Migraine ခေါင်းတခြမ်းကိုက်ရောဂါဖြစ်ပေါ်စေသော အကြောင်းအရင်းများ
လေ့လာချက်တွေအရ ကမ္ဘာ့လူဦးရေ ၂ရာခိုင်နှုန်းခန့်က နာတာရှည်ခေါင်းကိုက်ရောဂါခံစားနေရပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သုံးဆပိုပြီးဖြစ်ပေါ်ကြပါတယ်။ လေ့လာချက်တွေအရ ခေါင်းတခြမ်းကိုက်ရောဂါက များပြားလှတဲ့အကြောင်းအရာတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ UK ရဲ့လေ့လာချက်အရ ၁၉၀၀၀၀ခန့်က ခေါင်းတခြမ်းကိုက်ရောဂါကို နေ့တိုင်းလိုခံစားနေကြရပါတယ်။ Migraine ခေါင်းတခြမ်းကိုက်ရောဂါကို ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေထဲက အဓိက အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
နာကျင်စရာအတိတ်မှ လှပသော အနာဂတ်ဆီသို့……
လူတိုင်းမှာ နာကျင်စရာအတိတ်ကိုယ်စီရှိကြမယ်ထင်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ နာကျင်ဖူးကြမယ်ထင်ပါတယ်။ မိသားစုကြောင့်၊ ချစ်သူကြောင့်၊ မိဘကြောင့်၊ မောင်နှမကြောင့် စသဖြင့် ရင်ထဲထည့်တတ်သူမှန်သမျှက နာကျင်ရတဲ့သူချည်းပါပဲ။ တခါတလေဆို ဘယ်အရာကိုမှ ရင်ဘတ်ထဲမထည့်ခဲ့ရင်ကောင်းမယ်လို့ တွေးမိတဲ့အချိန်တွေတောင် ရှိကောင်းရှိမှာပါ။
အောင်မဲညိုပန်း (Blue Butterfly Pea) ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
အောင်မဲညိုပန်းကို blue butterfly pea လို့ခေါ်ပြီး ဆေးဘက်ဝင်မှုကြောင့် မြန်မာနိုင်ငံမှာလူသိများလာတဲ့ပန်းပင်တစ်မျိုးဖြစ်ပါတယ်။ ပွင့်ဖတ်မှာ အပြာရင့်ရောင်ရှိပြီး အလယ်မှာအဝါရောင်သန်းပါတယ်။ အောင်မဲဖြူနဲ့ အောင်မဲညို နှစ်မျိုးရှိပေမယ့် အောင်မဲညိုလို့သာ အသိများကြပါတယ်။ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့ အများကြီးရနိုင်ပြီး လက်ဖက်ရည်ပုံစံမျိုးလည်း သောက်သုံးကြပါတယ်။
လူတွေကို သင့်အနားက ရှောင်ဖယ်သွားစေတဲ့ အပြုအမူဆိုးများ
လူတိုင်းမှာ အကျင့်ဆိုးတွေတော့ရှိကြတာချည်းပါပဲ။ အကျင့်ဆိုးတွေထဲကမှ လူတွေက သင်နဲ့အပေါင်းအသင်းမဖြစ်ချင်တော့ဘဲ သင့်အနားကနေ ရှောင်ဖယ်သွားစေတဲ့အပြုအမူဆိုးတွေလည်း ရှိရင်ရှိနေမှာပါ။ ကိုယ့်ကိုကိုယ်မသိဘဲ ပြုမူမိနေတာလေးတွေရှိတယ်ဆိုရင် ဒီဆောင်းပါးကိုဖတ်ပြီး ပြုပြင်လိုက်ပါနော်။
ရှားစောင်းလက်ပတ်ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
