သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကို တိုးစေမယ့် အစားအစာများ

သင့်ရဲ့အာရုံလန်းဆန်းနေခြင်း၊ တက်ကြွနေခြင်းက သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကို တိုးစေမှာဖြစ်ပါတယ်။ အဲဒီလို မှန်ကန်တဲ့ အစားအစာတွေကို စားပေးခြင်းဖြင့် သင့်ရဲ့တစ်နေ့တာ အလုပ်လုပ်နိုင်စွမ်းကို တိုးစေမှာဖြစ်ပါတယ်။


၁) ဆော်လမွန်ငါး
အဆီများတဲ့ငါးတွေက သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကိုတိုးစေနိုင်ပါတယ်။ ဆော်လမွန်ငါးမှာ omega-3 fatty acids ပါဝင်မှုကြွယ်ဝပြီး မှတ်ဉာဏ်တိုးစေတဲ့အပြင် စိတ်ဓာတ်ကျခြင်းဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်ပါတယ်။

၂) ဘယ်ရီသီးများ
Antioxidant ကြွယ်ဝသော အစားအစားများက မှတ်ဉာဏ်ကိုတိုးစေပါတယ်။ အင်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်။ အဲဒါကြောင့်မှတ်ဉာဏ်တိုးပြီး အာရုံလန်းဆန်းစေတဲ့အတွက် ဘယ်ရီသီးက သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကိုတိုးစေမှာပါ။

၃) လက်ဖက်စိမ်း
လက်ဖက်စိမ်းက သဘာဝစွမ်းအင်တိုးစေတဲ့အစားအစာတစ်မျိုးပါ။ antioxidants လည်းကြွယ်ဝစွာပါဝင်ပါတယ်။

၄) အနက်ရောင်ချောကလက် (Dark chocolate)
အနက်ရောင်ချောကလက်မှာ magnesium လည်းပါဝင်တာကြောင့် စိတ်ဖိစီးမှုကိုပြေလျော့စေပါတယ်။ စိတ်ဖိစီးမှုကင်းစင်ခြင်းက စွမ်းအင်တိုးဖို့အထောက်အကူဖြစ်စေတာကြောင့် အနက်ရောင်ချောကလက်ကိုစားပေးသင့်ပါတယ်။

၅) အခွံမာသီး
အခွံမာသီးတွေမှာ ပရိုတင်းဓာတ်ပါဝင်ပြီး သဘာဝအဆီဓာတ်ပါဝင်မှုကြောင့် သင့်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ antioxidant တစ်မျိုးဖြစ်တဲ့ vitamin E ပါဝင်ပြီး amino acid လည်းပါဝင်တာကြောင့် မှတ်ဉာဏ်နဲ့ ဦးနှောက်အာရုံကြောလုပ်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်။ ဗံဒါစေ့နဲ့ သစ်ကြားစေ့တွေက ဦးနှောက်အာရုံကြောအတွက် ကောင်းမွန်စေပါတယ်။

၆) ထောပတ်သီး
အဓိက အလုပ်လုပ်နိုင်စွမ်းတိုးစေတဲ့အကြောင်းရင်းက နှလုံး နဲ့ဦးနှောက်ကိုသွေးစီးဆင်းမှုကောင်းမွန်စေခြင်းကြောင့်ပါပဲ။ ထောပတ်သီးက နှလုံးနဲ့ဦးနှောက်ကို အထောက်အကူပြုစေတဲ့သဘာဝအစားအစာဖြစ်ပါတယ်။ ဦးနှောက်ထဲကဆဲလ်တွေကို လှုံ့ဆော်ပေးနိုင်ပြီး အခြားသော ကျန်းမာရေးအတွက် အထောက်အကူပြုစေတဲ့အဆီဓာတ်တွေကြောင့်လည်း သင့်ရဲ့အာရုံစူးစိုက်မှုအားလုံးကို ကောင်းမွန်စေပါတယ်။

၇) ငှက်ပျောသီး
သင့်ခန္ဓာကိုယ်ထဲက ကလူးကိုစ့်က သင့်ရဲ့စွမ်းအင်ကိုတိုးစေတာပါပဲ။ ငှက်ပျောသီးက စွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရင်းမြစ်ဖြစ်ပါတယ်။ ငှက်ပျောသီးတစ်လုံးမှာ တစ်နေ့တာအတွက် သင့်ခန္ဓာကိုယ်ကလိုအပ်တဲ့ကလူးကိုစ့်တွေရစေပါတယ်။ အာရုံစူးစိုက်မှုပိုကောင်းစေပါတယ်။

၈) ဥအမျိုးမျိုး
မနက်စာက တစ်နေ့တာလုံးအတွက်လိုအပ်တဲ့အစားအစာဖြစ်ပါတယ်။ ဥအမျိုးမျိုးစားပေးခြင်းက သင့်ရဲ့မှတ်ဉာဏ်တိုးစေပြီး အလုပ်လုပ်နိုင်ဖို့ စွမ်းအင်တိုးစေပါတယ်။ choline လို့ခေါ်တဲ့ ဗီတာမင်ဘီအုပ်စုဝင်လည်းပါဝင်တာကြောင့် ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်ပါတယ် ။

၉) ဆန်လုံးညို
ဆန်လုံးညိုမှာ Magnesium ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ဖိစီးမှုကိုသက်သာစေပြီး အလုပ်လုပ်နိုင်စွမ်းကို တိုးစေပါတယ်။ သင့်ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေကိုလည်း ရစေပါတယ်။

အထက်ပါ အစားအစာတွေကိုစားပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်မှာစွမ်းအင်တိုးစေပြီး အာရုံစူးစိုက်မှုတိုးစေခြင်းနဲ့ တက်ကြွနေစေပါတယ်။ အလုပ်ခွင်မှာ အလုပ်လုပ်နေရင်းနဲ့ အဆာပြေ snack ပုံစံမျိုးလည်း စားပေးခြင်းဖြင့် သင့်ကို တက်ကြွစေပြီး အလုပ်ခွင်မှာ အလုပ်လုပ်နိုင်စွမ်းတိုးစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။