ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့အမြစ်ပါစားနိုင်သောဟင်းသီးဟင်းရွက်များ

အမြစ်ပါစားနိုင်သော ဟင်းသီးဟင်းရွက်များက အရသာရှိပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေပါ ရရှိစေပါတယ်။ မြေအောက်မှာကြီးထွားနေပြီး စားသုံးလို့ရတဲ့အပင်မျိုးကို ပြောတာဖြစ်ပါတယ်။ ဥပမာ၊ အာလူး၊ မုန်လာဥ နဲ့ ကြက်သွန်နီ ကဲ့သို့။ ပုံစံအမျိုးမျိုးရှိပေမယ့် ထိုအမြစ်ဟင်းသီးဟင်းရွက်တွေရဲ့အာဟာရဓာတ်နဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကြက်သွန်နီ
ကြက်သွန်နီကတော့ လူသိများတဲ့ အမြစ်ဟင်းသီးဟင်းရွက်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဟင်းတိုင်းမှာလည်း ထည့်သုံးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါတယ်။ အမျှင်ဓာတ်များပြားစွာပါဝင်ပြီး ဗီတာမင်စီနဲ့ အခြားသော antioxidants တွေလည်း ပါဝင်ပါသေးတယ်။ antioxidants ဆိုတာက သင့်ရဲ့ဆဲလ်တွေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပြီး အခြားသော ရောဂါတွေကိုလည်း ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ ကြက်သွန်နီစားသုံးခြင်းက ကောင်းကျိုးများစွာရှိပါတယ်။ လေ့လာချက်အရ တစ်နေ့လျှင် ကြက်သွန်နီ ၁၀၀ဂရမ်စားသုံးခြင်းက သွေးချိုဆီးချိုသမားတွေအတွက် သွေးထဲကသကြားဓာတ်ပမာဏကို လျော့ကျစေပါတယ်။
ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ကင်ဆာရောဂါတော်တော်များများဖြစ်ပွားနိုင်တဲ့အန္တရာယ်ကနေ လျော့ကျစေနိုင်ပါတယ်။

၂) ကန်စွန်းဥ
ကန်စွန်းဥတွေက အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး အာဟာရဓာတ်ကြွယ်ဝကာ ကျန်းမာရေးအတွက် အကျိုးများစေပါတယ်။
အမျှင်ဓာတ်ပေါများခြင်း၊ ဗီတာမင်စီ၊ မဂ္ဂနီစ်နဲ့ ဗီတာမင်အေ တို့ပါဝင်ပြီး များစွာသော antioxidants (beta-carotene, chlorogenic acid နဲ့ anthocyanins ) တွေပါဝင်ပါတယ်။
တစ်နေ့လျှင် ကန်စွန်းဥ ၄ဂရမ်စားသုံးခြင်းက ဆီးချိုသမားများ သွေးတွင်းသကြားဓာတ်တိုးမြင့်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ကန်စွန်းဥမှာ ပါဝင်တဲ့ ဗီတာမင်အေကြောင့် လေ့လာချက်အချို့မှာ ခုခံစွမ်းအားတိုးမြင့်ပေးခြင်း၊ အမြင်အာရုံဆုံးရှုံခြင်းကို ကာကွယ်နိုင်ခြင်း၊ အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေခြင်း စတဲ့အကျိုးတွေရှိနိုင်တယ်လို့ဖော်ပြကြပါတယ်။ ကန်စွန်းဥကို မီးဖုတ်ခြင်း၊ ပြုတ်ခြင်း၊ လှော်ခြင်း စတဲ့နည်းလမ်းပေါင်းစုံနဲ့ အရသာရှိစွာ စားသုံးနိုင်ပါတယ်။ မနက်စာအဖြစ် အသားညှပ်ပေါင်မုန့်(sandwiches) အဖြစ်လည်း ထည့်သွင်းစားသုံးနိုင်ပါသေးတယ်။

၃)မုန်လာဥဝါ (Turnips)
မုန်လာဥဝါက အရသာရှိတဲ့ အမြစ်ပါဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် စီ၊ အမျှင်စီ၊ မဂ္ဂနီစ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေပါဝင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှုကြောင့် သင့်ရဲ့ခုခံစွမ်းအားကို တိုးစေပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကူးစက်နိုင်ချေကို ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ တုတ်ကွေးကဲ့သို့။ အစာအိမ်ရောဂါနဲ့ဆက်စပ်နေတဲ့ပြဿနာတွေ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အဆုတ်ကင်ဆာကဲ့သို့ရောဂါတွေဖြစ်ပွားမှုအန္တရာယ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ အာလူးအစားထိုးအနေနဲ့လည်း စားသုံးကြပါသေးတယ်။