ရှားစောင်းလက်ပတ်က အနာတွေကိုသက်သာစေတဲ့အစွမ်းသတ္တိကြောင့် လူသိများပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀၀ခန့်လောက်ကတည်းက အသုံးပြုခဲ့ကြတယ်။ အရေပြားကနေစပြီး သင့်ခန္ဓာကိုယ်တစ်ခုလုံးထိ အကျိုးကျေးဇူးအများကြီးရှိပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ ဓာတုပစ္စည်းတွေမပါဝင်ပါဘူး။ အခြေအနေအမျိုးမျိုးအတွက် ဆေးဘက်ဝင်တဲ့အပင်ဖြစ်ပါတယ်။
မိသားစုဘဝတည်ထောင်တော့မယ့်ဆိုသူတွေ စဉ်းစားသင့်တဲ့အချက်များ
သီတင်းကျွတ်မှာ ပျော်စရာကောင်းတဲ့မိသားစုဘဝလေးတည်ဆောက်ကြမယ်လို့ စိတ်ကူးယဉ်ထားတဲ့သူတွေရှိမယ်ထင်ပါတယ်။ မိသားစုဘဝဆိုတာက တကယ်တော့ အရမ်းအရေးကြီးတဲ့ဂဏ္ဍဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျော်စရာကောင်းတဲ့မိသားစုဘဝတစ်ခုကနေမှ ပျော်ရွှင်နေတဲ့ဖေဖေ၊ မေမေဖြစ်နိုင်ပြီး ပျော်ရွှင်နေတဲ့သားသမီးလေးဖြစ်အောင် ပြုစုစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ငယ်ဘဝမှာ ပျော်ရွှင်နေတဲ့သားသမီးလေးတွေကမှသာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး၊ လူတော်လူကောင်းလေးတွေအဖြစ် ကြီးပြင်းလာမှာဖြစ်ပါတယ်။ သင်လွယ်တတ်လွယ်ပြီး အတုမြင်အတတ်သင်တတ်တဲ့ သားသမီးလေးတွေအတွက် အသိပညာဉာဏ်ပညာနဲ့ပြည့်ဝတဲ့ ရှေ့ဆောင်လမ်းပြ ဖေဖေမေမေတွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။ အသိပညာဗဟုသုတနဲ့ပြည့်ဝတဲ့ဖေဖေနဲ့မေမေတွေက မွေးထုတ်ပေးလိုက်တဲ့ သားသမီးလေးကလည်း လူတော်လူကောင်းဖြစ်လာမှဖြစ်ပြီး သူတို့ကြီးပြင်းအရွယ်ရောက်လာတဲ့အခါမှာလည်း သာယာပျော်ရွှင်နိုင်တဲ့မိသားစုဘဝကို တည်ထောင်နိုင်သူတွေဖြစ်လာနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် လူသားတာဝန်ကျေဖို့အတွက် ကောင်းမွန်ပြည့်စုံတဲ့မိသားစုဘဝဖြစ်မှသာ နောင်အနာဂတ်မျိုးဆက်တွေအတွက် ကောင်းနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် မိသားစုဘဝတည်ထောင်တော့မယ်ဆိုတဲ့သူတွေ ထည့်စဉ်းစားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Pistachio စားခြင်းရဲ့အကျိုးကျေးဇူးများ
Pistas ကအရသာရှိပြီး ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေအများကြီး ရစေပါတယ်။ သဘာဝအားဖြင့် ကိုလက်စထရော ကင်းစင်ပြီး ပရိုတင်းဓာတ်ကြွယ်ဝပါတယ်။ အမျှင်ဓာတ်နဲ့ antioxidant တွေပါဝင်ပါတယ်။
လိမ်ညာတတ်သူတို့ရရှိမယ့် နောက်ဆက်တွဲဆိုးကျိုးများ
