ပျဉ်းတော်သိမ်ရွက်ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ပျဉ်းတော်သိမ်ရွက်ကို Kadhi Patta လို့လည်း ခေါ်ပြီး ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ရွက်တစ်မျိုးလည်းဖြစ်ပြီး သင့်နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး သင့်ဆံသားနဲ့ အရေပြားအတွက်လည်း ကောင်းမွန်စေပါတယ်။ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေအများကြီးရရှိစေနိုင်တဲ့ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ကော့ပါး၊ သတ္တုဓာတ်၊ ကယ်လဆီယမ်နဲ့ ဖော့စဖောရတ်တွေပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ မဂ္ဂနီဆီယမ်နဲ့ သံဓာတ်လည်ပါဝင်ပါတယ်။ ဗီတာမင်နဲ့ အမိုင်နိအက်ဆစ်တွေလည်းပါဝင်ပါတယ်။ အရွက်ကို အခြောက်လှမ်းတာပဲဖြစ်ဖြစ်၊ ကြော်ထာပဲဖြစ်ဖြစ်၊ ဟင်းထဲထည့်ခတ်တာပဲဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။


၁) ကိုလက်စထရောကို လျော့ကျစေပါတယ်။
သင့်သွေးထဲက ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။ LDL cholesterol (bad cholesterol) မကောင်းတဲ့ကိုလက်စထရောကို ကျစေပြီး ကောင်းတဲ့ကိုလက်စထရော good cholesterol (HDL)ကို မြင့်တင်ပေးနိုင်တဲ့အတွက် နှလုံးကျန်းမာရေးနဲ့ သွေးကြောဆိုင်ရာ ရောဂါများဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၂) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
ပျဉ်းတော်သိမ်ရွက်က အစာကြေစေပါတယ်။ အစာအိမ်ထဲက မလိုလားအပ်တဲ့အညစ်အကြေးတွေကိုဖယ်ရှားရာတွင် ကူညီပေးနိုင်ပါတယ်။
၃) အသည်းကိုကာကွယ်ကွယ်ပေးနိုင်ပါတယ်။
လေ့လာချက်တွေအရ ပျဉ်းတော်သိမ်ရွက်မှာ tannins နဲ့ carbazole ကဲ့သို့ alkaloids ဓာတ်တွေပါဝင်တယ်လို့ သိရပါတယ်။ ထိုဓာတ်တွေက အသည်းကို ကာကွယ်ပေးနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။ ဗီတာမင်အေနဲ့စီ ပေါင်းစပ်ပါဝင်တာကြောင့် အသည်းကိုကာကွယ်ပေးရုံမက ကိုယ်တွင်းအဂါၤရပ်တွေကို ကောင်းစွာအလုပ်လုပ်နိုင်စေပါတယ်။

၄) ဆံသားသန်စွမ်းစေပါတယ်။
ပျက်စီးနေတဲ့ဆံသားတွေကို ကုသနိုင်တဲ့အစွမ်းရှိပါတယ်။ ဆံပင်အကျွတ်များခြင်းကိုလည်း သက်သာစေပါတယ်။ ဗောက်ထခြင်း၊ မှိုစွဲခြင်းတွေကြောင့် ဦးရေပြားပျက်စီးခြင်းကိုလည်း သက်သာစေပါတယ်။

၅) အမြင်အာရုံကိုလည်းကောင်းမွန်စေပါတယ်။
ဗီတာမင်အေပါဝင်မှုကြောင့် မျက်ကြည်လွှာပျက်စီးခြင်းကို သက်သာစေပါတယ်။ ဗီတာမင်အေ ချို့တဲ့မှုကြောင့်ဖြစ်ပေါ်နိုင်သော အမြင်အာရုံနဲ့ပတ်သက်သောရောဂါများ၊ အသက်အရွယ်ကြောင့်အမြင်အာရုံအားနည်းလာခြင်း၊ တိမ်ဖြစ်ပေါ်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

