲ့ Heat Stroke ဖြစ်ရင်တော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ 🔥 ဒါကြောင့် နွေရာသီမှာ ဖြစ်လေ့ရှိတဲ့ အပူလျှပ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘာလက္ခဏာတွေ တွေ့ရလဲ၊ ဖြစ်ရင် ဘာလုပ်ရမလဲ ဆိုတာတွေကို ဒီနေ့ ဗဟုသုတ မျှဝေပေးလိုက်ပါတယ်။ 🙏 စာဖတ်သူတွေ အားလုံးပဲ အစစ အရာရာ ကျန်းမာရေးကို ဂရုစိုက်ကြပါခင်ဗျာ။ #BAWA101 #HealthTips #HeatExhaustion #HeatStroke

ကျန်းမာရေး

ကျန်းမာရေး

အလုပ်ခွင်မှာ တရေးအိပ်ခြင်းကောင်းကျိုးများ

အလုပ်ခွင်မှာ အလုပ်တွင်ဖို့ အိပ်သင့်ရင်လည်း အိပ်ရမယ်ဗျ၊ နော်။ 😌 ဒါက အကြောင်းမဲ့ ပြောတာ မဟုတ်ပါဘူး။ နေ့လည်နေ့ခင်း 💤 တရေးနှပ်ခြင်းမှာ ကောင်းကျိုးများစွာ ရှိပါတယ်။ ဘာတွေလဲဆိုရင် ...

ကျန်းမာရေး

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

အမြဲမေ့တတ်တဲ့အကျင့်ကိုဘယ်လိုပြင်မလဲ။

အမြဲမေ့တတ်တဲ့အကျင့်ကိုယ့်မှာရှိနေတယ်ဆိုရင် မေ့တတ်ခြင်းကို သက်သာအောင်လုပ်ဖို့ နည်းလမ်းအချို့ပေးချင်ပါတယ်။ အခုခေတ်မှာက လူတိုင်းနီးပါး အလုပ်များ၊ အာရုံများစရာတွေများတာမို့ မေ့တတ်ကြတာမဆန်းပါဘူး။ ဒါပေမယ့် မေ့တတ်တဲ့အကျင့်ကို သက်သာစေဖို့ အလေ့အကျင့်လေးလုပ်ဖို့လိုပါတယ်။ အလေ့အကျင့်မလုပ်ဘဲ မေ့တတ်တာကို လျစ်လျူရှုထားလိုက်မယ်ဆိုရင်တော့ ပိုဆိုးသွားနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်မှာ မကြာခဏမေ့တတ်တဲ့အကျင့်ရှိတယ်ဆိုရင် အောက်ပါအချက်လေးတွေကိုလုပ်ကြည့်လိုက်ပါနော်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သင့်အစာခြေစနစ်ပိုမို ကောင်းမွန်စေရန် လုပ်သင့်တဲ့အရာများ

အစာခြေစနစ်ဆိုတာက လူတစ်ယောက်အတွက် အတော်အရေးပါတဲ့စနစ်တစ်ခုပါပဲ။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့စကားလို သမုဒ္ဒရာဝမ်းတထွာသာရှိပေမယ့် ထိုဝမ်းတထွာလောက်ကို ဂရုမစိုက်မိရင်တော့ သင့်ကိုဒုက္ခလှလှပေးပါလိမ့်မယ်။ အဲဒါကြောင့် ဖြစ်လာမှ ကုတာထက်စာရင် မဖြစ်ခင် ကိုယ့်ရဲ့နေ့စဥ်နေထိုင်မှုပုံစံကိုသာ သတိလေးနဲ့ဆင်ခြင်သွားနိုင်ပါတယ်။ ဘယ်လိုနေထိုင်သင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