ကံငါးပါးမှာ လိမ်ညာတတ်ခြင်းကို ဖောက်ဖျက်တတ်သွားတဲ့လူတစ်ယောက်က အခြားသော ကံတွေကိုလည်း ဖောက်ဖျက်ဖို့လွယ်ကူသွားပါတယ်။ အရက်သောက်ခြင်းကို မသောက်ဘူးလို့လိမ်မယ်၊ သူများသားမယားကို မဖောက်ပြန်ဘူးလို့လိမ်မယ်။ စသဖြင့် ကံငါးပါးလုံးကို လွယ်လွယ်ချိုးဖျက်နိုင်သွားပါတယ်။ အဲဒါကြောင့် ကံငါးပါးမှာ လိမ်ညာခြင်းက အရေးကြီးတဲ့အချက်လို့လည်း ပြောနိုင်ပါတယ်။ ကျွန်တော်တို့လက်တွေ့ဘဝမှာလည်း လိမ်ညာတတ်သူပေါင်းများစွာကို ကြုံဖူးကြမှာပါ။ လိမ်ညာတတ်သူဆိုတာ စပြီး ခင်မင်ပေါင်းသင်းပတ်သက်မိရုံနဲ့မသိနိုင်သေးပါဘူး။ ပေါင်းသင်းကြည့်မှသာ အပြောနဲ့အလုပ်ကွာဟနေတာမျိုး၊ စကားကိုလွယ်လွယ်လေးပြောပြီး မတည်တာမျိုးတွေဖြစ်လာမှသာ လွယ်လွယ်လိမ်ညာတတ်သူမှန်းသိလာနိုင်တာဖြစ်ပါတယ်။ ပြောရရင်တော့ လိမ်ညာခံလိုက်ရပြီးမှသာ လိမ်ညာတတ်သူမှန်းသိနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် လိမ်ညာတတ်သူမှန်းသိသွားကြတဲ့အခါမှာတော့ လိမ်ညာသူကို ဘယ်သူကမှ အဖက်လုပ်ပြီး ပေါင်းသင်းကြတော့မှာမဟုတ်ပါဘူး။ လိမ်ညာတတ်တဲ့သူတွေ ရရှိမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကိုဖော်ပြလိုက်ပါတယ်။
စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် ကိုယ့်ကိုကိုယ်ဂရုစိုက်သင့်တဲ့အချက်များ
လူတိုင်းလိုလိုက အမြဲလို ယှဉ်ပြိုင်မှုတွေ၊ အခက်အခဲတွေနဲ့ ကြိုးစားရုန်းကန်နေရတဲ့လူတွေချည်းပါပဲ။ အဲဒီ့အခါ စိတ်ကျန်းမာရေးကော ကိုယ်ကျန်းမာရေးနှစ်မျိုးလုံးကိုပါ သတိထားပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်သင့်ပါတယ်။ တခါတလေစိတ်ဖိစီးမှုတွေအရမ်းများလာခြင်းက ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ဆိုးဝါးရာမှအစ တဖြေးဖြေး ကိုယ်ကျန်းမာရေးပါထိခိုက်လာနိုင်ပါတယ်။ ကိုယ်ကျန်းမာရေးက မကောင်းပြန်တော့လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပြန်ပါဘူး။ အဲဒီ့အခါ ကိုယ်ကျန်းမာရေးကို အားမရဘူးဖြစ်တတ်ပြန်ပါတယ်။ ကိုယ်လုပ်ချင်တာတွေ စိတ်ထဲမှာရှိနေပေမယ့် ကိုယ်ကမလိုက်နိုင်တဲ့အခါကျပြန်တော့ စိတ်ပါမကောင်းဘူးဖြစ်ရပြန်ပါတယ်။ အဲဒါကြောင့် စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးက ဆက်စပ်နေပါတယ်။ အဲဒါကြောင့် ကိုယ်ရော၊ စိတ်ပါကျန်းမာဖို့အတွက် ကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ့်အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။
