ဘဝမှာနာကျင်မှုတွေကြုံရတဲ့အခါ…….
ဘဝမှာ ယူကြုံးမရဖြစ်ရတဲ့နာကျင်မှုမျိုး ခံစားဖူးကြမှာပါ။ ကိုယ်ချစ်တဲ့သူကြောင့်လည်းနာကျင်ရသလို မချစ်တဲ့သူကြောင့်လည်း နာကျင်ရတာပါပဲ။ ချစ်တဲ့သူအတွက်နာကျင်ရတာပဲဖြစ်ဖြစ် ၊ မချစ်တဲ့လူအတွက် နာကျင်ရတာပဲဖြစ်ဖြစ် ဘယ်လိုနာကျင်မှုမျိုးကိုမဆို ကြာကြာဆုပ်ကိုင်ထားလို့ အဆင်မပြေနိုင်ပါဘူး။ ဘယ်လိုနာကျင်မှုမျိုးကိုမှ လုံးဝအရှင်းပျောက်အောင်မကုစားနိုင်ရင်တောင်မှ တဖြည်းဖြည်းချင်း ကိုယ့်စိတ်ကိုဖြေသာအောင် ကိုယ်ပဲဖြေနိုင်မှာဖြစ်ပါတယ်။ အဲဒီ့အတွက် ဘာတွေလုပ်သင့်သလဲဆိုတာဖတ်ကြည့်လိုက်ပါအုံးနော်။
၁) နာကျင်မှူကိုခံစားပါ။ ဟန်မဆောင်ပါနဲ့။ နာကျင်မှု့ကို ဟန်ဆောင်နေပြီး မြိုသိပ်ထားတာက ပိုဆိုးဝါးစေပါတယ်။ တငွေ့ငွေ့နဲ့ ရင်ထဲပူလောင်နေတာမျိုးက အဆုံးမသတ်နိုင်အောင်ဖြစ်နိုင်ပါတယ်။ အဲဒီ့အတွက် ကိုယ့်ဟာ လူသားတစ်ယောက်သာဖြစ်ပြီးခံစားချက်ရှိတဲ့သူမို့ ခံစားချက်ကို ဖွင့်ထုတ်ပြမှသာ ရင်ထဲပေါ့သွားမှာဖြစ်ပါတယ်။ ရင်ထဲလေးပင်နေပြီး ဘာကိုမှ မလုပ်နိုင်မယ့်အစား ရင်ထဲပေါ့သွားပြီး လုပ်စရာရှိတာကို ရဲရဲဆက်လုပ်နိုင်ပြီး ဘဝကိုရှေ့ဆက်နိုင်တာပိုကောင်းပါတယ်။ အဲဒီ့အတွက် ခံစားချက်တွေကို မြိုသိပ်မထားပါနဲ့နော်။
နောက်တစ်ပုံ၂) အနိုင်ကျင့်တတ်သူကို ဝေးဝေးရှောင်နိုင်အောင်ကြိုးစားပါ။ ကိုယ့်ကို စိတ်နာကျင်မှုဖြစ်အောင် အနိုင်ကျင့်တတ်သူ၊ စိတ်ပိုင်းဆိုင်ရာအရ နာကျင်စေတဲ့သူမျိုးတွေကို အတတ်နိုင်ဆုံး ခပ်ကင်းကင်းနေတာအကောင်းဆုံးပါပဲ။ မတတ်သာလို့ ပတ်သက်ရရင်တောင် အခြေအနေအရ ဆက်ဆံတာမျိုးပဲနေပါ။ အဲဒါက သင့်ကို နာကျင်မှုအနည်းဆုံးဖြစ်စေမှာပါ။ ကိုယ့်ကို နာကျင်စေမှန်းသိရက်နဲ့ ပတ်သက်မိနေတယ်ဆိုရင်လည်း သင့်စိတ်ကို သင်ပဲနှိပ်စက်နေတာဖြစ်နေပါပြီ။
