ခေါင်းစဥ်အားလုံး

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ပျဉ်းတော်သိမ်ရွက်ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ပျဉ်းတော်သိမ်ရွက်ကို Kadhi Patta လို့လည်း ခေါ်ပြီး ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ရွက်တစ်မျိုးလည်းဖြစ်ပြီး သင့်နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး သင့်ဆံသားနဲ့ အရေပြားအတွက်လည်း ကောင်းမွန်စေပါတယ်။ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေအများကြီးရရှိစေနိုင်တဲ့ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ကော့ပါး၊ သတ္တုဓာတ်၊ ကယ်လဆီယမ်နဲ့ ဖော့စဖောရတ်တွေပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ မဂ္ဂနီဆီယမ်နဲ့ သံဓာတ်လည်ပါဝင်ပါတယ်။ ဗီတာမင်နဲ့ အမိုင်နိအက်ဆစ်တွေလည်းပါဝင်ပါတယ်။ အရွက်ကို အခြောက်လှမ်းတာပဲဖြစ်ဖြစ်၊ ကြော်ထာပဲဖြစ်ဖြစ်၊ ဟင်းထဲထည့်ခတ်တာပဲဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

သင့်ရဲ့ပန်းတိုင်ကို ရောက်ဖို့အတွက် သင်လိုအပ်တဲ့စွမ်းရည် ၅မျိုး

ကျွန်တော်တို့ကိုယ်စီမှာ သတ်မှတ်ထားတဲ့ပန်းတိုင်တွေရှိကြမှာပါ။ လူတိုင်းကလည်း ကိုယ်ဖြစ်ချင်တာလေးတွေ ကိုယ်စီကြိုးစားရင်းရုန်းကန်နေရတာချည်းပါပဲ။ တခါတရံမှာတော့ ကျွန်တော်တို့ရဲ့ပန်းတိုင်ကို လက်လျှော့ချင်စိတ်ဖြစ်ပေါ်လာတာမျိုးဖြစ်တတ်ပါတယ်။ အရာအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ်လုပ်နိုင်တာကို အာရုံထားဖို့တော့လိုပါတယ်။ အောင်မြင်တဲ့သူတွေက အရာအားလုံးကိုလုပ်ဆောင်နိုင်တဲ့သူတွေမဟုတ်ကြပါဘူး။ ဒါပေမယ့် သူတို့လုပ်နိုင်တဲ့အရာတွေကိုတော့ သေချာနားလည်ပြီး သေချာအာရုံစိုက် မလျှော့သောဇွဲနဲ့ကြိုးစားကြတဲ့သူတွေဖြစ်ပါတယ်။ အဲဒါအပြင် အောင်မြင်တဲ့သူတွေရဲ့ soft skills လို့ပြောလို့ရတဲ့ စွမ်းရည်တွေလည်း ရှိပါသေးတယ်။ အောင်မြင်မှုလမ်းကြောင်းကို ရောက်အောင်လျှောက်လှမ်းနေတဲ့အခါမှာ အဲဒီ့စွမ်းရည်တွေလည်း အသုံးဝင်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

စွန့်လွှတ်သင့်တာကို စွန့်လွှတ်လိုက်ခြင်းရဲ့ကောင်းကျိုးများ

စွန့်လွှတ်သင့်တာကို မစွန့်လွှတ်နိုင်ခြင်းက မပြတ်သားခြင်းပါပဲ။ တကယ်တော့ လောကမှာ နေပျော်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် ပြတ်သားသင့်တာပြတ်သားဖို့လိုပါတယ်။ စွန့်လွှတ်သင့်တာစွန့်လွှတ်ဖို့လိုပါတယ်။ ပြတ်သားတတ်တဲ့လူတွေက ဘဝမှာပိုပြီးနေပျော်ကြတယ်ဆိုရင် မယုံချင်စရာမရှိပါဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ ပြတ်သားတတ်တဲ့သူတွေမှာ သူတို့ကို စိတ်ရှုပ်စေတဲ့အကြောင်းအရာတွေကို ပြတ်သားစွာ ရှင်းလင်းစေတတ်တဲ့အကျင့်ရှိလို့ပါပဲ။ အဲဒီလိုပါပဲ သူတို့အတွက် မကောင်းတဲ့ပတ်ဝန်းကျင်ဆိုရင်လည်း ချက်ချင်းဖယ်ခွာလိုက်ဖို့ ဝန်မလေးပါဘူး။ သူတို့ကို အန္တရာယ်ဖြစ်စေတဲ့အပေါင်းအသင်းမျိုးဆိုရင်လည်း ချက်ချင်း ပြတ်သားစွာ ရှောင်ကျဉ်ဖို့ ဝန်လေးမှာမဟုတ်ပါဘူး။ အဓိကကတော့ သူ့အပေါ်ထိခိုက်စေနိုင်သူမှန်သမျှကို ရှောင်ဖယ်ခြင်း၊ ဘဝထဲက ဖယ်ထုတ်လိုက်ခြင်းက ကိုယ့်ကိုကိုယ်လေးစားမှုရှိခြင်းဆိုတာကို သူတို့က သူများထက်ပိုသိသူတွေပဲဖြစ်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကိုယ့်ကိုကိုယ်ပိုချစ်ဖို့ကြိုးစားပါ။

