ဗီတာမင်အေပါဝင်သော အစားအစာများ

ဗီတာမင်အေက အမြင်အာရုံကောင်းမွန်စေခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်းနဲ့ အရေပြားကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ဗီတာမင်အေ ချို့တဲ့ခြင်းက အမြင်အာရုံပျက်စီးခြင်းအဖြစ် အခြားကူးစက်ရောဂါတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် ဗီတာမင်အေချို့တဲ့မှုကြောင့် ကလေးငယ်တွေမှာပါ အမြင်အာရုံပျက်စီးတာမျိုးဖြစ်တတ်ကြပါတယ်။ ဗီတာမင်အေ အလွန်အကျွံ့စားသုံးခြင်းကြောင့်လည်း အော့အန်ခြင်း၊ အစာစားချင်စိတ်ကင်းမဲ့ခြင်း နဲ့ ဆံပင်အကျွတ်များခြင်းတို့ ဖြစ်နိုင်ပါတယ်။


ဗီတာမင်အေ အမျိုးအစားများ
• လူသားတွေအနေနဲ့ ဗီတာမင်အေကို နည်းလမ်း ၂မျိုးဖြင့် ရရှိနိုင်ပါတယ်။ ဗီတာမင်အေနဲ့ carotenoids အဖြစ်နဲ့ပါ။
• Carotenoids ဆိုတာက beta-carotene နဲ့အလားတူပါတယ်။ အပင်တွေမှာ အတွေ့များပြီး ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ ဗီတာမင်အေအဖြစ်ပြောင်းလဲပေးပါတယ်။
• ဗီတာမင်အေကိုတော့ တိရိစ္ဆာန်မှရသော အစားအစာများမှာ ရနိုင်ပါတယ်။ ဥပမာ၊ အသည်း၊ အသား၊ ငါးနဲ့ နို့ထွက်ပစ္စည်း။ Carotenoids လိုပါပဲ၊ ဗီတာမင်အေ အကြိုပစ္စည်းတစ်ခုအနေနဲ့ ခန္ဓာကိုယ်ထဲရောက်သွားပြီးတာနဲ့ ဗီတာမင်အေအဖြစ်ကို ပြောင်းလဲပေးဖို့လိုအပ်တာပါ။
• လူတွေအနေနဲ့ကတော့ carotenoids ကနေ ဗီတာမင်အေအဖြစ်ကို မပြောင်းလဲပေးနိုင်ပါဘူး။ ပုံမှန်အားဖြင့်တော့ ဗီတာမင်အေကို တိရိစ္ဆာန်မှရရှိတဲ့အစားအစာတွေကနေ ရရှိတာဖြစ်ပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့ အစားအစာတွေမှာ ဗီတာမင်အေ အများဆုံးပါဝင်ပါတယ်။
• ၁) ကန်စွန်းဥ
• ၂) မုန်လာဥနီ
• ၃) တူနာ ငါး
• ၄) ဖရုံသီးအနွယ်ဝင်တစ်မျိုး (Butternut Squash)
• ၅) ဟင်းနုနယ်ရွက်
• ၆) သခွားမွှေး (Cantaloupe)
• ၇) ဆလတ်ရွက် (Lettuce)
• ၈) ငရုတ်ပွ
• ၉) ပန်းပွင့်စိမ်းBroccoli
• ၁၀) ဂရိတ်ဖရုသီး (Grapefruit)
ဗီတာမင်အေက ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေအများကြီးရှိပါတယ်။
• ဘက်တီရီးယားနဲ့ အခြားကူးစက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်အေက မျက်လုံး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာများ၊ ဆီးလမ်းကြောင်း၊ ကူးစက်မှုတွေမှ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။
• ခုခံအားစနစ်ကို တိုးတက်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ ကူးစက်မှုတွေကို တိုက်ဖျက်နိုင်တဲ့ အဓိကသော့ချက်ဖြစ်တဲ့ သွေးဖြူဥဆဲလ်တွေကို ပိုပြီး ထုတ်လုပ်ပေးနိုင်ပါတယ်။
• ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ beta- carotene နဲ့ ဗီတာမင်အေက ကင်ဆာရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ အထူးသဖြင့် အဆုတ်ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေပါတယ်။
• မျက်လုံးကျန်းမာရေးနဲ့ အသက်အရွယ်ကြောင့် အမြင်အာရုံေ၀ဝါးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံပျက်စီးခြင်းကို ဗီတာမင်အေက အဓိက ကာကွယ်ပေးနိုင်ပြီး မျက်လုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
ဗီတာမင်အေ ချို့တဲ့သောအခါဖြစ်နိုင်သော ဆိုးကျိုးများ
• နို့တိုက်မိခင်များနဲ့ ကလေးငယ်များမှာ ဗီတာမင်အေက အထူးအရေးကြီးပါတယ်။ အထူးသဖြင့် ကလေးဖွံ့ဖြိုးမှုအတွက်၊ ကြီးထွားမှုအတွက်ပါ။ များသောအားဖြင့် ဗီတာမင်အေချို့တဲ့ခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များပါတယ်။ နို့်တိုက်မိခင်များမှာ အမေကော ကလေးကော နှစ်ဦးလုံး ဗီတာမင်အေချို့တဲ့မှုဖြစ်ပေါ်နိုင်ပါတယ်။ ဗီတာမင်အေချို့တဲ့မှုကြောင့် မျက်လုံးတစ်ဝှိုက် အနီစက်များဖြစ်ပေါ်ခြင်း နဲ့ မျက်ကြည်လွှာခမ်းခြောက်ခြင်းရောဂါတို့ဖြစ်ပေါ်နိုင်ပါတယ်။
• ပန်ကရိယနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်နိုင်ချေရှိပါတယ်။ အဆီတွေစုပ်ယူဖို့ အဆင်မပြေဖြစ်စေပါတယ်။ ဗီတာမင်အေက အဆီတွေကို စုပ်ယူစေပါတယ်။ အဆီတွေကို မစုပ်ယူနိုင်တဲ့အခါ ဗီတာမင်အေချို့တဲ့မှုဖြစ်ပေါ်စေပါတယ်။
• https://www.pinterest.com/pin/818529301001718208/ လင့်မှ ကောက်နုတ်ဖော်ပြထားပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။