ကိုဗစ်ကာလအတွင်း အဆုတ်ရောဂါရှိသူများ သတိထားသင့်သောအချက်များ

Covid-19 ကာလအတွင်း အဆုတ်ရောဂါရှိသူများနဲ့အခြားသောရောဂါအခံရှိသူတွေက အထူးသတိထားသင့်ပါတယ်။ အခုဆောင်းပါးမှာတော့ အဆုတ်အားနည်းသူတွေအတွက် သတိထားလုပ်ဆောင်သင့်တဲ့အချက်တွေကို ဖော်ပြသွားမှာြဖစ်ပါတယ်။ ကိုယ်ခံအားကောင်းဖို့လည်းလိုအပ်ပြီး အဆုတ်အားကောင်းစေတဲ့အစားအစာတွေစားပေးဖို့လည်းလိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာတဲ့အဆုတ်ဟာ ရောဂါပိုးကိုခုခံနိုင်စွမ်းပိုပြီးရှိတဲ့အတွက် ရောဂါရဲဥတိုက်ခိုက်မှူဆိုးကျိုးကို အလူးအလဲမခံရတော့ပါဘူး။


၁) ရေဓာတ်ပြည့်၀ပါစေ
သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်နေခြင်းက သင့်အဆုတ်ကိုချွဲတွေရှင်းစေပါတယ်။ သင့်ခန္ဓာကိုယ်အလေးချိန်ရဲ့ တစ်၀က်ခန့် သောက်ပေးသင့်တယ်လို့ဆိုပါတယ်။ ဥပမာ ပေါင်ချိန် ၁၅၀ရှိတဲ့အမျိုးသမီးဟာ ရေ ၇၅ပေါင်ခန့်သောက်သင့်ပါတယ်။ (တစ်ရက်ကို ‌ရေ ၉ခွက်ခန့်)

၂) အဆုတ်အားကောင်းစေတဲ့အစားအစာတွေစားပေးပါ
အဆုတ်အားကောင်းစေတဲ့အစားအစာဖြစ်တဲ့ အသီးအရွက်၊ အသီးအနှံ၊ နဲ့ ကိုယ်ခံအားကောင်းစေတဲ့ အစားအစာတွေ၊ အိုမီဂါသရီးကြွယ်၀တာတွေစားပေးသင့်ပါတယ်။ ပန်းပွင့်စိမ်း၊ လိမ္မော်သီး၊ ဖရုံသီး၊ ကြက်သွန် ၊ အစေ့အဆံ ၊ ပန်းသီး စတဲ့အသီးအနှံတွေပေါ့။ အဆုတ်အားကောင်းတဲ့အစားအစာတွေက သင့်အသက်ရှူလမ်းကြောင်းရောင်ရမ်းတာကို လျော့ကျစေပါတယ်။

၃) လေ့ကျင့်ခန်းလုပ်ပါ
အသက်ရှူလေ့ကျင့်ခန်းမျိုးလုပ်ပေးခြင်းက သင့်သွေးလည်ပတ်မှူအားကောင်းစေပြီး သွေးထဲကတဆင့် အောက်ဆီဂျင် ရစေပြီး သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ ရောက်ဖို့လွယ်ကူစေပါတယ်။

၄) ဆေးလိပ်လျော့သောက်ပါ/ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းက သင့်ရဲ့အဆုတ်ကို ပိုဆိုး၀ါးစေနိုင်တာမို့ အဆုတ်အားနည်းတဲ့သူတွေအနေနဲ့ ဆေးလိပ်ဖြတ်တာမျိုး ဆေးလိပ်လျော့သောက်တာမျိုးလုပ်သင့်ပါတယ်။

၅) အိမ်တွင်း သန့် ရှင်းရေးအလေးထားပါ
အိမ်တွင်းမှာ သန့်ရှင်းရေးကိုပို အလေးထားသင့်ပါတယ်။ခုချိန်က ပြင်ပက ရောဂါပိုးမွှားတွေအိမ်ထဲပါလာတာမျိုးမဖြစ်နိုင်အောင် အိမ်တွင်းသန့်ရှင်းရေးကို ဂရုစိူက်ပါ။ ပိုးသတ်ဆေးဖြန်းတာမျိုး တစ်နေ့ ၂ ခါ ခန့် ဖုန်ရှင်းတာ၊ အိမ်တွင်းသန့်ရှင်းအောင် လုပ်သင့်ပါတယ်။

၆) အာခံတွင်းသန့် ရှင်းရေးဂရုစိုက်ပါ
အဆုတ်ကျန်းမာရေးအတွက် အာခံတွင်းသန့်ရှင်းရေးကလည်း အရေးကြီးပါတယ်။ အာခံတွင်းထဲမှာ ရောဂါပိုးမွှားတွေကိန်းအောင်းနေခြင်းက သင့်ရဲ့အသက်ရှူလမ်းကြောင်းကနေတဆင့် အဆုတ်ထိ ၀င်ရောက်နိုင်ပါတယ်။ အဲဒါကြောင့် အာခံတွင်းကို ရေ‌နွေးနဲ့ပလုတ်ကျင်းပေးတာမျိုး ၊ ဆားရည်ငုံပေးတာမျိုးလည်းလုပ်ပေးနိုင်ပါတယ်။

၇) Social Distancing လုပ်ပါ
အဓိကကတော့ ဒီကာလမှာ လူစုလူ‌ဝေးအတတ်နိုင်ဆုံးရှောင်ကျဥ်တာကောင်းပါတယ်။ အိမ်ထဲက ကိစ္စမရှိရင် အပြင်မထွက်တာပိုကောင်းပါတယ်။ အဆုတ်အားနည်းသူတွေဆို ရောဂါကူးစက်ဖို့ ပိုလွယ်ကူနိုင်တာမို့ အတတ်နိုင်ဆုံး Social Distancing လုပ်ပါ။ မတတ်သာလို့အပြင်ထွက်ရမယ်ဆိုရင် mask/ face shield ၂ခုလုံးတပ်ပါ။ handgel ဆောင်သွားပါ။ လက်ကိုစနစ်တကျဆေးကြောပါ။ လူများတဲ့နေရာကို ရှောင်ပြီး လူပါးတဲ့နေရာရွေးပါ။ အနည်းဆုံး ၆ပေလောက်ခြားပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။