နံနံပင်စားခြင်းရဲ့ ကောင်းကျိုးများ
နံနံပင်ကို ဆေးဖက်ဝင်အပင်တစ်မျိုးအဖြစ် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ကျော်ကတည်းက စားသုံးခဲ့ကြတာပါ။ နံနံပင်စားသုံးခြင်းကြောင့် နှလုံးကျန်းမာရေးကို ထိန်းသိမ်းဖို့ကူညီပေးနိုင်ခြင်း၊ ခုခံအားတိုးစေခြင်းနဲ့ အခြားသောရောဂါများကိုဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။ အသုတ်ထဲမှာပဲ ထည့်ထည့်၊ ဟင်းထဲမှာပဲထည့်ထည့် သင့်ရဲ့ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ နံနံပင်ကြောင့်ရရှိမယ့် ကျန်းမာရေးအတွက် ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ရေသောက်ခြင်းက ဘယ်လိုရောဂါတွေကိုကာကွယ်ပေးနိုင်သလဲ။
တစ်နေ့လျှင် ရေ၈ခွက်ခန့်သောက်သင့်ပါတယ်။ ရေဓာတ်မပြည့်ဝခြင်းက ကျန်းမာရေးအပေါ်ဆိုးကျိုးများစွာသက်ရောက်စေနိုင်ပါတယ်။ အဲဒါကြောင့် ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝစွာသောက်သုံးခြင်းက အောက်ပါရောဂါ ၇မျိုးကို ကာကွယ်ပေးနိုင်ပါတယ်။
တရုတ်ဆီးသီးရဲ့ ကောင်းကျိုးများ
တရုတ်ဆီးသီးရဲ့ အကျိုးအာနိသင်ကတော့ အံမခန်းပါပဲ။ လိမ္မော်ရောင်သန်းတဲ့အမျိုးအစားဖြစ်ပါတယ်။ တရုတ်ဆီးသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်အီး၊ သံဓာတ်နဲ့ beta-carotene တို့ပါဝင်ပါတယ်။ အရေပြားနဲ့ဆံသားအတွက်ကောင်းမွန်စေပြီး ရောဂါတော်တော်များများကို တိုက်ဖျက်ပေးနိုင်ပါတယ်။
သင့်ကျန်းမာရေးကို အံ့အားသင့်ဖွယ်ကောင်းမွန်စေမယ့် အရိုးရှင်းဆုံးနည်းလမ်း ၅ချက်
ကျန်းမာစွာနေထိုင်နိုင်မယ့်နည်းလမ်းတွေကို နားထောင်ရတာ သင့်အတွက် ရှုပ်ထွေးကောင်းရှုပ်ထွေးနိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်က ကြေငြာနေတာတွေနဲ့ အကြံပြုချက်တိုင်းကို လိုက်နားထောင်နေပြန်တော့ သင်နားရှုပ်ပြန်ရော၊ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးကို ဂရုစိုက်ဖို့ကတော့ လိုအပ်တာမို့ ခုတစ်ခါမှာ သင့်ကျန်းမာရေးအတွက် အရိုးရှင်းဆုံးမှတ်သားနိုင်မယ့် နည်းလမ်းတစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။ နေ့ရက်တိုင်းမှာ ကျန်းမာဖို့၊ ဝိတ်ကျဖို့၊ စိတ်ခံစားချက်တွေပိုကောင်းဖို့ ဒီအချက်ငါးချက်ကို လိုက်နာဖို့လိုအပ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့အမြစ်ပါစားနိုင်သောဟင်းသီးဟင်းရွက်များ
အမြစ်ပါစားနိုင်သော ဟင်းသီးဟင်းရွက်များက အရသာရှိပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေပါ ရရှိစေပါတယ်။ မြေအောက်မှာကြီးထွားနေပြီး စားသုံးလို့ရတဲ့အပင်မျိုးကို ပြောတာဖြစ်ပါတယ်။ ဥပမာ၊ အာလူး၊ မုန်လာဥ နဲ့ ကြက်သွန်နီ ကဲ့သို့။ ပုံစံအမျိုးမျိုးရှိပေမယ့် ထိုအမြစ်ဟင်းသီးဟင်းရွက်တွေရဲ့အာဟာရဓာတ်နဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