လူတိုင်းမှာ အတ္တတော့ရှိတတ်ကြတာချည်းပါပဲ။ အတ္တအနည်းနဲ့ အများသာ ကွာသွားတာဖြစ်ပါတယ်။ ကိုယ့်ရဲ့အတ္တကြောင့် တဖက်သားကို ထိခိုက်တဲ့အထိဖြစ်သွားတယ်ဆိုရင်တော့ မကောင်းပါဘူး။ အခြားသူရဲ့အတ္တကြောင့် ကိုယ်က ခံလိုက်ရတယ်ဆိုရင်လည်း မကောင်းပြန်ပါဘူး။ ကိုယ့်ရဲ့အတ္တကို လျှော့ချထားတဲ့အခါမှာလည်း အတ္တကြီးတဲ့လူမျိုးနဲ့တွေ့ရတဲ့အခါ ကိုယ်ကခံရတဲ့သူဖြစ်သွားတတ်ပြန်ပါတယ်။ ကိုယ်က အတ္တကြီးတာပဲ ကောင်းပါတယ်လေ….လို့ တွေးပြီး အတ္တကြီးပြန်ရင်လည်း ကိုယ်တစ်ယောက်ကောင်းစားမှာသေချာပေမယ့် ပတ်ဝန်းကျင်အတွက်မကောင်းနိုင်ပါဘူး

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

သင့်ကိုယ်သင် ဖန်တီးနိုင်စွမ်းကင်းမဲ့နေတယ်လို့ ထင်တဲ့အခါ လုပ်ကြည့်သင့်တဲ့အချက်များ

န်တီးနိုင်စွမ်းက ကျွန်တော်တို့ကို စိတ်ဓာတ်တက်ကြွမှုရှိစေဖို့ ကူညီနိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းကြောင့် ရည်မှန်းချက်နဲ့ ဦးတည်ချက်တွေဖြစ်လာနိုင်ပါတယ်။ သေချာတဲ့ပန်းတိုင်တွေစီမံနိုင်လာပြီး အိပ်မက်တွေလည်း အတည်တကျဖြစ်ပေါ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖန်တီးနိုင်စွမ်းဆိုတာက အတင်းလုပ်ယူလို့မရနိုင်ဘဲ သဘာဝအလျောက်ဖြစ်ပေါ်လာတာမျိုးပါ။ စိတ်ဖိစီးမှုရနေတဲ့အခိုက်အတန့် ဒါမှမဟုတ် စိတ်ခံစားမှုတွေကုန်ခမ်းနေတဲ့အချိန်မျိုးမှာ ဘာကိုဖန်တီးရကောင်းမှန်းမသိဖြစ်နေတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဖန်တီးနိုင်စွမ်းကို ကူညီပေးတဲ့အရာတွေလုပ်ကြည့်ဖို့လိုပါတယ်။ ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးနိုင်တဲ့နည်းလမ်းကို ရှာဖွေခြင်းက ရိုးရှင်းပြီး တဆင့်ခြင်းသွားနိုင်ပါတယ်။ ဘယ်အရာက သင့်ကို ပိုပြီး ဖန်တီးနိုင်စွမ်းဖြစ်စေမလဲဆိုတာ သိဖို့လည်းလိုပါတယ်။ အောက်ကဖော်ပြထားတဲ့ အချက်လေးတွေက အထောက်အကူပြုမယ်ထင်ပါတယ်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

သီတင်းကျွတ်ပိတ်ရက်မှာ အိမ်မှာနေပြီး လုပ်နိုင်တဲ့အရာတွေ

သီတင်းကျွတ်ပိတ်ရက်တွေမှာ သူများတွေလို ခရီးမထွက်နိုင်တဲ့သူတွေ ဘာလုပ်ကြရင်ကောင်းမလဲ။ အားလပ်ရက်လေးရတုန်း အကျိုးရှိရှိအသုံးချကြရင် ပိုကောင်းပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ်လုပ်ချင်ပြီး မအားလပ်တာကြောင့်မလုပ်ဖြစ်ဘဲ ဆိုင်းထားရတဲ့အလုပ်တွေ၊ ပစ်ထားရတဲ့အလုပ်တွေ အထူးသဖြင့် ကိုယ့်စိတ်ကြိုက်အလုပ်တွေ ပြန်လုပ်နိုင်တာပေါ့။ စိတ်ဖိစီးမှုလည်း ပြေပျောက်စေပြီး အကျိုးလည်းရှိမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲနော်။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ခရီးထွက်မယ့်သူတွေကို အားကျရင်း ကိုယ်တော့ ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတဲ့သူတွေအတွက် လုပ်လို့ရတာလေးတွေ အကြံပေးလိုက်ပါတယ်နော်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ကျန်းမာတဲ့စားသောက်မှုပုံစံဖြစ်စေဖို့ အဆင့် ၃ဆင့်

သင်က ဇီဝဗေဒပုံစံဖွဲ့စည်းထားတဲ့နာရီတစ်လုံးနဲ့ဆင်တူပါတယ်။ ပုံမုန်အချိန်နဲ့ အိပ်ရာထရမယ့်အချိန်၊ အိပ်စက်ရမယ့်အချိန်၊ အခြားသော လုပ်ဆောင်ချက်တွေလုပ်ဆောင်ရမယ့်အချိန် စသဖြင့် အချိန်ကိုက်လုပ်ဆောင်နေရပါတယ်။ အစာစားတဲ့အချိန်တန်ရင် အစာစားရပါတယ်။ တိရိစ္ဆာန်တွေနဲ့လူသားတွေကို လေ့လာချက်အရ သင့်ရဲ့ကိုယ်တွင်းက အချက်ပေးနေတဲ့အချိန်အတိုင်း မလုပ်ဆောင်တဲ့အခါ ဝိတ်တက်ခြင်း၊ ဝိတ်ကျခြင်းနဲ့ အခြားသော ရောဂါပေါင်းစုံဖြစ်လာတော့တာပါပဲ။ အဲဒါကြောင့် သင့်ဗိုက်ထဲက ဗိုက်ဆာတယ်လို့အချက်ပြနေပြီဆိုရင် သင်အစာစားသင့်တဲ့အချိန်ရောက်နေပြီလို့သိနိုင်မှာပါ။ သင်မောနေပြီဆိုရင်လည်း သင်အနားယူဖို့အချိန်ရောက်နေပြီလို့ သတိပေးနေတာပါ။ အခုဆောင်းပါးမှာဆွေးနွေးသွားမှာကတော့ သင့်ရဲ့ကိုယ်တွင်းနာရီက အစာစားသင့်ပြီလို့အချက်ပြနေတဲ့အခါမျိုးမှာ ကျန်းမာတဲ့စားသောက်မှုပုံစံဖြစ်အောင် လိုက်နာသင့်တဲ့အဆင့် ၃ဆင့်အကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ သင့်ရဲ့ဝိတ်တက်ခြင်းနဲ့ အစာစားခြင်းက တိုက်ရိုက်ပတ်သက်နေတဲ့အတွက်ကြောင့် စားသောက်ပုံစံမှန်ကန်ဖို့က အရေးကြီးပါတယ်။ အဲဒါကြောင့် အောက်ပါအဆင့် ၃ဆင့်ကို ဖတ်ကြည့်လိုက်ပါနော်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

