ဝိတ်ကျဖို့ အထောက်အကူဖြစ်စေသော ဗီတာမင်ဓာတ်များ

ဗီတာမင်ဓာတ် တစ်မျိုးထဲနဲ့တော့ အံ့အားသင့်ဖွယ် ဝိတ်ကျအောင် ကူညီနိုင်တာမျိုးမဟုတ်ပါဘူးနော်။ အခြားကိုယ်လက်လှုပ်ရှားမှုတစ်ခုခု၊ လေ့ကျင့်ခန်းတစ်ခုခုနဲ့တွဲလုပ်ခြင်းကပိုပြီး ထိရောက်စေပါတယ်။ ခုပြောပြပေးချင်တာကတော့ ဗီတာမင်တွေထဲမှာမှ သင့်ဝိတ်ကျဖို့ အကူအညီပေးနိုင်တဲ့ဗီတာမင်တွေအကြောင်းပါ။


ဗီတာမင် ဒီ
မင်နီဆိုးတာပြည်နယ်ရှိ တက္ကသိုလ်ရဲ့လေ့လာချက်အရ ဝိတ်တက်နေတဲ့သူတွေအတွက် ဗီတာမင်ဒီက ကူညီပေးနိုင်ပါတယ်။
ဗီတာမင်ဒီက ကျွန်တော်တို့ပတ်ဝန်းကျင်မှာပေါပေါလောလောရနိုင်ပါတယ်။ နေရောင်နွေးနွေးအောက်မှာ ရေကူးခြင်းကလည်း သင့်ခန္ဓာကိုယ်မှ ဗီတာမင်ဒီကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အိမ်ထဲမှာသာ နေတဲ့သူတော်တော်များများအတွက်ကျတော့ အဲဒီ့နည်းလမ်းကအဆင်မပြေနိုင်သလို အခြားသောအကြောင်းအရာတွေကြောင့် အဆင်မပြေဖြစ်နိုင်တယ်ဆိုရင် ဖြည့်စွက်တဲ့အနေနဲ့ ဈေးကွက်ထဲမှာ ဝယ်ယူလို့ရပါတယ်။
ဗီတာမင်ဒီ ချို့တဲ့မှုနဲ့ အဝလွန်ခြင်း၊ ဝိတ်တက်ခြင်းတို့က ဆက်စပ်မှုရှိနေပါတယ်။ အဲဒါအပြင် ဗီတာမင်ဒီကို အစားအစာတွေမှလည်း ရနိုင်ပါသေးတယ်။ တူနာငါး၊ အမဲသား၊ အမဲအသည်း၊ ချိစ်၊ ကြက်ဥအနှစ်၊ ကွေကာနဲ့နို့်မှတဆင့်ရနိုင်ပါတယ်။

ဗီတာမင် စီ
ဗီတာမင်စီကတော့ ကျွန်တော်တို့ကြားဖူးနေကျဖြစ်မှာပါ။ လိမ္မော်ရည်တစ်ခွက်သောက်ခြင်းကနေ ဗီတာမင်စီရနိုင်တယ်လို့ အကြမ်းဖျင်းသိထားကြပါတယ်။
ဗီတာမင်စီက ဝိတ်ကျဖို့အထောက်အကူဖြစ်စေတယ်ဆိုတာကော သင်သိရဲ့လား။ လေ့လာချက်တွေအရ ဗီတာမင်စီရရှိမှုများလေ ဝိတ်ကျလေပဲလို့ ဖော်ပြထားကြပါတယ်။ ဗီတာမင်စီကို အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေမှတဆင့်ရနိုင်တာမို့ တပြိုင်တည်းမှာပဲ ကျန်းမာရေးအတွက်လည်း အဆင်ပြေစေပါတယ်။
ဗီတာမင်စီ က သင့်ခန္ဓာကိုယ်တွင်းမှ သံဓာတ်စုပ်ယူမှုလည်း အားကောင်းစေပါတယ်။ ကီဝီသီး၊ ဖရဲသီး၊ နာနတ်သီး၊ ဂရိတ်ဖရုသီး၊ သင်္ဘောသီး၊ ရက်စ်ဘယ်ရီသီး၊ ကရိန်းဘယ်ရီသီးနဲ့ စတော်ဘယ်ရီသီးတို့မှာ ပါဝင်ပါတယ်။.

ဗီတာမင် ဘီတွဲ
Cobalamin လို့လည်း ခေါ်ကြပါတယ်။ ဗီတာမင်ဘီတွဲက ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တော်တော်များများအတွက် အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ သွေးနီဥတွေထိန်းသိမ်းခြင်းနဲ့ ုထုပ်လုပ်ခြင်းအတွက်အရေးကြီးပါတယ်။ အာရုံကြောဆဲလ်တွေနဲ့ DNA အတွက်လည်း အရေးပါပါတယ်။ သင့်ခန္ဓာကိုယ်က ဖြစ်စဉ်အမျိုးမျိုးအတွက် မရှိမဖြစ်လိုအပ်ပြီး အရေးကြီးတဲ့ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။
ဗီတာမင်ဘီတွဲချို့တဲ့တဲ့အခါ ထိုအာဟာရဓာတ်ကို စွမ်းအင်အဖြစ်လောင်ကျွမ်းပစ်လိုက်ရမယ့်အစား သင့်ခန္ဓာကိုယ် တစ်ရှုးတွေထဲကို အဆီအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ အဲဒါကြောင့် သင့်ခန္ဓာကိုယ်မှာ ဗီတာမင်ဘီတွဲ ပမာဏလုံလောက်စွာရရှိနေခြင်းက သင့်ဝိတ်ကျဖို့ကို ကူညီပေးနိုင်ပါတယ်။
ဗီတာမင်ဘီတွဲကို တိရိစ္ဆာန်မှရရှိသော ပစ္စည်းများနဲ့ ဖြည့်စွက်စာများကနေ ရနိုင်ပါတယ်။ ဒါပေမယ့် အပင်ကရတဲ့အစားအစာတွေမှာတော့ မတွေ့ရတတ်ပါဘူး။ ဆာဒင်းငါး၊ အမဲသား၊ နို့်၊ ငါးနဲ့ ကြက်ဥတွေကနေ ရနိုင်ပါတယ်။