သီဟိုဠ်စေ့ရဲ့ စိတ်ဖိစီးမှုဆိုင်ရာပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့ ကောင်းကျိုးများ
သီဟိုဠ်စေ့က စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာတွေကို ကုစားပေးနိုင်တဲ့ သဘာဝဆေးနည်းတစ်မျိုးဆိုတာ သင်သိပါရဲ့လား။ သီဟိုဠ်စေ့မှာ သံဓာတ်၊ ပရိုတင်း၊ အမိုင်နိုအက်ဆစ်၊ မဂ္ဂနီဆီယမ်၊ အိုမီဂါသရီး၊ ဗီတာမင် ဘီဆစ် စတဲ့ဓာတ်တွေပါဝင်ပါတယ်။ ထိုအာဟာရဓာတ်တွေက စိတ်ဖိစီးခြင်းနဲ့ စိုးရိမ်ပူပန်သောကတွေကို သဘာဝအရသက်သာစေတဲ့ ဓာတ်တွေဖြစ်ပါတယ်။ Tryptophan ဆိုတဲ့ဓာတ်က စိတ်ဖိစီးမှုဆိုင်ရာ လက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့လူတွေအတွက် မဂ္ဂနီဆီယမ်ဓာတ်က အဓိက အာဟာရဖြစ်ပါတယ်။ သီဟိုဠ်စေ့်မျာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာမို့ စိတ်ဓာတ်ကျ၊ စိတ်ဖိစီးသူတွေအတွက် သဘာဝဆေးတစ်မျိုးပါပဲ။ အိုမီဂါသရီးဖက်တီးအက်ဆစ်ကလည်း စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးခြင်းအတွက် သက်သာစေသော ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် သီဟိုဠ်စေ့မှာ ပါဝင်သော အာဟာရဓာတ်တော်တော်များများက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှုဆိုင်ရာပြဿနာရှိသူတွေအတွက် အကောင်းဆုံးဆေးတစ်မျိုးဖြစ်ပါတယ်။#BAWA101
ဘယ်ရီသီးတွေက ဘာကြောင့်ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်ရသလဲ။
ဘယ်ရီသီးတွေက ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ အရသာရှိပြီး အာဟာရဓာတ်ပြည့်ဝတဲ့အပြင် ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။
အစိမ်းရောင်ပြောင်းနေတဲ့အာလူးကအဆိပ်ဖြစ်စေတယ်ဆိုတာ သင်သိပါသလား။
သင့်အိမ်မှာ ဝယ်ထားတဲ့အာလူးတွေ အစိမ်းရောင်ပြောင်းနေတာကိုတွေ့ရတဲ့အခါ သင်ဘယ်လိုလုပ်ပစ်လေ့ရှိသလဲ။ လွှင့်ပစ်လိုက်သလား ဒါမှမဟုတ် မလွှင့်ပစ်ဘူးလား။ အချို့ကတော့ အစိမ်းရောင်ပြောင်းနေတဲ့ အပိုင်းကိုဖြတ်ထုတ်လိုက်ပြီး ကျန်တဲ့အခြမ်းကိုတော့ ပြန်သုံးတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အစိမ်းရောင်ပြောင်းနေတဲ့အာလူးက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ စစ်စစ်တော့ အစိမ်းရောင်ပြောင်းသွားတယ်ဆိုတာ အဆိပ်တွေပါဝင်မှုရှိနေပြီလို့ ပြသနေတာပဲဖြစ်ပါတယ်။ ထိုအစိမ်းရောင်ပြောင်းနေတဲ့အာလူးကို စားမိတဲ့အခါ သင့်ကို နာမကျန်းဖြစ်စေနိုင်ပါတယ်။ အာလူးကဘာကြောင့်အစိမ်းရောင်ပြောင်းသွားတာလဲ။
သင့်အစာခြေစနစ်ကို ကောင်းမွန်စေမယ့် သဘာဝနည်းလမ်း ၁၁မျိုး