၄) ဂျင်း (Ginger)
ဂျင်းက နနွင်းကဲ့သို့ အမြစ်ပါဟင်းသီးဟင်းရွက်အနွယ်ဝင်ဖြစ်ပါတယ်။ antioxidants တွေပါဝင်ပါတယ်။ gingerol လို့ခေါ်တဲ့ဓာတ်ပါဝင်ပြီး ထိုဓာတ်က ကျန်းမာရေးအတွက်အကျိုးရှိစေပါတယ်။ ကိုယ်ဝန်ဆောင် ၁၂၇၈ယောက် ကိုလေ့လာစမ်းသပ်ချက်အရ မနက်ခင်း ပျို့အန်ခြင်း ( morning sickness ) နဲ့ အော့အန်ခြင်းကိုသက်သာစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အခြားသောလေ့လာချက်တွေအရ လစဉ်ရာသီလာစဉ်ကိုက်ခဲနာကျင်မှုတွေကိုလည်း ဂျင်းစားသုံးခြင်းက သက်သာစေနိုင်ပါတယ်။ အရိုးပွခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးကြမ်းထဲထည့်သွင်းသောက်သုံးခြင်း၊ စွပ်ပြုတ်ထဲထည့်ခြင်း၊ ဟင်းထဲထည့်ချက်ခြင်းတို့ဖြင့် စားသုံးနိင်ပါတယ်။

၅) သကြားမုန်လာ/ နိုကိုဥ (Beets root)
Beets root ကလည်း အမြစ်ပါ ဟင်းသီးဟင်းရွက်နွယ်ဝင်တစ်မျိုးဖြစ်ပြီး အမျှင်ဓာတ်များပြားစွာပါဝင်ပါတယ်။ ဖောလိတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ပါဝင်ပါတယ်။ နိုက်ထရိတ်ဓာတ်လည်းမြင့်မားစွာပါဝင်ပါတယ်။ ထိုဓာတ်က သင့်ရဲ့သွေးကြောတွေကို ကူညီပေးနိုင်တဲ့ကွန်ပေါင်းတစ်မျိုးဖြစ်ပါတယ်။ သွေးဖိအားလျော့ကျစေနိုင်ပြီး နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာချက်တွေအရ နိုကိုဥကိုစားသုံးခြင်းက လှုပ်ရှားမှုကို ပိုပြီးလုပ်နိုင်စေပြီး သင့်ဦးနှောက်ထဲသွေးလည်ပတ်စီးဆင်းမှုကို ကောင်းစေပါတယ်။ တိရိစ္ဆာန်တွေမှာ လေ့လာတွေ့ရှိချက်အရ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ကင်ဆာဆဲလ်တွေ ကြီးထွားပျံ့ပွားခြင်းကို နှေးစေပါတယ်။

၆) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ မဂ္ဂနီစ်၊ ဗီတာမင်ဘီဆစ်နဲ့ ဗီတာမင်စီတို့ကဲ့သို့ များစွာသော အရေးကြီးတဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။
ဆေးဘက်ဝင်တဲ့အစွမ်းသတ္တိတွေရှိတယ်လို့ နာမည်ကြီးပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သွေးဖိအားကိုလျော့ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။
ကိုလက်စထရောနဲ့ သွေးထဲက အဆီဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ ခုခံစွမ်းအားကို တိုးမြင့်ပေးနိုင်ပြီး၊ ဖျားနာခြင်းကဲ့သို့ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။

၇) မုန်လာနီအသေး (Radishes)
မုန်လာနီက သေးပေမယ့် အာဟာရနဲ့ပြည့်ဝပါတယ်။ ကယ်လိုရီနဲ့ ကာဗွန်ဟိုက်ဒရိတ်နည်းပါးစွာပါဝင်ပြီး ဗီတာမင်စီနဲ့ အမျှင်ဓာတ်ပမာဏလည်း ပေါများစွာပါဝင်ပါတယ်။ မုန်လနီက ကပ်ပါးမှိုကြောင့်ဖြစ်တဲ့ရောဂါတွေကို ကာကွယ်နိုင်တဲ့အစွမ်းသတ္တိရှိပြီး အမျိုးမျိုးသော ကပ်ပါးမှိုကြောင့်ဖြစ်တဲ့ရောဂါများကို ဆန့်ကျင်နိုင်တဲ့အစွမ်းရှိတယ်ဆိုတာကို တိရိစ္ဆာန်တွေမှာ လေ့လာတွေ့ရှိခဲ့ပါတယ်။ ကြွက်တွေမှာစမ်းသပ်ကြည့်တဲ့အခါ အစာအိမ်အနာဖြစ်ခြင်းကို ကာကွယ်နိုင်တာကိုတွေ့ရှိခဲ့ပါတယ်။

