အစိမ်းရောင်ပြောင်းနေတဲ့အာလူးကအဆိပ်ဖြစ်စေတယ်ဆိုတာ သင်သိပါသလား။

သင့်အိမ်မှာ ဝယ်ထားတဲ့အာလူးတွေ အစိမ်းရောင်ပြောင်းနေတာကိုတွေ့ရတဲ့အခါ သင်ဘယ်လိုလုပ်ပစ်လေ့ရှိသလဲ။ လွှင့်ပစ်လိုက်သလား ဒါမှမဟုတ် မလွှင့်ပစ်ဘူးလား။ အချို့ကတော့ အစိမ်းရောင်ပြောင်းနေတဲ့ အပိုင်းကိုဖြတ်ထုတ်လိုက်ပြီး ကျန်တဲ့အခြမ်းကိုတော့ ပြန်သုံးတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အစိမ်းရောင်ပြောင်းနေတဲ့အာလူးက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ စစ်စစ်တော့ အစိမ်းရောင်ပြောင်းသွားတယ်ဆိုတာ အဆိပ်တွေပါဝင်မှုရှိနေပြီလို့ ပြသနေတာပဲဖြစ်ပါတယ်။ ထိုအစိမ်းရောင်ပြောင်းနေတဲ့အာလူးကို စားမိတဲ့အခါ သင့်ကို နာမကျန်းဖြစ်စေနိုင်ပါတယ်။ အာလူးကဘာကြောင့်အစိမ်းရောင်ပြောင်းသွားတာလဲ။


အာလူးအစိမ်းရောင်ပြောင်းခြင်းက သဘာဝဖြစ်စဉ်ပါပဲ။ အာလူးတွေက အလင်းရောင်နဲ့ထိတွေ့တဲ့အခါ ကလိုရိုဖီးလ်တွေကို ထုတ်လုပ်ပါတယ်။ အဲဒါကနေ အာလူးရဲ့အခွံအရောင်ပြောင်းစေပြီး အစိမ်းရောင်အဖြစ်ပြောင်းလာစေပါတယ်။ အာလူးအခွံမှာအမည်းရောင်သန်းလာပြီး အရောင်ပြောင်းသွားတော့တာပါပဲ။ ကလိုရိုဖီးလ်ကနေ နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ အလင်းကနေ အပင်အဖြစ်ရှင်သန်ဖို့စွမ်းအင်ကိုရစေပါတယ်။
ရေနဲ့ နေရောင်ခြည်ထိတွေ့ပြီး အပင်အဖြစ်ရှင်သန်ကာ အောက်ဆီဂျင်ကိုထုတ်လွှတ်ပေးတာဖြစ်ပါတယ်။ ဒါပေမယ့် အာလူးမှာတော့ အစိမ်းရောင်ပြောင်းသွားတဲ့အခါ အဆိပ်ဓာတ်တစ်မျိုးဖြစ်တဲ့ solanine ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပါတယ်။
Solanine ဆိုတဲ့ဓာတ်က သင့်အူထဲမှာ မကောင်းတဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ထိုဓာတ်က အာလူးရဲ့အခွံမှာပါပါတယ်။ အပင်အဖြစ်ပြောင်းတဲ့အခါ ပမာဏများလာတော့တာပါပဲ။ အလင်းနဲ့ထိတွေ့တာများလေ ထိုဓာတ်ထုတ်လုပ်မှုများလေပါပဲ။ အစိမ်းရောင်ရှိနေခြင်းက ထိုဓာတ်များလာတာကို ပြသနေတဲ့လက္ခဏာတစ်မျိုးပါပဲ။ အစိမ်းရောင်ပြောင်းနေတဲ့အာလူးကိုစားမိတဲ့အခါ အော့အန်ခြင်း၊ အော်ကလီဆန်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုထက်ပြင်းထန်တဲ့အခါ ကိုယ်လက်အကြောသေခြင်း၊ ကိုမာဖြစ်ခြင်းသာမက အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။
အဲဒါကြောင့် အာလူးကို အခွံနွှာလိုက်တဲ့အခါ အစိမ်းရောင်ပြောင်းနေတဲ့အာလူးကို ချက်ပြုတ်စားသောက်တာမျိုးမလုပ်သင့်ပါဘူး။#BAWA101
https://www.healthline.com/nutrition/green-potatoes လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။