သလဲသီးရဲ့ အံ့သြဖွယ် ကျန်းမာရေးကောင်းကျိုး ၇ချက်

သလဲသီးရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေက မရေတွက်နိုင်အောင်များပြားလှပါတယ်။ သလဲသီးမှာ antioxidant ဓာတ်တွေ၊ ဗီတာမင်တွေ အထူးသဖြင့် ဗီတာမင်အေ၊ စီ၊ အီးနဲ့ ဖောလစ်အက်ဆစ်ကဲ့သို့ ဗီတာမင်တွေပါဝင်ပါတယ်။ သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အခြားကျန်းမာရေးအကျိုးသက်ရောက်မှုတွေရှိတဲ့အတွက် ဆရာဝန်တွေက စားသုံးဖို့ တိုက်တွန်းကြပါတယ်။ အရေပြားကို ကြည်လင်စေပြီး ရောင်ရမ်းခြင်းကိုလျော့ကျစေပါတယ်။ အစာအိမ်ရောဂါ၊ သွားကျန်းမာရေး၊ အရိုးပွရောဂါ၊ ဆီးချိုသွေးချို၊ သွေးအားနည်းရောဂါနဲ့ နှလုံးရောဂါကဲ့သို့ ရောဂါတွေအတွက် ကောင်းမွန်စေပါတယ်။


၁) အစာအိမ်ပြဿနာများကို သက်သာစေနိုင်ခြင်း
သလဲသီးရဲ့ အခွံ၊ အရွက်နဲ အခေါက်တွေက အစာအိမ်စနစ်နဲ့ဆိုင်တဲ့ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သလဲသီးဖျော်ရည်က ကာလဝမ်းရောဂါနဲ့ အူလမ်းကြောင်းကနေ ဖြစ်တတ်တဲ့ရောဂါတွေကို သက်သာစေနိုင်ပါတယ်။
၂) နှလုံးရောဂါဖြစ်နိုင်ချေ လျော့ကျစေခြင်း
သလဲသီးမှာ ပါဝင်တဲ့ antioxidants တွေက ခန္ဓာကိုယ်မှာ မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ကျစေနိုင်ပါတယ်။ သလဲသီးဖျော်ရည်ကို သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်သွေးလှည့်ပတ်မှုအားကောင်းစေပါတယ်။ အဲဒါကြောင့်ကို နှလုံးရောဂါဖြစ်ပွားမှုနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ antioxidant တွေကြောင့် သွေးကြောတွေမှာ သွေးခဲခြင်းကို ဖယ်ရှားပေးနိုင်ပါတယ်။
၃) ကင်ဆာရောဂါကို ကာကွယ်ဖို့ အထောက်အကူဖြစ်စေခြင်း
သလဲသီးမှာ flavonoid လို့ခေါ်တဲ့ antioxidant မြင့်မားစွာပါဝင်မှုကြောင့် အမျိုးမျိုးသော ကင်ဆာတွေကိုဖြစ်စေတတ်တ့ free radicals တွေကို လျော့ကျစေပါတယ်။ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး ခန္ဓာကိုယ်ထဲက Prostate-Specific Antigen (PSA) ပမာဏကို လျော့ကျစေတယ်လို့ အမေရိကန်ကင်ဆာအဖွဲ့အစည်းက ပြောပြထားပါတယ်။
သလဲသီးမှာ ကင်ဆာဆဲလ်များပျံ့နှံ့ခြင်းကို ကာကွယ်နိုင်တဲ့အစွမ်းသတ္တိတွေပါဝင်တယ်လို့ လေ့လာတွေ့ရှိချက်တွေမှာဖော်ပြထားပါတယ်။
၄) သွားကျန်းမာရေးအတွက်ကောင်းမွန်စေခြင်း
ဘက်တီးရီးယားတွေကို သေစေတဲ့အစွမ်းရှိတဲ့အတွက် သွားကျန်းမာရေးအတွက် ကောင်းမွန်စေပြီး အာခံတွင်းနဲ့ပတ်သက်တဲ့ အခြားသော ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၅) အရိုးအဆစ်ရောင်ရောဂါကို ကာကွယ်နိုင်ခြင်း
ခန္ဓာကိုယ်အတွင်းပိုင်းရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်သလို အရိုးအဆစ်တွေ၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်တဲ့ဓာတ်တွေပါဝင်ပါတယ်။
၆) သွေးအာနည်းရောဂါကို သက်သာစေခြင်း
ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှုအားကောင်းစေပါတယ်။ သွေးထဲကို သံဓာတ်ထောက်ပံ့ပေးနိုင်တဲ့အတွက် သွေးအားနည်းခြင်းကြောင့် မောပန်းလွယ်ခြင်း၊ အးနည်းခြင်း၊ အာရုံကြောအားနည်းခြင်းနဲ့ အကြားအာရုံအားနည်းခြင်းတို့ကို သက်သာဖို့ ကူညီပေးနိုင်ပါတယ်။
၇) ဆီးချိုသွေးချိုကို ထိန်းချုပ်ပေးနိုင်ခြင်း
ဆီးချိုရောဂါသည်တွေအတွက် သလဲသီးဖျော်ရည်ကို သောက်သုံးပေးခြင်းက သွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုးဖြစ်ပွားခြင်းကို လျော့ကျစေနိုင်ပါတယ်။ သွေးကြောတွေနံရံတွေထူလာခြင်း၊ မာကြောလာခြင်းမျိုးကို လျော့ကျစေနိုင်ပါတယ်။ အဲဒါကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေ နည်းပါးစေပါတယ
https://www.organicfacts.net/health-benefits/fruit/health-benefits-of-pomegranate.html လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။