ဘယ်ရီသီးတွေက ဘာကြောင့်ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်ရသလဲ။

ဘယ်ရီသီးတွေက ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ အရသာရှိပြီး အာဟာရဓာတ်ပြည့်ဝတဲ့အပြင် ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။


၁) antioxidants များစွာပါဝင်ပါတယ်။
ဘယ်ရီသီးတွေမှာ antioxidants ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ထိုဓာတ်တွေက free radicals တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဖရီးရယ်ဒီကယ်တွေက အတည်တကျမရှိတဲ့ မော်လီကျူးလေးတွေဖြစ်ပြီး ပမာဏ နည်းနေရင် ကိစ္စမရှိပေမယ့် ပမာဏများလာတဲ့အခါမှာတော့ ဆဲလ်တွေကြားမှာ အောက်ဆီဂျင်ပြတ်လပ်မှုကိုဖြစ်ပေါ်စေပြီး ဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။
ဘယ်ရီသီးမှာ antioxidants များပြားစွာပါဝင်မှုကြောင့် သင့်ဆဲလ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါဖြစ်နိုင်ချေကို လျော့ကျစေနိုင်ပါတယ်။ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ နဲ့ ရက်စ်ဘယ်ရီကဲ့သို့ ဘယ်ရီသီးတွေက antioxidants တွေအများဆုံးပါဝင်ပါတယ်။
၂) သွေးထဲက သကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်။
လေ့လာချက်တွေအရ သွေးထဲက သကြားဓာတ်များခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အင်ဆူလင်ပမာဏကို တိုးစေပါတယ်။ ထိုနှစ်ချက်လုံးက ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
၃) အမျှင်ဓာတ်များပြားစွာပါဝင်ပါတယ်။
ဘယ်ရီသီးတွေမှာ အမျှင်ဓာတ်ပေါများစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်က အစာခြေလမ်းကြောင်းမှာ အစာတွေသယ်ယူမှုကို နှေးစေတဲ့အတွက် ဆာလောင်မှုကို လျော့ကျစေပါတယ်။ ပြည့်အင်နေစေပါတယ်။ အဲဒါကြောင့် သင့်ရဲ့ကယ်လိုရီစုပ်ယူမှုကို လျော့ကျစေပြီး ဝိတ်ကို ထိန်းပေးနိုင်ပါတယ်။
၄) အာဟာရဓာတ်များပြားစွာပါဝင်ပါတယ်။
ဘယ်ရီသီးတွေက ကယ်လိုရီနည်းပါးပြီး အာဟာရဓာတ်ပြည့်ဝပါတယ်။ antioxidants နဲ့ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ အထူးသဖြင့် စတော်ဘယ်ရီသီးမှာ ဗီတာမင် စီများစွာပါဝင်ပါတယ်။ ဘယ်ရီသီးအနွယ်ဝင်တွေအားလုံးက ဗီတာမင်စီကြွယ်ဝစွာ ပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင်စီနဲ့ မဂ္ဂနီစ်ဓာတ်တွေပါဝင်ပါတယ်။
၅) ရောင်ရမ်းမှုကို လျော့ကျနိုင်ပါတယ်။
ဘယ်ရီသီးတွေမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ဓာတ်တွေပါဝင်ပါတယ်။ ထိခိုက်မှုတွေနဲ့ ကူးစက်မှုတွေကို ဆန့်ကျင်ပေးနိုင်ပါတယ်။ ကာလကြာရှည်စွာ ရောင်ရမ်းခြင်းတွေက စိတ်ဖိစီးမှုကိုတိုးစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေ ပျက်ကွက်လာပါတယ်။ နာတာရှည်ရောင်ရမ်းမှုတွေက ဆီးချို၊ နှလုံးရောဂါ၊ အဝလွန်ခြင်း ကဲ့သို့ ရောဂါတွေဖြစ်ပေါ်လာစေပါတယ်။
ဘယ်ရီသီးက ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အတွက် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ အခြားကျန်းမာရေးပြဿနာတွေကို လျော့ကျစေနိုင်ပါတယ်။
၆) ကိုလက်စထရောပမာဏကို လျော့ကျစေနိုင်ပါတယ်။
ဘလက်ဘယ်ရီနဲ့စတော်ဘယ်ရီသီးတွေက မကောင်းတဲ့ ကိုလက်စထရော(LDL (bad) cholesterol levels) ပမာဏကို လျော့ကျစေနိုင်တဲ့အတွက် နှလုံးရောဂါဖြစ်ပွားနိုင်ချေလျော့ကျစေပါတယ်။
၇) အရေပြားအတွက် ကောင်းမွန်စေပါတယ်။
အရေးအကြောင်းကို ပြေလျော့စေခြင်း၊ အသက်အရွယ်အိုမင်းလာမှုကြောင့် အရေပြားဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ အရေပြားမှာ အလာဂျစ်ဖြစ်ခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ခြည်ကြောင့် အရေပြားမှ ကော်လိပ်ဂျင်တွေပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၈) ကင်ဆာရောဂါကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။
ဘယ်ရီသီးမှာ ပါဝင်တဲ့ anthocyanins ၊ ellagic acid ၊ resveratrol antioxidants ဓာတ်တွေကြောင် ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေပါတယ်။ တိရိစ္ဆာန်တွေနဲ့ လူသားတွေကို လေ့လာချက်တွေအရ ပါးစောင်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ နဲ့ အစာပြွန်ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၉) သွေးလွှတ်ကြောတွေကိုကူညီပေးနိုင်ပါတယ်။
ကိုလက်စထရောလျော့ကျစေခြင်းကြောင့် သွေးလွှတ်ကြောတွေရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပြီး နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ သွေးကြောထဲမှာ ရှိတဲ့ဆဲလ် endothelial cells ဆိုတဲ့ဆဲလ်တွေက သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးခဲခြင်း၊ သွေးပိတ်ဆို့ခြင်းတွေကို ကာကွယ်ပေးပါတယ်။
https://www.healthline.com/nutrition/11-reasons-to-eat-berries လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။