တစ်ကိုယ်တည်းအချိန်ဖြုန်းခြင်းရဲ့ကောင်းကျိုး(၆)ချက်

တစ်‌ယောက်တည်းအချိန်ဖြုန်းရတာ မကောင်းဘူးလို့ထင်တတ်ကြပါတယ်။ တကယ်တော့ တစ်ကိုယ်တည်းအချိန်ဖြုန်းခြင်းက လူများပြီးပွဲမစည်တာထက်စာရင် ကောင်းကျိုးတွေအများကြီးရပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ကို စိတ်သွားတိုင်းကိုယ်ပါနိုင်သလို ကိုယ့်အတွက် အကျိုးရှိတာတွေအများကြီးလုပ်နိုင်ပါတယ်။ တစ်ကိုယ်တည်းအချိန်ဖြုန်း ခြင်းရဲ့ကောင်းကျိုးတွေကတော့.....


၁)စိတ်ကြည်လင်စေခြင်း
စိတ်ကြည်လင်စေခြင်းဆိုတာ တစ်ကိုယ်တည်းရှိနေတဲ့အခါ လူအများကြားထဲ စိတ်ရှူပ်ရတာမျိုးမဖြစ်စေပါဘူး။ ကိုယ့်အတွေးနဲ့ကိုယ် တွေးချင်ရာတွေးနိုင်သလို အာရုံနောက်သက်သာပါတယ်။

၂) ဖန်တီးနိုင်စွမ်းတိုးစေခြင်း
ကိုယ်၀ါသနာပါရာကို ဖန်တီးနိုင်တဲ့အပြင် တစ်ယောက်တည်း ဖန်တီးနိုင်ပြီး အသစ်တွေအများကြီးဖန်တီးနိုင်ပါတယ်။ ဇာထိုးပန်းထိုထိုးလုပ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ကဗျာရေးခြင်း၊ စာရေးခြင်း စတဲ့စိတ်ကူးဥာဏ်ကွန့်မြူးဖို့ရာအချိန်ကောင်းပါပဲ။

၃) ကိုဘ့်ဘဝအတွက် ပိုအရေးကြီးတဲ့ကိစ္စတွေကို အလေးထားတတ်လာခြင်း
အများနဲ့့ဆို အချိန်ဘယ်လိုကုန်မှန်းသိလိုက်မှာမဟုတ်ပါဘူး၊ တစ်ယောက်တည်းကျတော့ ကိုယ့်အတွက်လုပ်သင့်တာဘာလဲဆိုတာမျိုးကို တွေးလာမိစေပါတယ်။ အဲဒီ့အခါ ကိုယ့်အတွက် လုပ်သင့်တာလုပ်ဖို့လည်း တွန်းအားပေးပြီး လုပ်ဖြစ်လာပါတယ်။

၄) အာရုံစူးစိုက်မှူ ပိုပြီး ကောင်းစေခြင်း
တစ်‌ယောက်တည်းမို့ ပိုပြီးအာရုံစိုက်နိုင်ပါတယ်။ ကိုယ်လုပ်စရာရှိတာတွေကို ပိုတိုးလုပ်နိုင်ပါတယ်။ အာရုံနောက်စရာမျိုး ၊ ဆူညံနေတာမျိုးမရှိတာမို့ ပိုကောင်းပါသေးတယ်။ လူများလေ တစ်ယောက်တစ်‌ပေါက်နဲ့မို့ ပိုအာရုံနောက်ရမှာပါ။

၅) ကိုယ့်ကိုယ်ကိုယ် ပိုပြီးအားကိုးတတ်လာခြင်း
တစ်ယ်ောက်တည်းဖြစ်နေတာနဲ့ တပြိုင်တည်း ကိုယ်လုပ်မှ ကိုယ်ရမှာမို့ ကိုယ့်ဟာကိုယ်လုပ်ယူရတာတွေချည်းပါပဲ။ အဲဒီ့အတွက် ကိုယ့်အားကိုယ်ကိုးတတ်လာစေပါတယ်။

၆) ကိုယ့်စိတ်ကို ပိုနားလည်လာနိုင်ခြင်း
ကိုယ့်တစ်ယောက်တည်း အတွေးနယ်ချဲ့တဲ့အခါ ကိုယ့်ကိုယ်ပြန်သုံးသပ်ဖို့ အချိန်ပိုရစေပါတယ်။ ကိုယ့်ကိုယ်ပြန်သုံးသပ်မိလာတဲ့အခါ ကိုယ့်စိတ်ထဲ ထည့်သင့်တာ ၊ မထည့်သင့်တာ ခွဲခြားနားလည်လာပြီး ကိုယ့်စိတ်ရဲ့ စကားတွေကို ပြန်နားထောင်တတ်လာပါတယ်။ ဥပမာ၊ ဒီလူတွေနဲ့ပတ်သက်ရတာ ကိုယ်စိတ်ပင်ပန်းနေသလား၊ စိတ်ပျော်ရွှင်ရသလား၊ ကိုယ့်အပေါ် ဘယ်လိုအခြေအနေမျိုးတွေက သက်တောင့်သက်သာဖြစ်စေပြီး ဘယ်လိုအခြအနေတွေဆို အဆင်မပြေဘူးလဲဆိုတာ နားလည်လာတဲ့အခါ ကိုယ့်စိတ်ချမ်းသာမှူကို ပိုပြီး အလေးထားဂရုပြုနိုင်လာစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။