နောက်တစ်ပုံ၃) ကိုယ့်ကိုယ့်ကိုယ်နှစ်သိမ့်ပါ။ နှစ်သိမ့်တယ်ဆိုတာက အခြားသူက ကိုယ့်ကိုနှစ်သိမ့်တာထက်စာရင် ကိုယ့်စိတ်ထဲကို ကိုယ့်ဟာကိုယ်ဖြေသိမ့်တတ်တာက ပိုထိရောက်ပါတယ်။ ကိုယ့်စိတ်ထဲ နာကျင်နေတာကို ကိုယ်တိုင်ကမဖြေနိုင်ဘူးဆိုရင် ဘေးပတ်ဝန်းကျင်ကဘယ်သူကဘယ်လောက်နှစ့်သိမ့်ပါစေအလကားပါပဲ။ အဲဒါကြောင့် ကိုယ်အားသာတဲ့အချက်လေးတွေ၊ ကိုယ်ကံကောင်းနေတာလေးတွေ၊ ကိုယ်လုပ်နိုင်ခဲ့တာလေးတွေ ထည့်တွေးပြီး ကိုယ့်စိတ်ကိုဖြေသိမ့်ပါ။ ကိုယ့်ကိုချစ်တဲ့သူတွေအတွက် ဘာဆက်လုပ်နိုင်မလဲဆိုတာ ထည့်တွေးကြည့်ပါ။
နောက်တစ်ပုံ၄) အခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်အခြားသူတွေနဲ့မနိုှုင်းယှဉ်ပါနဲ့။ ပိုပြီးစိတ်ထဲနာကျင်ရပြီး ပိုဖိစီးမှုဖြစ်စေပါတယ်။ ကိုယ်ရောက်နေတဲ့နေရာကနေ နောက်ထပ်နေရာတစ်ခုကိုသာ ဇွဲရှိရှိနဲ့ ရှေ့ဆက်ကြိုးစားသွားဖို့သာ အရေးကြီးတာပါ။ ကိုယ့်ရဲ့ ဒီနေ့ရလဒ်နဲ့ နောက်နေ့ရလဒ်ကိုသာ ယှဉ်ပါ။ အရည်အချင်းတိုးသထက်တိုးလာအောင်သာကြိုးစားသင့်တာပါ။ အခြားသူနဲ့ယှဉ်လိုက်တဲ့အခါ ကိုယ့်ရဲ့အချိန်ကုန်၊ စိတ်ဖိစီးမှုတိုးစေပါတယ်။
နောက်တစ်ပုံ၅) ကြီးမားတဲ့အောမြင်မှူတွေရဖို့အချိန်ယူရတယ်ဆိုတာသတိရပါ။ တခါတလေ ကိုယ့်ကြိုးစားမှုတွေအရာမထင်ပါလား….လို့တွေးမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပါ။ ကိုယ်တကယ်ပဲ ကြိုးစားရဲ့လား။ ယောင်တောင်တောင်နဲ့ ဝေ့လည်ဝေ့လည်လုပ်ရင်း အချိန်ကုန်နေတာလား။ ကိုယ်ကြိုးစားမှုက အစွမ်းကုန်ဟုတ်ရဲ့လား။ ပြန်သုံးသပ်ပါ။ တကယ်လို့ ကိုယ်အစွမ်းကုန်ကြိုးစားရက်နဲ့မဖြစ်လာသေးတာသည် အချိန်မကျသေးလို့ပါ။ အမြဲကြိုးစားနေဖို့သာ လိုပါတယ်။ အခွင့်အလမ်းကောင်းရလာတဲ့အခါ သင့်ရဲ့ကြိုးစားထားမှုတွေက အလကားမဖြစ်တော့ပါဘူး။
နောက်တစ်ပုံ၆) ကိုယ့်ကိုယ့်ကိုယ်ချစ်ခင်ကြင်နာပါ။ ဂရုစိုက်ပါ။ ဘဝရဲ့နာကျင်မှုတွေနဲ့ကြုံရတဲ့အခါတိုင်းမှာ ကိုယ့်ရဲ့စိတ်ဖိစီးမှုများနေတတ်တဲ့အတွက် ကိုယ်ကျန်းမာရေးကိုလည်း ဂရုမစိုက်နိုင်ပါဘူး။ အဲဒါကြောင့် အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ်ပိုပြီးချစ်ခင်ကြင်နာပေးပါ။ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့်အရာတွေ၊ ပိုပြီး ဖိစီးစေမယ့်အရာတွေကို ရှောင်လိုက်ပါ။ ကိုယ့်စိတ်တည်ငြိမ်စေမယ့်အရာတွေ၊ ယောဂ ကျင့်ခြင်း၊ တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အပင်စိုက်ခြင်း စတဲ့အရာတွေအပြင် ကိုယ်ဝါသနာပါရာလေးတွေလည်းလုပ်ပေးပါ။
