သင့်ကျန်းမာရေးကို အံ့အားသင့်ဖွယ်ကောင်းမွန်စေမယ့် အရိုးရှင်းဆုံးနည်းလမ်း ၅ချက်

ကျန်းမာစွာနေထိုင်နိုင်မယ့်နည်းလမ်းတွေကို နားထောင်ရတာ သင့်အတွက် ရှုပ်ထွေးကောင်းရှုပ်ထွေးနိုင်ပါတယ်။ သင့်ပတ်ဝန်းကျင်က ကြေငြာနေတာတွေနဲ့ အကြံပြုချက်တိုင်းကို လိုက်နားထောင်နေပြန်တော့ သင်နားရှုပ်ပြန်ရော၊ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးကို ဂရုစိုက်ဖို့ကတော့ လိုအပ်တာမို့ ခုတစ်ခါမှာ သင့်ကျန်းမာရေးအတွက် အရိုးရှင်းဆုံးမှတ်သားနိုင်မယ့် နည်းလမ်းတစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။ နေ့ရက်တိုင်းမှာ ကျန်းမာဖို့၊ ဝိတ်ကျဖို့၊ စိတ်ခံစားချက်တွေပိုကောင်းဖို့ ဒီအချက်ငါးချက်ကို လိုက်နာဖို့လိုအပ်ပါတယ်။


၁) သင့်ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကို ဖယ်ရှားပါ။
လူတွေက သူတို့ရဲ့ခန္ဓာကိုယ်မှာ အဆိပ်အတာက်ပေါင်းများစွာကို ထည့်ထားသလိုဖြစ်နေကြပါတယ်။ အစားအသောက်ပေါင်းစုံစားတာ၊ ပြုပြင်ထားတဲ့အစားအစာတွေစားတာ၊ ကျန်းမာရေးနဲ့မညီညွှတ်တာတွေစားတာမျိုးပေါ့။ အရက်၊ ဆေးလိပ်နဲ့ ဆေးဝါးတွေသုံးစွဲတာမျိုးလည်း ပါဝင်ပါတယ်။ အဲဒီ့အရာတွေက သင့်ကို ပြဿနာပေါင်းစုံဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင့် ထိုအဆိပ်အတောက်နဲ့ပတ်သက်သမျှ ဘာမှ သင့်ခန္ဓာကိုထဲအဝင်မခံပါနဲ့၊ မသုံးစွဲပါနဲ့။
အာဟာရပါဝင်မှုနည်းပြီး ကိုလက်စထရောပါဝင်မှုများတဲ့အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။ အဲဒါက သင့်ရဲ့ဝိတ်ကိုတိုးစေပြီး သင့်ကျန်းမာရေးအတွက်မကောင်းပါဘူး။ သကြားပါဝင်မှုများတဲ့အစားအစာတွေကိုလည်း ရှောင်ပါ။

၂) လေ့ကျင့်ခန်းလုပ်ပါ။
သင့်ရဲ့ကြွက်သားတွေကို လှုပ်ရှားမှုလုပ်ခိုင်းတာမျိုး၊ ဝိတ်မခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းကဲ့သို့ လှုပ်ရှားမှုတွေလုပ်ပါ။ အဲဒါက သင့်ကိုပိုကြည့်ကောင်းလာစေပြီး ကျန်းမာစေပါတယ်။ သင့်စိတ်ခံစားချက်တွေကိုလည်း ကောင်းမွန်စေနိုင်ပြီး အခြားသော ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ချေကနေ လျော့ကျစေပါတယ်။

၃) ကလေးတစ်ယောက်လို အိပ်ပါ။
ပြောချင်တာက နှစ်ခြိုက်စွာအိပ်မောကျအောင် အိပ်ပါ။ အိပ်ရေး၀၀အိပ်ပါ။ အိပ်ရေးဝတဲ့အခါ စိတ်ကြည်လင်စေပြီး သင့်ရဲ့လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့လွယ်ကူစေပါတယ်။ နှလုံးရောဂါနဲ့ အဝလွန်ရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ နှစ်ခြိုက်စွာအိပ်မောကျနိုင်အောင် ညနေဘက်တွေမှာ ကော်ဖီမသောက်ပါနဲ့။ အချိန်မှန်အိပ်ရာဝင်ပါ။ အိပ်မယ့်နေရာကို မှောင်နေစေတာပိုကောင်းပါတယ်။ မအိပ်ခင် အလင်းမှိန်မှိန်လေးထွန်းထားတဲ့အိ်ပ်ရာပေါ်မှာ လဲလှောင်းပါ။ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းက သင့်ကို ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။

၄) အလွန်အကျွံ့စိတ်ဖိစီးမှုကိုရှောင်ပါ။
ကျန်းမာတဲ့နေထိုင်မှုပုံစံမှာ အိပ်ရေးဝအောင်အိပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာကိုစားခြင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းတို့ပါဝင်ပါတယ်။
ဒါပေမယ့် သင့်ရဲ့ခံစားချက်တွေနဲ့ အတွေးတွေကလည်း အရေးကြီးပါတယ်။ စိတ်ဖိစီးမှုကို ခံစားနေရတဲ့အခါ သင့်အတွက်ဆိုးကျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ အစာအိမ်နဲ့အခြားသော ရောဂါပေါင်းစုံဝင်လာနိုင်ပါတယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုကို သက်သာစေမယ့်နည်းလမ်းတွေ၊ လေ့ကျင့်ခန်းတွေကို လေ့လာကြည့်ပြီး လိုက်လုပ်သင့်ပါတယ်။

၅) သင့်ခန္ဓာကိုယ်ကို အမှန်တကယ်အာဟာရဖြစ်စေတဲ့အစားအစာမျိုးကိုသာ စားပါ။
သဘာဝအတိုင်းဖြစ်တဲ့အစားအစာမျိုးကိုစားတာက ပိုကောင်းပါတယ်။ ဒီနေ့ခေတ်မှာ များသောအားဖြင့်က ပြုပြင်ထားတဲ့အစားအစာတွေက ပိုများလာပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ organic အသီးအနှံမျိုး၊ ဟင်းသီးဟင်းရွက်တွေ၊ အသားငါးကို မျှတအောင်စားသုံးသင့်ပါတယ်။
ကျန်းမာရေးကောင်းမွန်ဖို့က မာရသွန်အပြေးပြိုင်ပွဲလိုပါပဲ။ အမြဲတမ်း ပြေးနေရမှာပါ။ ပြောချင်တာက အမြဲတမ်း ပြုလုပ်နေမှ ရမှာပါလို့။ အဲဒါကြောင့် အများကြီး လိုက်တွေးမနေဘဲ ခုဖော်ပြထားတဲ့ အရိုးရှင်းဆုံးအချက်တွေနဲ့သာ ဖြေရှင်းကြည့်လိုက်ပါနော်။

https://www.healthline.com/nutrition/5-simple-rules-for-amazing-health?utm_medium=social&utm_source=facebook&utm_campaign=social-sharebar-referred-desktop&fbclid=IwAR2A-tMsMPFdzGzNMINxQjd_NUCx5VyLSHHU1IBginNHfAwv8HwhzLpu60M#section6လင့်မှဘာသာပြန်ောဖ်ပြထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။