ပတ်ဝန်းကျင်မှာတွေ့ရတတ်သော လွှဲမှားနေသောအပြုအမူများ (၂)
တခါတလေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမှန်အဖြစ်လက်ခံကျင့်သုံးနေပြီး တကယ်တမ်းကျတော့ မှားယွင်းနေတဲ့အချက်တော်တော်များများရှိပါတယ်။ အမှားတွေကို လူတော်တော်များများက အမှန်အဖြစ်လက်ခံကျင့်သုံးနေတဲ့အခါ အမှန်တွေတဖြေးဖြေး ကွယ်ပျောက်လာပြီး အမှားတွေကသာ အမှန်ကဲ့သို့ ကြီးစိုးလာပါတော့တယ်။ အမှန်တရားတွေကတော့ အမှားအဖြစ်နေရာလွှဲနေကြပါတော့တယ်။ အဲဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့ဓဒူဝမြင်နေကျဖြစ်ပြီး မှားယွင်းနေတဲ့အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။
နိုင်ငံတကာသမိုင်းတစ်လျှောက် ဟုန်းဟုန်းတောက်ကျော်ကြားခဲ့သောအမျိုးသမီး ၈ ဦး
လူ့သမိုင်းအစကနေ ယနေ့ခေတ်ကာလအထိ သမိုင်းတစ်လေ ျှာက် နယ်ပယ်အသီးသီးမှာထူးခ ျွန်ကေ ျာ်ကြားခဲ့သူတွေ အမ ျားအပြားရှိခဲ့ပါတယ်။ အဲ့ဒီအထဲကမှ သမိုင်းတစ်လေ ျှ ာက် ထင်ရှားအရေးပါခဲ့တဲ့ ထူးချွန်ပြောင်မြောက်တဲ့အမ ျိုးသမီး ၈ ယောက်အကြောင်း ကိုရွေးချယ်ဖော်ပြလိုက်ပါတယ်။
စိတ်ဓာတ်ကျနေတဲ့အချိန်သင့်ကိုသင်ပြောသင့်သောစကားများ
လူတိုင်းမှာ မှန်းထားတာတွေဖြစ်မလာတဲ့အချိန်၊ ယုံကြည်ထားတာတွေ ပျက်ယွင်းသွားတဲ့အချိန်၊ ကိုယ့်ကိုကိုယ်ဘာမှမလုပ်နိုင်ဘူးလို့ထင်တဲ့အချိန်၊ အသုံးမကျတဲ့သူတစ်ယောက်လို ခံစားရတဲ့အချိန် စသည်ဖြင့် ကြုံဖူးကြမှာပါ။ ဘဝဆိုတာက တစ်စုံတစ်ခုကို အမြဲတိုက်နေရတဲ့တိုက်ပွဲမဟုတ်လား။ အဲဒါကြောင့် သင့်ဘဝမှာ စိတ်အားတက်တဲ့အချိန်ရယ်၊ စိတ်ဓာတ်ကျမိတဲ့အချိန်ရယ်လို့ ရှိနေမှာပါပဲ။ အဓိကက ကိုယ့်စိတ်ကို ကိုယ်သိနေဖို့ပါပဲ။ ကိုယ့်စိတ်ကို ကိုယ်သတိလေးထားပြီး သိနေတဲ့အခါ စိတ်ပျော်နေတဲ့အချိန်မှာလည်း အလွန်အကျွံ့မပျော်ဖြစ်တော့ဘဲ ဒါလည်း ပြီးသွားမှာပါလို့ နှလုံးသွင်းတတ်လာပါလိမ့်မယ်။ စိတ်အားငယ်နေတဲ့အချိန်မှာလည်း စိတ်ဓာတ်ပြန်လည်ခိုင်မာလာဖို့ ဘာလုပ်သင့်သလဲဆိုတာကို သိနေပါလိမ့်မယ်။ အဲဒါကြောင့် စိတ်ထောင်းကိုယ်ကြေဆိုသလို မဖြစ်ရအောင် သင့်စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးမှာ သင့်ကိုသင်ပြန်လည်အားပေးနိုင်တဲ့စကားမျိုးကို ဖော်ပြပေးလိုက်ပါတယ်
Single mom တွေခံစားရမယ့်ဖိအားများ
