အားလပ်ရက်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို self care လုပ်ကြမလဲ။

အခုလို အချိန်မှာ လူတိုင်းစိတ်ဖိစီးမှုအနည်းနဲ့အများတော့ ဖြစ်နေကြမှာပါ။ အဲဒါကြောင့် ကိုယ့်ရဲ့စိတ်ဖိစီးမှုပြေပျောက်ဖို့အတွက် ကိုယ့်စိတ်ကို ယ်တိုင်နားလည်ပြီး ဆင်ခြင်တတ်ဖို့လိုပါတယ်။ အဲဒါမှ စိတ်ဖိစီးမှုလျော့ချနိုင်မှာဖြစ်ပြီး ဖြစ်လာသ မျှကို အကောင်းဆုံး၇င်ဆိုင်နိုင်မှာပါ။ အဲဒါကြောင့် ဒီကာလမှာ ကိုယ့်ကိုယ်ကိုယ်ပိုပြီး ဂရုတစိုက်ရှိသင့်ပါတယ်။ စိုးရိမ်ပူပန်နေမယ့်အစား ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်တာအကောင်းဆုံးပါပဲ။ စိတ်ဖိစီးမှုအတွက် ငွေမကုန်ဘဲ စိတ်ဖိစီးမှုပြေလျော့စေတဲ့ အကောင်းဆုံးနည်းလမ်းတွေက‌တော့ အောက်ပါအတိုင်းပါပဲ။


၁) အိပ်‌‌ရေးဝဝ အိပ်မယ်၊
စိတ်ညစ်လို့ မအိပ်ပျော်ရင် ပိုလို့ ကိုယ်ခံအားနည်းစေမှာပါ။ အဲဒါကြောင့် အိပ်‌ရေးဝဝအိပ်ပျော်ဖို့အရေးကြီးပါတယ်။ ကိုယ်ခံအားကောင်းဖို့ တနည်းအားဖြင့်အထောက်အကူပြုနေတာပေါ့။

၂) ကိုယ်လက်သန့်စင်ပြီးရေချိုးမယ်၊
ကိုယ်လက်သန့်စင်ပြီး ရေချိုးပစ်လိုက်ခြင်းက ပေါ့ပါးလန်းဆန်းစေမှာပါ။ စိတ်ရှုပ်နေရင်တောင် စိတ်ကိုပေါ့ပါးနေစေမှာမို့ စိတ်ဖိစီးမှုဖြစ်လာရင် ရေချိုးသန့်စင်လိုက်တာအကောင်းဆုံးပါပဲ။

၃) အကြိုက်ဆုံးသီချင်းဖွင့်ထားပြီး အိမ်သန့်ရှင်းရေးလုပ်မယ်၊
အိမ်ကိုသန်ံရှင်းလိုက်တာက မျက်လုံးထဲရှုပ်ပွနေတာတွေ ရှင်းသလိုထင်စေတာမို့ စိတ်ထဲအပြောင်းအလဲလေးဖြစ်စေပါတယ်။ ကိုယ်ကြိုက်တဲ့သီချင်း ကိုယ်ဖွင့်ထားလိုက်တဲ့အခါ ပိုပြီး ပြည့်စုံသွားတာပေါ့။ စိတ်ဖိစီးမှုလည်း သက်သာစေနိုင်ပါတယ်။

၄) ကိုယ်နှစ်သက်ရာ သေချာပြင်ဆင်ချက်ပြုတ်စားသောက်မယ်။
ကိုယ်ကြိုက်တာကိုယ်ချက်ပြုတ်စားသောက်ရင်း အားရှိအောင်နေခြင်းက ဒီကာလမှာ သင့်အတွက် ကိုယ်ခံအားတိုးစေနည်းတစ်မျိုးပါပဲနော်။ အဲဒါကြောင့် စိုး၇ိမ်ပူပန်မှုတွေလျော့ အတတ်နိုင်ဆုံးအားရှိအောင် စားချင်တာလေး ချက်ပြုတ်စားသောက်ပါ။

၅) ကော်ဖီတစ်ခွက်သောက်ရင်း စာဖတ်မယ်။ ရုပ်ရှင်ကြည့်မယ်။
စိတ်အရမ်း ထွေလာတဲ့အခါ တရားထိုင်တာမျိုး၊ ယောဂ ကျင့်တာမျိုး၊ လုပ်ကြည့်ပါ။ နောက်တနည်းကတော့ ကော်ဖီပူပူလေးတစ်ခွက်ဖြစ်ဖြစ်၊ ရေ‌နွေးကြမ်းတစ်ခွက်ဖြစ်ဖြစ် ၊ သောက်ရင်း စာအုပ်တစ်အုပ်လောက် စိတ်နှစ်ပြီးဖတ်ကြည့်ပါ။ ဒါမှမဟုတ် ရုပ်ရှင်ကောင်းကောင်းလေး တစ်ကားလောက် အားလုံးမေ့ထားပြီး ထိုင်ကြည့်နေလိုက်ပါနော်။

အားလုံးပဲ အထက်ပါနည်းလမ်းလေးတွေ သုံးရင်းအခုလို လူတိုင်းကိုယ်စီ စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ အဆင်ပြေစွာ စိတ်ဖိစီးမှုပြေလျော့နိုင်အောင်ကြိုးစားနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။