မကောင်းတဲ့စိတ်ခံစားချက်တွေ ဝင်လာတဲ့အခါ ပြုလုပ်သင့်တဲ့အချက်များ

မကောင်းတဲ့စိတ်ခံစားချက်တွေက လူတိုင်းမှာ ဝင်လာတတ်ကြပါတယ်။ မကောင်းတဲ့စိတ်ခံစားချက်ကို ဘယ်လိုတုံံပြန်သလဲဆိုတဲ့ပေါ်မူတည်ပြီး ကိုယ့်ရဲ့ဘဝအပေါ်သက်ရောက်တာမို့ ကိုယ့်စိတ်ကိုကိုယ်တိုင်အမြဲမပြတ်ဆန်းစစ်နေဖို့လိုပါတယ်။ ကိုယ့်အတွေးထဲမကောင်းတဲ့စိတ်ခံစားချက်နဲ့ပတ်သက်တဲ့အတွေးတွေဝင်လာရင် ဆက်မတွေးမိအောင်သတိထားပါ။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, လူနေမှုဘဝ, ကိုးကားစာများ

မော်တော်ကားတွေ၊ စက်ရုံ၊အလုပ်ရုံကထွက်တဲ့ မီးခိုးတွေက ပတ်ဝန်းကျင်ကို ဘယ်လောက်ထိဆိုးကျိုးဖြစ်စေသလဲ။

အရင်ခေတ်ဟောင်းတွေတုန်းကဆိုရင် စက်ရုံအလုပ်ရုံတွေလည်းနည်းပါးပြီး အင်ဂျင်တပ်စက်နဲ့ ကားတွေ၊ ဆိုင်ကယ်တွေလည်းနည်းပါးသေးတဲ့အတွက် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးပါသေးတယ်။ အဲဒီ့အတွက်လည်း လေထုသန့်ရှင်းမှုပိုများပြီး ရောဂါအသစ်အဆန်းတွေလည်း မပေါများသေးဘူးလို့ပြောနိုင်ပါတယ်။

ကျန်းမာရေး လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

အမြင်အာရုံအားကောင်းစေမည့်အစားအစာများ

ဒီနေ့ခေတ်မှာ ကွန်ပျူတာလူတိုင်းလိုသုံးနေတာမို့ မျက်လုံးထိခိုက်ခြင်း၊ အာရုံကြောအားနည်းခြင်း စတဲ့ပြဿနာတွေအဖြစ်များလာပါတယ်။ အဲဒီ့အတွက် အစာလည်းဆေး ဆေးလည်းအစားဆိုသလို ပုံမှန်စားသုံးနေကြအစားအစာတွေထဲမှာ အောက်ပါအစားအစာတွေကို ပိုစားပေးခြင်း၊ မပါပါအောင်ထည့်စားပေးခြင်းဖြင့် အမြင်အာရုံကျန်းမာရေးအတွက်အထောက်အကူပြုစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, ကလေးပြုစုပျိုးထောင်ခြင်း, ကိုးကားစာများ

အလုပ်တစ်ဖက်နဲ့မေမေတို့အတွက် ဖြေတွေးရမယ့်အတွေးများ

အလုပ်တစ်ဖက်နဲ့အမေတွေက အခြားသူတွေထက်ကို ပိုပြီးဖိအားများပါတယ်။ ကလေးရဲ့ဝေယျာဝစ္စ ၊ အိမ်မှုကိစ္စတွေအပြင်၊ အလုပ်ကိစ္စနဲ့ဖိအားတွေအားလုံးဆုံတဲ့အခါ အလုပ်တစ်ဖက်နဲ့မေမေတွေဟာ အမြဲဖိအားတွေဒဏ်ကိုခံရလေ့ရှိပါတယ်။ အဲဒီ့အခါ တစ်ဖက်ဖက်ကို တာဝန်မကျေနိုင်တဲ့အခါ ဖိအားတွေခံရတဲ့အပြင် ကိုယ့်တာဝန်မကျေဘူးဆိုတဲ့ အပြစ်မကင်းသလို ခံစားချက်မျိုးကိုလည်း ခံစားရပြန်ပါတယ်။ အဲဒါအပြင် အမျိုးသားတွေဟာ ဖိစီးမှုဒဏ်ကို မခံနိုင်ကြဘဲ သူတို့ရဲ့ဦးနှောက်ထဲမှာကို ဖိစီးမှုတွေကို သိမ်းမထားတတ်ကြတာမို့ ဖိအားရှိလည်း မေ့ပစ်ဖို့လွယ်တတ်ကြတယ်လို့ ဖတ်မှတ်ခဲ့ဖူးပါတယ်။