နောက်တစ်ပုံ၇) အခြားလူတွေသင့်ကို ဘယ်လိုတွေးမလဲဆိုတာမေ့ပစ်ပါ။ သင့်ကြောင့် သင်နဲ့အခြားလူတွေကို ထိခိုက်အောင်မလုပ်မိထားဘူးဆိုရင် အခြားလူတွေသင့်ကိုဘယ်လိုတွေးမလဲဆိုတာ လိုက်တွေးပြီးခံစားမနေပါနဲ့။ အချိန်ကုန်သလို၊ အာရုံလည်းနောက်ပါတယ်။ အဲဒါကြောင့် သင်လုပ်သမျှ အခြားလူတွေနဲ့သင့်ကိုယ်သင်မထိခိုက်စေဘူးဆိုရင် လိပ်ပြာသန့်စွာ နေလိုက်ပါ။ စိတ်ထဲစနိုးစနှောင့်ခံစားနေစရာမလိုပါဘူး။
နောက်တစ်ပုံ၈) ကိုယ်လက်လှူပ်ရှားမှူလုပ်ဖို့အချိန်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းက အခြားအာရုံတွေကို မေ့စေပါတယ်။ ကိုယ့်ကျန်းမာရေးလည်း ကောင်းစေပါတယ်။ အဲဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုကို အချိန်သတ်မှတ်ထားပြီး လုပ်သင့်ပါတယ်။ ကိုယ့်အာရုံတွေက အာရုံစိုက်စရာမရှိရင် အဆိုးတွေအပေါ်သာ အာရုံရောက်နေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်အာရုံကို အလုပ်ပေးတဲ့အနေနဲ့ တန်းစီပြီး တစ်မျိုးမဟုတ်တစ်မျိုးလုပ်နေလိုက်ပါ။
နောက်တစ်ပုံ၉) သင်ထင်ထားတာထက် သင်ပိုသန်မာတယ်ဆိုတာ မမေ့ပါနဲ့။ တကယ်တော့ အစွမ်းကုန်ဆိုတဲ့စကားကို မပြောခင် တကယ်အစွမ်းကုန်ကြိုးစားကြည့်သင့်ပါတယ်။ တခါတလေမှာ ကိုယ်ထင်ထားတာထက်ကို ကိုယ်တိုင်က ပိုပြီးအစွမ်းအစရှိနေတတ်ပါတယ်။ ဘုရင့်နောင်ဖောင်ဖျက်ဆိုသလို နောက်ဆုတ်စရာဘာမှမရှိတော့ဘူးဆိုတဲ့အခြေအနေကို ကြုံလာမှသာ အစွမ်းကုန် ကြိုးစားရင်း ကိုယ့်မှာ ဒီထက်ပိုပြီး လုပ်ဆောင်နိုင်ကြောင်း ပိုသိနိုင်ပါတယ်။ အဲဒီလို အကြပ်အတည်းအခြေအနေမျိုးမကြုံရရင် ကြိုးစားအားထုတ်မှုမလုပ်မိတော့ပါဘူး။ အဲဒီ့အခါ ကိုယ့်မှာ ရှိတဲ့အစွမ်းအစတွေကိုလည်း မသိနိုင်တော့ပါဘူး။ အဲဒါကြောင့် တခါတလေ အခက်အခဲတွေနဲ့ နာကျင်မှုတွေဟာ ကိုယ့်ရဲ့ ပိုသာတဲ့အရည်အချင်းတွေဖြစ်လာဖို့တွန်းအားလို့ သဘောထားလိုက်ပါ။ သင့်မှာ သင်မသိသေးတဲ့စွမ်းရည်တွေ ရှိနိုင်ပါသေးတယ်။