၈) စမုံနက် (fennel)
စမုံစပါးက ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး မုန်လာဥနီနဲ့ မျိုးစိတ်ခြင်းနီးစပ်ပါတယ်။ ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီစ် တွေပါဝင်ပါတယ်။ anethole ဆိုတဲ့ကွန်ပေါင်းဓာတ်ပါဝင်ပြီး ထိုဓာတ်ကြောင့် သွေးထဲက သကြားဓာတ်ကိုလျော့ကျစေနိုင်ပါတယ်။

၉) မုန်လာဥနီ (Carrots)
လူသိများတဲ့အမြစ်ပါဟင်းသီးဟင်းရွက်တစ်ခုဖြစ်ပြီး အာဟာရာဓာတ်လည်း များစွာပါဝင်ပါတယ်။
ဗီတာမင်အေနဲ့ကေ ပါဝင်ပြီး antioxidant beta-carotene လည်းပါဝင်ပါတယ်။ ထို antioxidant တွေကြောင့် ကိုလက်စထရောပမာဏကို လျော့ကျစေပြီး ကင်ဆာအမျိုးမျိုးဖြစ်ပွားခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။ (ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာကဲ့သို့ရောဂါများ)
Carotenoids ဆိုတဲ့ဓာတ်တစ်မျိုးလည်း ပါဝင်တဲ့အတွက်ကြောင့် အသက်အရွယ်ကြီးရင့်လာမှုကြောင့် ၊ အမြင်အာရုံပျက်စီးခြင်းကို ဖြစ်ပေါ်စေတဲ့ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၁၀) တရုတ်နံနံပင် (Celeriac)
တရုတ်နံနံပင်က အသုံးဝင်ပြီး အနံ့ အရသာရှိတဲ့အမြစ်ပါ ဟင်းရွက်တစ်မျိုးပါပဲ။ ဗီတာမင်စီနဲ့ ဖော့စဖောရတ်ပါဝင်မှုကြောင့် ဗီတာမင်ကေပါဝင်တဲ့အရင်းအမြစ်ဖြစ်ပါတယ်။ ဗီတာမင်ကေက သွေးခဲခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ osteocalcin ဆိုတဲ့ဟော်မုန်းဓာတ်ရရှိဖို့အတွက်လည်း လိုအပ်ပါတယ်။

၁၁) နနွင်း (Turmeric)
ဖာလာစေ့နဲ့ ဂျင်းကဲ့သို့ မျိုးနွယ်ဝင်ဖြစ်ပါတယ်။ အပင်ရဲ့အမြစ်မှရတာဖြစ်ပြီး ဟင်းရဲ့အရောင်နဲ့ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးပါတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့အကျိုးကျေးဇူးရှိပါတယ်။ နနွင်းထဲမှာ curcumin ဆိုတဲ့ ကွန်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ သွေးခဲဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ကိုလက်စထရောပမာဏကို လျော့ကျစေပြီး ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ လေ့လာချက်အရ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပြီး သွေးထဲကသကြားဓာတ်ကိုထိန်းပေးနိုင်ပြီး စိတ်ကျခြင်းကို ကုစားနိုင်ပါတယ်။

၁၂) အာလူး
အာလူးကလည်း အာဟာရရှိပြီး ကျန်းမာစေတဲ့အမြစ်ပါဟင်းသီးဟင်းရွက်ထဲမှာပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်ဘီဆစ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီစ်ဓာတ်တွေပါဝင်ပါတယ်။ အာလူးကသင့်အူထဲမှာရှိတဲ့ ဘက်တီးရီးယားတွေအတွက် အကျိုးရှိအောင် ကူညီပေးနိုင်ပြီး အစာခြေလမ်းကြောင်းတစ်လျှောက်မှာလည်း အစာခြေပြီး ကြာရှည်ခံစေတဲ့အတွက် ဗိုက်ပြည့်နေသလိုခံစားရစေနိုင်ပါတယ်။ ပြုပြင်ထားတဲ့အာလူးကြော်တွေကိုတော့ မဆိုလိုပါဘူး။ ထိုအာလူးကြော်တွေက အဆီဓာတ်နဲ့ ဆားပါဝင်မှုများတဲ့အတွက် ကယ်လိုရီများပြီး အာဟာရဓာတ်ကင်းမဲ့ပါတယ်။
သင့်ရဲ့နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ အထက်က ဖော်ပြထားတဲ့ အစားအစာ ၂မျိုးခန့် ပုံမှန်ထည့်သွင်းစားသုံးခြင်းက သင့်ရဲ့ကျန်းမာရေးကို အထူးကောင်းမွန်စေမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ကင်းမဲ့မှုကြောင့် နာတာရှည်ရောင်ရမ်းနာကျင်မှုတွေကိုကာကွယ်နိုင်ပါတယ်။
https://www.healthline.com/nutrition/root-vegetables#section1 လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။