ဗီတာမင်ဘီဝမ်း
ဗီတာမင်ဘီဝမ်းကို thiamine လို့လည်း ခေါ်ပါတယ်။ ဗီတာမင် ဘီတွဲနဲ့ ဆက်နွယ်နေပြီး ဗီတာမင်ဘီအုပ်စုထဲကပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဗီတာမင်ဘီဝမ်းကလည်းပဲ ပေါင်ချိန်တက်ခြင်းကို ဆန့်ကျင်နိုင်တဲ့အကျိုးရှိပါတယ်။
အစားစားချင်စိတ်ကိုလည်း ပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်ပါသေးတယ်။
သင့်ရဲ့ကာဗွန်ဟိုက်ဒရိတ်တွေကို စွမ်းအင်အဖြစ်ပြောင်းလဲဖို့ အရေးကြီးတဲ့ ဓာတ်ဖြစ်ပါတယ်။ ဗီတာမင်ဘီဝမ်းချို့တဲ့တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ကာဗွန်ဟိုက်ဒရိတ်တွေ စုပုံလာပြီး အဆီဖြစ်လာပါတယ်။ အဆီကိုမလောင်ကျွမ်းနိုင်ဘဲ ဝိတ်တက်တာမျိုးဖြစ်လာနိုင်ပါတယ်။
ဗီတာမင်ဘီဝမ်းကို နို့၊ ကြက်ဥ၊ နဲ့ အစေ့အဆန်တွေကနေ ရနိုင်ပါတယ်။ ဗီတာမင်ဘီ ဖြည့်စွက်စာအဖြစ်လည်းရနိုင်ပါတယ်။ လိမ္မော်သီး၊ ဝက်သား၊ အခွံမာသီး၊ ပေါင်မုန့်နဲ့ ဆန်မှတဆင့်လည်း ရနိုင်ပါတယ်။

သတ္တုဓာတ်များ
သတ္တုဓာတ်အနည်းငယ်ကတော့ ဝိတ်ကျစေဖို့ အထောက်အကူပြုပါတယ်။
ကယ်လဆီယမ်က သွေးထဲက သကြားဓာတ်ကို ထိန်းထားပေးနိုင်ပါတယ်။ ဗီတာမင်ဒီနဲ့တွဲပြီး သင့်အရိုးတွေအတွက် အထောက်အကူဖြစ်စေပါတယ်။ ဝိတ်ကျဖို့လည်း ကူညီနိုင်ပါတယ်။ ကယ်လဆီယမ်ကိုတော့ နို့ထွက်ပစ္စည်းတွေကနေ ရနိုင်ပါတယ်။

သံဓာတ် ကတော့ သွေးနီဥတွေကို ဖြစ်ပေါ်စေပါတယ်။ ခန္ဓာကိုယ်ထဲကဆဲလ်တွေကို အောက်ဆီဂျင်သယ်ဆောင်ပေးနိုင်ပါတယ်။ သံဓာတ်နည်းပါးတဲ့အခါ သွေးနီဥထုတ်လုပ်ခြင်းလျော့ကျစေပြီး သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။ သွေးနီဥနည်းပါးခြင်းက ဆဲလ်တွေကို အောက်ဆီဂျင်အရောက်နည်းတယ်လို့ ဆိုလိုတာဖြစ်ပြီး လေ့ကျင့်ခန်းလုပ်နိုင်စွမ်းအားနည်းခြင်းနဲ့ အဆီတွေဖြစ်ပေါ်လာစေဖို့ အားပေးသလိုဖြစ်စေပါတယ်။

မဂ္ဂနီဆီယမ်ကတော့ အင်ဇီုင်းတွေအတွက် အရေးကြီးပါတယ်။ ဆဲလ်တွေအတွက် စွမ်းအင်ရစေတဲ့အရင်းအမြစ်လည်းဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်အားနည်းခြင်းက ဇီဝကမ္မဖြစ်စဉ်တွေအပေါ်သက်ရောက်ပါတယ်။ မဂ္ဂနီဆီယမ်ကို အခွံမာသီး၊ အစေ့တွေနဲ့ အစေ့အဆန်တွေကနေမှတဆင့် ရနိုင်ပါတယ်။ .

https://www.lifehack.org/824801/vitamins-for-weight-losshttps://www.lifehack.org/824801/vitamins-for-weight-loss လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။