အောင်မြင်သူတွေ ဘယ်တော့မှ အချိန်မဖြုန်းတတ်တဲ့ အရာ ၈ မျိုး

အချို့လူတွေက သူတို့သတ်မှတ်ထားတဲ့ရည်မှန်းချက်တွေ၊ သူတို့ဘဝမှာ ဖြစ်ချင်တဲ့အရာတွေဖြစ်မလာတဲ့အခါ စိတ်ဖိစီးမှုလွှမ်းမိုးခြင်းကို ခံစားကြရပါတယ်။ ဘာဖြစ်လို့ ကိုယ်မှန်းထားတာတွေ မဖြစ်လာနိုင်တာလဲဆိုတဲ့အချက်ကို သိချင်ကြမှာပါ။ အထူးသဖြင့်တော့ အဖြစ်များတဲ့ကိစ္စတွေရဲ့အဓိက တရားခံက အချိန်အလဟဿဖြုန်းနေမိတာပါပဲ။ စဉ်းစားစရာက လူတိုင်းက တစ်နေ့တာရဲ့အချိန်အတူတူပဲ ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အောင်မြင်သူတွေအောင်မြင်ချိန်မှာ တချို့ ကျန်နေခဲ့ပါသလဲ။ ကျွန်တော်တို့တစ်နေ့တာကုန်ဆုံးနေတဲ့အချိန်တွေကို အောင်မြင်ဖို့အတွက်၊ ပျော်ရွှင်ဖို့အတွက် ကောင်းစွာအသုံးချမချဆိုတဲ့ပေါ်မူတည်ပြီး အခြေအနေတွေမတူညီတော့တာဖြစ်ပါတယ်။ ကိုယ်တိုင်ဘဝကို ကြိုးစားရတဲ့အခါ ဘဝရဲ့စက္ကန့်တိုင်းက ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာသိလာပါလိမ့်မယ်။ သင့်အတွက် အကျိုးရှိတဲ့အချိန်တိုင်း အလကားကုန်ဆုံးသွားမှာ နှမြောတဲ့စိတ်နဲ့ ကြိုးစားတတ်လာတဲ့အခါ သင်ဒီထက်ပိုတိုးတက်လာနိုင်ပါတယ်။ လူတိုင်းက ဘဝမှာအောင်မြင်ချင်ကြပါတယ်။ ကိုယ်ရည်မှန်းထားတာလေးတွေဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် တခါတလေမှာ မသိလိုက်မသိဘာသာနဲ့ အချိန်တွေဖြုန်းတီးနေတတ်ပါတယ်။ အောင်မြင်သူတွေကတော့ အဲဒီလို အလကားဖြုန်းတီးတတ်တဲ့အကျင့်တွေကို သတိထားပြီး ပြုပြင်တတ်ကြပါတယ်။ အဲဒါကြောင့် အောင်မြင်သူတွေ အလကားအချိန်မဖြုန်းတတ်တဲ့အလေ့အကျင့်တွေကိုဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, စိတ်ဓာတ်ခွန်အား

နေ့ရက်တိုင်းမှာ ကိုယ့်ကိုကိုယ်ကတိပေးသင့်သော အရာများ(၂)

ဘဝမှာ စိတ်ညစ်မယ်၊ ဝမ်းနည်းမယ်၊ ပျော်ရွှင်မယ်၊ စိတ်ဓာတ်ကျမယ်၊ စိတ်ဆင်းရဲမယ်၊ ငိုကြွေးမယ်၊ ပျော်ရွှင်မယ်၊ ဝမ်းသာမယ် စသဖြင့် ခံစားချက်ပေါင်းစုံက အလှည့်ကျဖြစ်နေမှာပါ။ ခံစားချက်ပေါင်းစုံ ရရှိခံစားဖို့အတွက်လည်း ဖြစ်ရပ်ပေါင်းစုံ၊ လူပေါင်းစုံနဲ့ ကြုံရဆုံရ၊ ရင်ဆိုင်ရ၊ ဖြေရှင်းရအုံးမှာပါပဲ။ အဲဒီ့အခါမှာ လဲပြိုကျနေတဲ့ ကိုယ့်ရဲ့စိတ်ကို ဘယ်သူကမှ မထူမတ်ပေးနိုင်ပါဘူး။ ကိုယ်တိုင်သာ စိတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ပြန်လည်ထူထောင်ဖို့ကြိုးစားရမှာပါ။ ကိုယ်တိုင်သာ ကိုယ့်ဘဝကို ၊ ကိုယ့်စိတ်ဓာတ်ကို ပြန်လည်မြင့်တင်နိုင်တာဖြစ်ပါတယ်။ အဲဒီလို ပြန်လည်မြင့်တင်ဖို့ လိုအပ်တဲ့အရာကတော့ ကိုယ့်ကိုကိုယ် ကတိပေးဖို့ဖြစ်ပြီး အဲဒီ့ကတိကို တည်အောင်ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။ အဲဒါကြောင့် ဘဝရဲ့နေ့ရက်တိုင်းမှာ ကိုယ့်ကိုကိုယ်ကတိပေးသင့်သော အရာတွေက ဘယ်လိုအရာတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။

