သားသားမီးမီးတို့ကိုယ်ခံအားကောင်းစေဖို့.........

ခုလိုအချိန်မျိုးမှာ ကလေးငယ်တွေကို ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်နိုင်စေဖို့က အရေးကြီးပါတယ်။ အဲဒီ့အတွက် ကလေးငယ်တွေရဲ့ နေ့စဥ်နေထိုင်စားသောက်မှူပုံစံကို မိဘက ပြုပြင်ပေးဖို့လိုပါတယ်။ ကလေးငယ်တွေ ကိုယ်ခံအားကောင်းစေဖိုအတွက် အခြေခံအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) အသီးအနှံ့နဲ့ ဟင်းသီးဟင်းရွက်များများစားပါစေ။
မုန်လာဥနီ၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ပဲအမျိုးမျိုး စတာတွေမှာ carotenoids ပါ၀င်တာကြောင့် ကိုယ်ခံအားတိုးစေပါတယ်။ စုံလင်အောင်စားပေးခြင်းဖြင့် အာဟာရဓာတ်ပိုပြီး ပြည့်၀စေပါတယ်။ ငါး၊ အသာအမျိုးမျိုး၊ ဥ၊ အစေ့အဆံ၊ ဟင်းသီဟင်းရွက် အစုံစားပါစေ။

၂) အိပ်ရေး၀၀အိပ်ပါစေ။
အိပ်ရေး၀၀ အိပ်စက်ခြင်းက ကလေးတွေရဲ့ကိုယ်ခံအားကို အထောက်အကူပြုပါတယ်။ ညဘက်စောစော အိပ်ရာ၀င်ခြင်း နဲ့ အိပ်ရေး၀၀အိပ်စက်ခြင်းကြောင့် ကလေးရဲ့ ကိုယ်ခံအားကောင်းနိုင်တာကြောင့်တော်တန်ရုံ ကူးစက်ရောဂါလောက်ကို ခံနိုင်ရည်ရှိသွားပါတယ်။

၃) ရေများများသောက်ပါစေ။
ရေသောက်နည်းခြင်းက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို မဖယ်ရှားပေးနိုင်ဘဲ စုပုံလာနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝခြင်းက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ဖယ်ရှားဖို့ရာ ကူညီနိုင်ပြီး သွေးလည်ပတ်မှူအားကောင်းစေတာကြောင့် ရေဓာတ်ပြည့်၀ဖို့လည်းလိုပါတယ်။

၄) တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရစိုက်ပါစေ။
လက်မကြာခဏဆေးဖို့ စနစ်တကျဆေးဖို့သင်ပေးပါ။ လူအများစုကိုင်တွယ်တတ်တဲ့အသုံးအဆောင်တွေကိုင်ပြီးတိုင်းလက်ဆေးခိုင်းတာမျိုး အကျင့်လုပ်ပေးပါ။ ကလေးသန့်ရှင်းနေမှ ရောဂါပိုးတွေ မကပ်ညှိနိုင်မှာဖြစ်ပါတယ်နော်။ အဲဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအရေးကြီးကြောင်း သင်ပြပေးပါ။

၅) ကိုယ်လက်လှူပ်ရှားမှူလုပ်ပါစေ။
ဒီနေ့ခေတ်မှာက ကိုယ်လက်လှုပ်ရှားမှူက မရှိသလောက်နည်းလာပါတယ်။ ကွန်ပျုတာ၊ ဖုန်းတွေနဲ့အချိန်ကုန်တာများတာကြောင့် ကိုယ်လက်လှူပ်ရှားမှူမရှိဘဲမဖြစ်စေပါနဲ့။ အဲဒါကြောင့် အိမ်မှူကိစ္စတွေ ဝိုင်းကူခိုင်းတာမျိုး ၊ လေ့ကျင့်ခန်းကို ကိုယ့်အိမ်တွင်းမိသားစုအချင်းချင်းအတူလုပ်ကြတာမျိုးလုပ်ပေးပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။