၆) ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။
ဖျားနာခြင်းအချို့က oxidative cell တွေပျက်စီးခြင်းနဲ့ ကူးစက်ခြင်းကြောင့်ဖြစ်ပေါ်တာဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ ကူးစက်မှုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အိမ်သုံးဆေးတစ်မျိုးအဖြစ်အသုံးခနိုင်ပါတယ်။ carbazole alkaloids ပါဝင်တဲ့အတွက် ဘက်တီးရီးယားတွေကိုသေစေပြီး ရောင်ရမ်းခြင်းတွေကိုသက်သာစေတဲ့အစွမ်းရှိပါတယ်။

၇) ဝိတ်ကျစေပါတယ်။
ဝိတ်ကျဖို့အထောက်အကူဖြစ်စေပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အဆီတွေကို ဖယ်ရှားနိုင်တဲ့အကောင်းဆုံးအိမ်သုံးဆေးတစ်မျိုးပါပဲ။ လေ့လာချက်အရ ပျဉ်းတော်သိမ်ရွက်မှာ triglyceride နဲ့ cholesterol ပမာဏကို လျော့ကျစေဖို့ ကူညီနိုင်တဲ့အတွက် အဝလွန်ခြင်းကိုမဖြစ်ပေါ်စေပါဘူး။

၈) သွေးအားနည်းခြင်းကိုသက်သာစေပါတယ်။
ပျဉ်းတော်သိမ်ရွက်ကို ဟင်းခတ်စားခြင်းက သွေးအားနည်းရောဂါရှိတဲ့လူတွေကို အထောက်အကူဖြစ်စေပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ သံဓာတ်များပြားစွာပါဝင်မှုကြောင့်ဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်ပါဝင်မှုကြောင့် သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ သင့်ခန္ဓာကိုယ်မှာ ဖောလစ်အက်ဆစ်မလုံလောက်ခြင်းက သံဓာတ်ကိုမစုပ်ယူနိုင်တာမို့ သံဓာတ်အားနည်းတဲ့အခါ သွေးအားနည်းခြင်းဖြစ်ပေါ်လာပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ သံဓာတ်ပမာဏလုံလောက်စွာပါဝင်တဲ့အပြင် ဖောလစ်အက်ဆစ်လည်းပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်သွေးအာနည်းခြင်းကနေ ကာကွယ်နိုင်ပါတယ်။

၉) ဘေးထွက်ဆိုးကျိုးတွေကို ထိန်းချုပ်ပေးနိုင်ပါတယ။်
ပျဉ်းတော်သိမ်ရွက်စားသုံးခြင်းဖြင့် ဓာတုဓာတ်ကုထုံး (chemotherapy) နဲ့ ဓာတ်ရောင်ခြည်ကုထုံး (radiotherapy)ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေနိုင်ပါတယ်။

၁၀) သွေးလှည့်ပတ်မှု့ကို ကောင်းမွန်စေပါတယ်။
ပျဉ်းတော်သိမ်ရွက်ကို နေ့စဉ်စားပေးခြင်းဖြင့် အမျိုးသမီးများ ရာသီလာစဉ်ဖြစ်တတ်တဲ့ပြဿနာတွေကို ကူညီပေးနိုင်ပြီး နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ ပျို့အန်ခြင်း၊ ကိုက်ခဲခြင်း နဲ့ ခေါင်းကိုက်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

၁၁) ဆီးချိုရောဂါကို ထိန်းညှိပေးနိုင်ပါတယ်။
ပျဉ်းတော်သိမ်ရွက်ကိုစားခြင်းဖြင့် ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။
ဟင်းလျာထဲမှာ ထည့်သွင်းစားသုံးခြင်းဖြင့် ဆီးချိုသမားတွေအတွက် အဆင်ပြေစေပါတယ်။

၁၂) အနာတွေကျက်မြန်စေပါတယ်။
ကူးစက်မှုမှန်သမျှကို ကာကွယ်ပေးနိုင်ပြီး အနာကျက်မြန်စေပါတယ်။
https://www.lybrate.com/topic/benefits-of-curry-leaves လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။