လူတိုင်းလိုလိုက အစာခြေစနစ်နဲ့ဆိုင်တဲ့လက္ခဏာတွေ ခံစားဖူးကြမှာပါ။ အစာမကြေဖြစ်ခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အော်ကလီဆန်ခြင်း စတဲ့လက္ခဏာတွေပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ထိုလက္ခဏာတွေက သင့်ရဲ့အစာခြေစနစ်နဲ့ဆိုင်တဲ့လက္ခဏာတွေဖြစ်ပြီး သင့်ကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့အစားအစာ စားသောက်ပုံစနစ်နဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ခြင်းက သင့်ရဲ့အူတွင်းကျန်းမာရေးအခြေအနေကို အကောင်းဘက်ပြောင်းလဲသွားစေနိုင်ပါတယ်။ သင့်အစာခြေစနစ်ကို အကောင်းဘက်ကပြောင်းလဲပေးနိုင်တဲ့ သဘာဝနည်းလမ်း ၁၁ခုကို ဖော်ပြပေးလိုက်ပါတယ်။
သလဲသီးရဲ့ အံ့သြဖွယ် ကျန်းမာရေးကောင်းကျိုး ၇ချက်
သလဲသီးရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေက မရေတွက်နိုင်အောင်များပြားလှပါတယ်။ သလဲသီးမှာ antioxidant ဓာတ်တွေ၊ ဗီတာမင်တွေ အထူးသဖြင့် ဗီတာမင်အေ၊ စီ၊ အီးနဲ့ ဖောလစ်အက်ဆစ်ကဲ့သို့ ဗီတာမင်တွေပါဝင်ပါတယ်။ သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အခြားကျန်းမာရေးအကျိုးသက်ရောက်မှုတွေရှိတဲ့အတွက် ဆရာဝန်တွေက စားသုံးဖို့ တိုက်တွန်းကြပါတယ်။ အရေပြားကို ကြည်လင်စေပြီး ရောင်ရမ်းခြင်းကိုလျော့ကျစေပါတယ်။ အစာအိမ်ရောဂါ၊ သွားကျန်းမာရေး၊ အရိုးပွရောဂါ၊ ဆီးချိုသွေးချို၊ သွေးအားနည်းရောဂါနဲ့ နှလုံးရောဂါကဲ့သို့ ရောဂါတွေအတွက် ကောင်းမွန်စေပါတယ်။
ဗီတာမင်အေက အမြင်အာရုံကောင်းမွန်စေခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်းနဲ့ အရေပြားကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ဗီတာမင်အေ ချို့တဲ့ခြင်းက အမြင်အာရုံပျက်စီးခြင်းအဖြစ် အခြားကူးစက်ရောဂါတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် ဗီတာမင်အေချို့တဲ့မှုကြောင့် ကလေးငယ်တွေမှာပါ အမြင်အာရုံပျက်စီးတာမျိုးဖြစ်တတ်ကြပါတယ်။ ဗီတာမင်အေ အလွန်အကျွံ့စားသုံးခြင်းကြောင့်လည်း အော့အန်ခြင်း၊ အစာစားချင်စိတ်ကင်းမဲ့ခြင်း နဲ့ ဆံပင်အကျွတ်များခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဖရုံစေ့ရဲ့ ကျန်းမာရေးကောင်းကျိုးများ
ဖရုံစေ့က အရသာလည်းရှိသလို ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဖရုံသီးက ကျန်းမာရေးအတွက်ကောင်းသလို ဖရုံစေ့ကလည်း ကျန်းမာရေးနဲ့ ကိုက်ညီစေတဲ့ဓာတ်တွေအများကြီးပါဝင်ပါတယ်။ omega 3 fatty acids ၊ antioxidants နဲ့ phytosterol ၊ vitamins B complex အုပ်စုဖြစ်တဲ့ thiamine, riboflavin, niacin, folate နဲ့ pantothenic acid စတဲ့ဓာတ်တွေပါဝင်တဲ့အပြင် မဂ္ဂနီဆီယမ်နဲ့ ပရိုတင်းဓာတ်တွေလည်း ပါဝင်ပါတယ်။