စွမ်းရည် ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

ခံတွင်းရနံ့သင်းပျံ့စေဖို့ လုပ်သင့်တဲ့အချက်များ

ခံတွင်းအနံ့ဆိုးထွက်ခြင်းဟာ ကိုယ်စားသောက်တဲ့အစားအစာနဲ့လည်းဆိုင်သလို၊ ခံတွင်းသန့်ရှင်းမှုနဲ့လည်းဆိုင်ပါတယ်။ တချို့တွေကျတော့ ခံတွင်းသန့်ရှင်းရေးကို အထူးတလည်ဂရုစိုက်ပေမယ့် အနံ့ဆိုးထွက်နေတုန်းပဲဆိုရင်တော့ ကိုယ့်ရဲ့အစားအစာကို သတိထားပြုပြင်သင့်ပါတယ်။ အောက်ပါအချက်လေးတွေက လုပ်ကြည့်ဖို့လည်းလွယ်ကူတာကြောင့် လုပ်ကြည့်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်နော်။

စွမ်းရည် ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, လူနေမှုဘဝ, ကိုးကားစာများ

အမှိုက်တွေကို ရေမြောင်းထဲပစ်ချခြင်းက ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်သလဲ။

ေရမြောင်းထဲအမှိုက်ပစ်တဲ့အကျင့်က တစ်ယောက်ကနေ အခြားတစ်ယောက်ကို ကူးစက်တတ်တယ်ဆိုရင် ယုံမလား။ ကိုယ့်ရပ်ကွက်ထဲမှာ အဲဒီလိုရေမြောင်းထဲ အမှိုက်ထုပ်ကို အလွယ်တကူပစ်ချတတ်တဲ့သူမျိုးရှိနေရင် “သူတောင်မှ ပစ်ချသေးတာပဲ၊ ငါတို့လည်း ပစ်ချင်လိုက်ရုံပဲ၊ အပင်ပန်းခံပြီးအမှိုက်ကန်သွားမနေနဲ့ တိုက်ပေါ်ကနေ ‌ရေမြောင်းထဲပစ်ချင်လိုက်” ဆိုတဲ့လူတွေ ပိုများလာတတ်ပါတဘ်။ အဲဒီ့ဖြစ်ရပ်ကို ဝိုင်းတားမယ့်လူတွေထက် အဲဒီ့လို တစ်ယောက်လုပ်ဖြစ်ရင် အခြားတစ်ယောက်ကပါအလွယ်တကူလိုက်လုပ်တတ်ကြပါတယ်။ တစ်ယောက်ကစပြီး အားလုံးစည်းကမ်းရှိပါမှ ဖြစ်မှာပါ။ ရေမြောင်းထဲကို အမှိုက်အလွယ်တကူချလိုက်ခြင်းဟာ အင်မတန်လွယ်ကူပေမယ့် အကျိုးဆက်ကတော့ တဖြည်းဖြည်းဆိုးဝါးလာစေပါတယ်။

ကျန်းမာရေး လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ရာသီလာချိန်စားပေးသင့်သောအစားအစာများ

အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ဟာ အရမ်းကို ထူးဆန်းအံ့အားသင့်ဖွယ်ရာတွေနဲ့ ပြည့်နှက်နေပါတယ်။ လူသားတစ်ယောက်ကနေ အခြားလူတစ်ယောက် သန္ဓေတည်ခွင့် ၊ မွေးဖွားခွင့် စတဲ့အရာတွေအားလုံးကို ဖြစ်ပေါ်ခွင့်ပေးထားတာမို့ ရာသီသွေးသံသရာကိုလည်း ခံစားရပြန်ပါတယ်။ အဲဒီ့အချိန်မှာ စိတ်ခံစားချက်ပြောင်းလဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ စတဲ့ဝေဒနာပေါင်းစုံကိုလည်း ခံစားကြရပါတယ်။ အဲဒီ့အချိန်ဟာ ခန္ဓာကိုယ်ထဲက သံဓာတ်ဆုံးရှုံးမှုများစေတဲ့အချိန်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီ့အချိန်မှာစားသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။