နိုင်ငံတကာသမိုင်းတစ်လျှောက် ဟုန်းဟုန်းတောက်ကျော်ကြားခဲ့သောအမျိုးသမီး ၈ ဦး
လူ့သမိုင်းအစကနေ ယနေ့ခေတ်ကာလအထိ သမိုင်းတစ်လေ ျှာက် နယ်ပယ်အသီးသီးမှာထူးခ ျွန်ကေ ျာ်ကြားခဲ့သူတွေ အမ ျားအပြားရှိခဲ့ပါတယ်။ အဲ့ဒီအထဲကမှ သမိုင်းတစ်လေ ျှ ာက် ထင်ရှားအရေးပါခဲ့တဲ့ ထူးချွန်ပြောင်မြောက်တဲ့အမ ျိုးသမီး ၈ ယောက်အကြောင်း ကိုရွေးချယ်ဖော်ပြလိုက်ပါတယ်။
Florence Nightingale (1820 - 1910) ဆင်ခြေမပေးခဲ့သလို ဆင်ခြေပေးတာကိုလဲ လက်မခံခဲ့ဘူး - ဒါကြောင့်ကျွန်မရဲ့လုပ်ရပ်တွေ အောင်မြင်ခဲ့တယ် ဆိုပြီးပြောခဲ့တဲ့ Florence Nightingale ကိုမီးအိမ်ရှင်လို့တင်စားခေါ်ဝေါ်ခံခဲ့ရလောက်အောင် သူမဟာ ကမ္ဘာ့အကျော်ကြားဆုံး သူနာပြုတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ခရိုင်းမီးယန်းစစ်ပွဲ (Crimean War) အတွင်း အခြားအမျိုးသမီးသူနာပြု ၃၈ ယောက်နဲ့အတူ ဒဏ်ရာရစစ်သားတွေကို ပြုစုပေးခဲ့တဲ့သူမရဲ့ ကြင်နာမှုနဲ့သတ္တိတွေကသူမကို သမိုင်းတွင်တဲ့ ရဲရဲတောက်အမျိုးသမီးဖြစ်စေခဲ့ပါတယ်။
နောက်တစ်ပုံMother Teresa (1910 - 1997) " ငြိမ်းခြမ်းရေးဟာ အပြုံးနဲ့စပါတယ် လို့ဆိုမိန့်ခဲ့တဲ့ ကက်သိုလစ် သီလရှင်တစ်ဖြစ်လဲ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာသာထရီဇာကို မေတ္တာရှင်တစ်ဦးအဖြစ် လူသိများကြပါတယ်။ " သူမရဲ့ဘဝတစ်လျှောက် လူမှုအကျိုးပြုလုပ်ငန်းစဉ်တွေ၊ ပရဟိတလုပ်ငန်းစဉ်များကို အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားခဲ့သူတစ်ယောက်ပါ။ အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲမွဲတွေမှုကို တိုက်ဖျက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ Mother Teresa ကို ၂၀ ရာစုရဲ့အကြီးကျယ်ဆုံးအမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ထားကြပါတယ်။
နောက်တစ်ပုံRosa Park (1913 - 2005) လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုနဲ့ လူသားအားလုံးရဲ့ကောင်းကျိုးကို လိုလားသူတစ်ဦးအဖြစ် ကျွန်မကို အမှတ်ရနေစေချင်တယ်လို့ Rosa Park ကပြောခဲ့ဖူးပါတယ်။ December 1, 1955 ခုနှစ်၊ အမေရိကန်ပြည်ထောင်စုမှာဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုမှာ အာဖရိကန်-အမေရိကန် အမျိုးသမီးတစ်ဦးဟာ အထင်ကရ အမှတ်သညာတစ်ခုဖြစ်လာခဲ့ပါတယ်။ လူဖြူ၊ လူမဲခွဲခြားဆက်ဆံခံရမှုတွေကို သူမရဲ့ဘဝတစ်လျှောက်လုံး မဆုတ်မနစ် တိုက်ပွဲဝင်သွားခဲ့ပါတယ်။ Rosa Park ဟာ “The first lady of civil rights,” ”the mother of freedom movement” လို့လည်းသတ်မှတ်ခေါ်ဝေါ်ခံခဲ့ရပါတယ်။