မိခင်ရယ်လို့ဖြစ်လာရင် ကိုယ့်သားသမီးလေးတွေကို ဘယ်သူကမှ မိဘအစုံအလင်မရှိတဲ့သူရယ်လို့ မဖြစ်စေချင်ကြပါဘူး။ လူတကာအလည်မှာ အဖေမရှိတဲ့သားသမီးတွေအဖြစ် မျက်နှာငယ်မှာကိုလည်း ဘယ်မိခင်မှ မလိုလားကြပါဘူး။ ဒါပေမယ့် ဘဝတစ်ခုကို အတူရင်ဆိုင်ကြတဲ့အခါ ပင်လယ်ပြင်မှာ ရွက်လွှင့်ရသလိုပါပဲ၊ နှစ်ဦးနှစ်ဘက် တာဝန်ကိုယ်စီမျှတစွာယူနိုင်မှ တစ်ဖက်ကမ်းကို ကူးနိုင်မှာပါ။ မိခင်တစ်ယောက်တည်းကပဲ တာဝန်သိတတ်ပြီး တာဝန်မသိတတ်တဲ့ဖခင်ကြောင့် ကြိတ်မနိုင်ခဲမရတွေဖြစ်ကာ သားသမီးလေးတွေ အဖေမဲ့မဖြစ်ရအောင် ကြိတ်မှိတ်သည်းခံတတ်တဲ့မိခင်မျိုးလည်းရှိသလို တစ်ဘဝလုံးလက်တွဲဖို့မဖြစ်နိုင်မှန်းသိလာတဲ့အခါ သည်းမခံနိုင်တော့တဲ့အဆုံး single mom ဘဝကိုမရွေးချယ်ချင်ပေမယ့် ရွေးချယ်လိုက်ရတဲ့ မိခင်တွေလည်း ရှိမှာပါပဲ။
လက်ရှိကာလကိုပဲ အာရုံစိုက်နိုင်စေဖို့ ကိုယ့်ကိုကိုယ်သတိပေးသင့်တဲ့စကားများ
လက်ရှိကာလမှာ နေထိုင်ခြင်းဆိုတာက ဖြစ်ပြီးခဲ့တာတွေကိုပြန်တွေးတာ၊ မဖြစ်သေးတာတွေကိုလည်း ကြိုတွေးမနေဘဲ လက်ရှိအချိန်မှာပဲ ဘာလုပ်မလဲ၊ ဘာလုပ်သင့်သလဲဆိုတာကို တွေးတာဖြစ်ပါတယ်။ အဲဒါကို လက်ရှိကာလမှာနေထိုင်တတ်ခြင်းလို့ခေါ်ပါတယ်။ အဲဒီလို လက်ရှိကာလမှာသာ နေထိုင်တွေးခေါ်တတ်ခြင်းက အပြောသာ လွယ်ပါတယ်။ တကယ်လိုက်လုပ်နိုင်ဖို့ကတော့ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများက ခုလက်ရှိမှာသာနေနေပေမယ့် အတွေးတွေက မဖြစ်သေးတာကိုတွေးလိုက်၊ ဖြစ်ပြီးတာတွေကိုတွေးပြီး နာကျင်လိုက်၊ ပျော်ရွှင်လိုက်၊ ဝမ်းနည်းလိုက်နဲ့ ဖြစ်နေတတ်တာကိုး ။ သင့်ကို စာပြန်တာ၊ အီးမေးလ်၊ လာမယ့်အစီအစဉ်၊ နောက်ဆုံးသတ်မှတ်ရက် စတာတွေနဲ့ တွေးခေါ်နေပြီး နေထိုင်မိနေတာမျိုးပါ။
သင့်ရဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကို မြင့်တင်ပေးနိုင်တဲ့အကောင်းဆုံးအစားအစာများ
သင့်ခန္ဓာကိုယ်မှာ ခုခံအားစနစ်ကောင်းမွန်နေတဲ့အခါမှာ သင့်ရဲ့ကျန်းမာရေးကို ပိုကောင်းအောင် ကူညီနိုင်ပါတယ်။ ခုခံအားကောင်းစေတဲ့အစားအစာတွေ ရှိပါတယ်။ သင့်ရဲ့ကိုယ်တွင်းအဂါၤ ၊ ဆဲလ်များ၊ တစ်ရှုးစများ၊ ပရိုတင်း စတဲ့အရာတွေမှာ ခုခံအားစနစ်ပါဝင်ပါတယ်။ ထိုအရာတွေကနေတဆင့် ရောဂါပိုးတွေက ဗိုင်းရပ်စ်၊ ဘက်တီးရီးယားအဖြစ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို သယ်ဆောင်ပြီး ခန္ဓာကိုယ်မှာ ရောဂါကူးစက်စေတာဖြစ်ပါတယ်။ အဲဒါကြောင့် ရောဂါပိုးတွေက ခုခံအားကောင်းတဲ့စနစ်နဲ့ထိတွေ့တဲ့အခါ တုံ့ပြန်တိုက်ခိုက်ခြင်းကိုခံရပါတယ်။ ခုခံအားစနစ်ကနေ ပဋိဇီဝပစ္စည်းတွေထုတ်လုပ်ပေးပါတယ်။ ထိုပစ္စည်းတွေကနေ ရောဂါပိုးတွေကို သတ်ပြစ်နိုင်တာဖြစ်ပါတယ်။ ခုခံအားကို ကောင်းမွန်စေတဲ့အစားအစာတွေက လူရဲ့ခုခံအားကို မြင့်တင်ပေးနိုင်ပါတယ်။ ထိုအစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ့်ကိုကိုယ်ပြန်သုံးသပ်နိုင်ဖို့ နည်းလမ်း ၈ခု
လူတိုင်းက ကိုယ့်ကိုကိုယ်ပြန်သုံးသပ်သင့်ပါတယ်။ အမြဲတမ်းမှားနေတဲ့သူမရှိသလို၊ အမြဲတမ်းလည်း မှန်နေတဲ့သူမရှိဘူးမဟုတ်လား။ လူ့ဘဝမှာ အမှန်ချည်းမဖြစ်နိုင်ပေမယ့် အမှားနည်းအောင်တော့ နေလို့ရပါတယ်။ အဲဒီလို အမှားနည်းဖို့ကတော့ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်တဲ့နည်းလမ်းကိုအသုံးချရမှာပါ။ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခြင်းက ကိုယ်မှားခဲ့တာတွေကိုလည်း ပြန်ပြီး သင်ခန်းစာယူနိုင်ပါတယ်။ ကိုယ်မှန်ခဲ့တာတွေကိုလည်း ပြန်ပြီး မြင်လာစေပါတယ်။ အဲဒါကြောင့် သင့်ကိုသင်ပြန်သုံးသပ်နိုင်စေမယ့် နည်းလမ်းလေးတွေဖော်ပြလိုက်ပါတယ်။
သင့်အိမ်ထောင်ဖက်နဲ့ ဆက်ဆံရေး အဆင်ပြေစေမယ့်နည်းလမ်းများ
ဒီနေ့ခေတ်ရဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက သင်တို့နှစ်ဦးကြားက ဆက်ဆံရေးအတွက် စေပါတယ်။ စိတ်ကျန်းမာရေးနဲ့ကိုယ်ကျန်းမာရေးဆိုင်ရာ ပြဿနာပေါင်းစုံက သင်တို့ကြားမှာ အချင်းများစရာတွေဖြစ်လာစေပါတယ်။ လိုချင်တာတွေများပြီး မဖြစ်လာနိုင်တာ၊ အလုပ်ခွင်က စိတ်ဖိစီးမှုတွေ၊ လူမှုဆက်ဆံရေးအရ အဆင်မပြေမှုတွေ၊ မိသားစုကြားကပြဿနာတွေ စသည်ဖြင့် စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေက အဓိကပါပဲ။ အောက်ပါအချက်တွေက သင်တို့အချင်းချင်း အမြဲလို အဆင်ပြေစေမယ့်နည်းလမ်းကောင်းတွေဖြစ်ပါတယ်။
အလုပ်နဲ့ဘဝကို မျှတအောင် ဘယ်လိုလုပ်သင့်သလဲ။
ကျွန်တော်တို့ အမြဲလိုကြားနေကျစကားရှိပါတယ်။ အလုပ်နဲ့ဘဝကို မျှတအောင်လုပ်ရမယ်ဆိုတာပေါ့။ အဲဒါက ဘာကိုဆိုလိုတာလဲဆိုတော့ အလုပ်နဲ့ သင့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအချိန်တွေကို ကောင်းမွန်စွာ အချိုးညီမျှစွာ သုံးနိင်ဖို့ပြောချင်တာပါ။ အလုပ်မှာ stress များတယ်လို့ပြောတတ်ကြတဲ့သူတွေဆိုရင် များသောအားဖြင့် အလုပ်သွားဖို့ကိုစိတ်မပျော်တတ်ကြသလို၊ အိမ်ပြန်ရောက်ချိန်မှာလည်း အလုပ်က စိတ်ဖိစီးမှုတွေနဲ့ မိသားစုဘဝမှာ စိတ်ကြည်လင်မှုရှိမှာမဟုတ်ပါဘူး။ စိတ်ကြည်လင်မှုမရှိတဲ့အခါ မိသားစုဘဝက သာယာမှုမရှိနိုင်ပါဘူး။ စိတ်တိုဒေါသကြီးခြင်း၊ စိတ်မရှည်ခြင်း၊ အိမ်ထောင်ဘက်နဲ့အဆင်မပြေခြင်း၊ သားသမီးတွေကို အချိန်ပေးချင်စိတ်မရှိခြင်း စတဲ့ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ နောက်ထပ် စိတ်ဓာတ်ကျဆင်းခြင်းနဲ့ အထီးကျန်ခြင်းပါ ခံစားရနိုင်ပါတယ်။ စိတ်ကျန်းမာရေးမကောင်းတဲ့အခါ ကိုယ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ အဲဒါကြောင့် အလုပ်နဲ့ဘဝကို မျှတအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာလေးကို မျှဝေပေးလိုက်ပါတယ်။
လူမှုဆက်ဆံရေးအရကိုယ့်ကိုကိုယ်ဂရုစိုက်သင့်တဲ့အချက်များ
အခြားဂရုစိုက်သင့်တဲ့အချက်တွေလိုပဲလူမှုဆက်ဆံရေးအရကိုယ့်ကိုကိုယ်ဂရုစိုက်သင့်တဲ့အချက်တွေရှိပါတယ်။ လူမှုဆက်ဆံရေးမှာလည်း ကိုယ့်ကို စိတ်ပျော်ရွှင်စေပြီး ကိုယ့်ကိုအမှန်တကယ် နှစ်သက်တဲ့သူတွေနဲ့သာ ဆက်ဆံတတ်ဖို့၊ ထိုသူတွေကို တန်ဖိုးထားတတ်ဖို့လိုပါတယ်။ အပြန်အလှန်အကူအညီ ပေးနိုင်ဖို့လည်း ဂရုစိုက်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် သင်သတိမထားမိနေမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Comfort Zone ထဲကနေ ဘာလို့ရုန်းထွက်သင့်တာလဲ။
Comfort zone ဆိုကတည်းက သက်တောင့်သက်သာရှိမယ့်နေရာမျိုးပါ။ ကိုယ့်အတွက် အရမ်းကိုဖိစီးမှုနည်းပါးပြီး ကိုယ့်အတွက် အရမ်းနေပျော်မယ့်နေရာမျိုးဖြစ်နေမှာပါ။ လောကမှာ ဘယ်သူမဆို သက်တောင့်သက်သာရှိခြင်း၊ ပေါ့ပါးစွာအသက်ရှင်ရခြင်း၊ ပူပန်ခြင်းကင်းတာကို မကြိုက်တဲ့သူရှိမယ်မထင်ပါဘူးနော်။ လူတိုင်းက နေ့စဉ်ဘဝမှာ ပူပန်မှုတွေ၊ အကြပ်အတည်းတွေ၊ ခက်ခဲမှုတွေ၊ အတိုက်အခိုက်တွေကို ကျော်လွှားပြီး နေ့စဉ်အသက်ရှင်ရပ်တည်မှုအတွက် ကြိုးစားနေကြရတာမို့ ဘယ်သူမဆို ပေါ့ပါးစွာရှင်သန်ရမယ့်နေရာကို မကြိုက်တဲ့သူရယ် ရှိမှာမဟုတ်ပါဘူး။ အဲဒါက ထုံးစံတစ်ခုပါပဲ။
ဝိတ်ကျဖို့ အထောက်အကူဖြစ်စေသော ဗီတာမင်ဓာတ်များ
ဗီတာမင်ဓာတ် တစ်မျိုးထဲနဲ့တော့ အံ့အားသင့်ဖွယ် ဝိတ်ကျအောင် ကူညီနိုင်တာမျိုးမဟုတ်ပါဘူးနော်။ အခြားကိုယ်လက်လှုပ်ရှားမှုတစ်ခုခု၊ လေ့ကျင့်ခန်းတစ်ခုခုနဲ့တွဲလုပ်ခြင်းကပိုပြီး ထိရောက်စေပါတယ်။ ခုပြောပြပေးချင်တာကတော့ ဗီတာမင်တွေထဲမှာမှ သင့်ဝိတ်ကျဖို့ အကူအညီပေးနိုင်တဲ့ဗီတာမင်တွေအကြောင်းပါ။