နေ့ရက်တိုင်းမှာ ကိုယ့်ကိုကိုယ်ကတိပေးသင့်သော အရာများ(၁)
ဘဝမှာ စိတ်ညစ်မယ်၊ ဝမ်းနည်းမယ်၊ ပျော်ရွှင်မယ်၊ စိတ်ဓာတ်ကျမယ်၊ စိတ်ဆင်းရဲမယ်၊ ငိုကြွေးမယ်၊ ပျော်ရွှင်မယ်၊ ဝမ်းသာမယ် စသဖြင့် ခံစားချက်ပေါင်းစုံက အလှည့်ကျဖြစ်နေမှာပါ။ ခံစားချက်ပေါင်းစုံ ရရှိခံစားဖို့အတွက်လည်း ဖြစ်ရပ်ပေါင်းစုံ၊ လူပေါင်းစုံနဲ့ ကြုံရဆုံရ၊ ရင်ဆိုင်ရ၊ ဖြေရှင်းရအုံးမှာပါပဲ။ အဲဒီ့အခါမှာ လဲပြိုကျနေတဲ့ ကိုယ့်ရဲ့စိတ်ကို ဘယ်သူကမှ မထူမတ်ပေးနိုင်ပါဘူး။ ကိုယ်တိုင်သာ စိတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ပြန်လည်ထူထောင်ဖို့ကြိုးစားရမှာပါ။ ကိုယ်တိုင်သာ ကိုယ့်ဘဝကို ၊ ကိုယ့်စိတ်ဓာတ်ကို ပြန်လည်မြင့်တင်နိုင်တာဖြစ်ပါတယ်။
သင့်ကိုယ်သင်ယုံကြည်မှုတိုးစေဖို့ အလွယ်ဆုံးနည်းလမ်းများ
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့က သင်ကိုယ်တိုင်ဆုံးဖြတ်ထားတယ်ဆိုရင် သင်ယူနိုင်တဲ့စွမ်းရည်တစ်မျိုးဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းဆိုတာက ဘယ်သူမှမွေးကတည်းက ပါလာတာမဟုတ်ပါဘူး။ စွမ်းရည်တစ်ခုအဖြစ် ကိုယ်တိုင်သင်ယူပြောင်းလဲရတာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေဖို့ အရေးကြီးတဲ့အချက်တွေရှိပါတယ်။ အကောင်းမြင်စိတ်ရှိဖို့၊ စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတဲ့အခါ ကြောက်ရွံခြင်းကို ကျော်လွှားနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်မလုပ်နိုင်တော့ဘူးလို့ ထင်နေတာမျိုးတွေကို လုပ်နိုင်လာပါတယ်။
သင့်ရဲ့အလုပ်ပြီးမြောက်နိုင်စွမ်းရည်ကို ဖျက်ဆီးနိုင်သော အကျင့်ဆိုး ၆ခု
သင့်ရဲ့အလုပ်တွေမပြီးမြောက်ဘူး၊ သင့်အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းနေတယ်၊ သင့်မှန်းသလောက်မဖြစ်ဘူး လို့ ခံစားနေရတယ်ဆိုရင် သင့်မှာ သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကို ဖျက်ဆီးနိုင်တဲ့အကျင့်ဆိုးတွေရှိနေသလား ပြန်စဉ်းစားသင့်ပါတယ်။ သင့်ရဲ့အလုပ်တွေပြီးမြောက်ချင်တယ်၊ သင်မှန်းထားတာတွေ ဖြစ်မြောက်ချင်တယ်၊ သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းတွေ ပြန်ပြီး တိုးတက်ချင်တယ်ဆိုရင် သင့်ကိုသင်ဆန်းစစ်ရမှာဖြစ်ပါတယ်။ သင့်ကိုသင်စည်းကမ်းသတ်မှတ်ပြီး ဆုံးဖြတ်ခိုင်မာအောင် ချသင့်ပါတယ်။ အဲဒါကြောင့် သင့်မှာ အောက်ပါအကျင့်ဆိုးတွေ ရှိနေသလား ပြန်စဉ်းစားကြည့်လိုက်ပါအုံးနော်။