စွမ်းရည် ပျော်ရွှင်သောဘဝ စိတ်ဓာတ်ခွန်အား

ကျန်းမာရေး, ကလေးပြုစုပျိုးထောင်ခြင်း, လူနေမှုဘဝ

ဂိမ်းစွဲနေတဲ့ကလေးကို ဘယ်လိုလုပ်သင့်သလဲ။

ဒီနေ့ခေတ်မှာ နည်းပညာတိုးတက်လာတဲ့အတွက် ကောင်းကျိုးတွေအများကြီးရှိသလို နည်းပညာရဲ့ဆိုးကျိုးတွေအများကြီးလည်းရှိလာပါတယ်။ ထိုဆိုးကျိုးတွေထဲမှာ ဖုန်းကို အချိန်တိုင်းအသုံးပြုနိုင်ခြင်းနဲ့ ဖုန်းထဲကနေ application ပေါင်းများစွာထည့်သွင်းအသုံးချနိုင်ပြီး ဂိမ်းစွဲလမ်းခြင်းလည်း တခုအပါအဝင်ပါပဲ။ အထူးသဖြင့် အရမ်းငယ်သေးတဲ့ကလေးတွေနဲ့ ကျောင်းသားလူငယ်လေးတွေ ဂိမ်းစွဲလမ်းခြင်းက ဆိုးကျိုးတွေအများကြီးဖြစ်လာပါတယ်။ အရမ်းငယ်သေးတဲ့ကလေးတွေမှာတော့ ဖုန်းစွဲလမ်းခြင်းက ဦးနှောက်ရဲ့ကြီးထွားမှု၊ ဦးနှောက်လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေပြီး ဉာဏ်ရည်မမီတဲ့အထိဖြစ်နိုင်ပါတယ်။ ကျောင်းသားလူငယ်တွေမှာတော့ ကျောင်းစာကိုစိတ်မဝင်စားခြင်း၊ အခြားသော activities တွေကို စိတ်မဝင်စားခြင်း၊ နေ့မအိပ်ညမအိပ်ဂိမ်းဆော့ခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ဦးနှောက်လုပ်ဆောင်ချက်တွေပျက်ပြားခြင်းထိဖြစ်နိုင်ပါတယ်။ ကျောင်းနေအရွယ် စာကိုစိတ်မဝင်စားသလို မိဘရဲ့အုပ်ထိန်းမှုကိုလည်း ဂရုမပြု၊ လျစ်လျူရှုတတ်သူတွေဖြစ်လာနိုင်တဲ့အတွက် ထိန်းကျောင်းရခက်လာတတ်ပါတယ်။ အဲဒါကြောင့် ဂိမ်းစွဲနေတဲ့ကလေးကို ဘယ်လိုလုပ်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း လူနေမှုဘဝ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

အောင်မြင်သူရဲ့အားလပ်ချိန်မှာ လုပ်တတ်တဲ့အကျင့်များ

အောင်မြင်တဲ့သူတွေက သူတို့ရဲ့အချိန်ပိုတွေမှာ ဘာတွေလုပ်ကြသလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပိုပြီး အလုပ်ပြီးမြောက်နိုင်စွမ်းတိုးစေဖို့၊ ပိုကောင်းတဲ့အကျိုးရလဒ်တွေဖြစ်စေဖို့ဆိုတာက အလုပ်တွေချည်းဖိလုပ်နေတာထက် အားလပ်ချိန်ကလည်း အရေးကြီးပါတယ်။ သင့်မှာအားလပ်ချိန်မရှိလောက်အောင် အလုပ်ရှုပ်နေပေမယ့်လည်း အောင်မြင်နိုင်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေများနေပြီး၊ အားလပ်ချိန်မရှိတဲ့အတွက် လူကတောင် ရူးကြောင်ကြောင်ဖြစ်သွားနိုင်ပါသေးတယ်။ အဲဒါကြောင့် အောင်မြင်နေတဲ့သူတွေက သူတို့ရဲ့ အချိန်ပိုလေးတွေမှာ ဘာလုပ်သလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

သင်မအောင်မြင်ရတဲ့အကြောင်းရင်း ၅ခု

အောင်မြင်ခဲ့သူအများစုက အောင်မြင်မှုဆီရောက်ရှိဖို့အတွက် ကျရှုံးမှုတွေကို ကြုံခဲ့ဖူးတဲ့သူချည်းပါပဲ။ ကျရှုံးမှုတွေကြောင့် စိတ်ဓာတ်ကျအောင် ဆွဲချခံခဲ့ဖူးသူတွေချည်းပါပဲ။ သင်ပုံဖော်ကြည့်တာထက် ပိုပြီး ကြာရှည်စွာ ကြိုးစားခဲ့ရတဲ့သူချည်းပါပဲ။ ဒါပေမယ့် သင်ဘာကြောင့်ခုထိမအောင်မြင်သေးတာလဲဆိုတဲ့ ယေဘုယျအကြောင်းရင်းတွေကတော့ သိထားသင့်ပါတယ်။ သင့်မှာ အဲဒီလိုအချက်တွေရှိနေခဲ့ရင် စောစောပြုပြင်ပြီး ရှေ့ဆက်ဖို့အထောက်အကူဖြစ်စေမှာပါ။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။