နောက်တစ်ပုံMargaret Thatcher (1925 - 2013) “ထိုက်သင့်တဲ့ ကြိုးစားမှုမရှိပဲနဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတဲ့သူကို ကျွန်မတွေ့ဖူးဘူး။ ကြိုးစားမှုက အဓိကသော့ချက်ပဲ။ အမြဲတမ်း ထိပ်ဆုံးကိုမရောက်တောင် ထိပ်ဆုံးနဲ့အတော်နီးနီးကိုတော့ ရောက်စေမှာသေချာတယ်။” Margaret Thatcher ဟာ၂၀ရာစုရဲ့ သက်တမ်းအရှည်ကြာဆုံး ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ နိုင်ငံရေးခံယူချက်နဲ့ စီမံအုပ်ချုပ်ပုံတွေကြောင့် “Iron Lady” လို့တင်စားခေါ်ဝေါ်ခံရသူလဲဖြစ်ပါတယ်။ ဗြိတိန်နဲ့ ကမ္ဘာ့နိုင်ငံရေးလောကမှာ လွှမ်းမိုးမှုအရှိဆုံးနဲ့ လူအသိများဆုံး အမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။
နောက်တစ်ပုံAmelia Earhart (1897 - 1937) " အမျိုးသမီးတွေဟာလဲ အမျိုးသားများနည်းတူ ကြိုးစားကြရမယ်၊ ကျရှုံးခဲ့တယ်ဆိုရင်တောင် တစ်ယောက်ရဲ့ ကျရှုံးမှုက အခြားအမျိုးသမီးတွေအတွက် စိန်ခေါ်မှုဖြစ်စေရမယ်။ " Atlantic Ocean ကိုတစ်ယောက်ထဲ ပထမဆုံးဖြတ်သန်းခဲ့တဲ့ အမျိုးသမီးလေယာဉ်ပိုင်းလော့ဖြစ်ပါတယ်။ Amelia Earhart ဟာအမျိုးသမီးတွေကို ပျံသန်းဖို့အတောင်ပံတွေ ပေးခဲ့သူပါ။ သူမရဲ့ဦးဆောင်မှုကြောင့် နောက်ပိုင်းမှာ အမျိုးသမီးလေယာဉ်ပိုင်းလော့များစွာ ပေါ်ထွက်လာခဲ့ပါတယ်။ သူမရဲ့ပျံသန်းမှုအတွေ့အကြုံတွေအကြောင်းကို စာအုပ်တွေရေးခဲ့ပြီးတော့ သူ့ခေတ်သူ့အခါကဆိုရင် စံပြအမျိုးသမီးတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
နောက်တစ်ပုံMary Wollstonecraft (1759 - 1797) အမျိုးသမီးတွေကို အမျိုးသားများအပေါ် အုပ်ချုပ်ချယ်လှယ်စေဖို့ ကျွန်မဆန္ဒမရှိပါဘူး၊ ဒါပေမယ့် သူတို့ကိုယ်သူတို့တော့ အုပ်ချုပ်နိုင်စေချင်ပါတယ် လို့ Mary ကအဆိုပြုခဲ့ပါတယ်။ Mary Wollstonecraft ဟာ ၁၇ရာစုနှစ်က အမျိုးသမီးရေးရာတက်ကြွလှုပ်ရှားသူတစ်ဦးပါ။ အမျိုးသမီးများဟာ အမျိုးသားများထက်မနိမ့်ကျဘူး၊ တန်းတူစွမ်းဆောင်နိုင်ရည်ရှိကြတယ်လို့ အဆိုပြုခဲ့တဲ့ သူမရဲ့စာတမ်းဟာ အဲ့ဒီခေတ်အခါက တကယ့်ကို တော်လှန်မှုတစ်ခုပါပဲ။ သူမက အမျိုးသမီးတွေ တန်းတူညီမျှစွာ ဆက်ဆံခံရဖို့တောင်းဆိုခဲ့ပါတယ်။ ယနေ့ခေတ်မှာ သူမကို Feminist Philosophy ကိုစတင်မိတ်ဆက်ပေးသူတစ်ဦးအဖြစ် လက်ခံထားကြပါတယ်။
နောက်တစ်ပုံHellen Keller (1880 - 1968) ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ အကောင်းဆုံးဆိုတဲ့အရာတွေဟာ မျက်စိနဲ့လဲမမြင်နိုင်ဘူး၊ ထိတွေ့လို့လဲမရနိုင်ဘူး၊ နှလုံးသားနဲ့သာ ခံစားနိုင်မှာပါ။ နားမကြား၊ မျက်စိမမြင်သူတစ်ယောက်ဖြစ်ပေမယ့် Hellen Keller ဟာသမိုင်းတစ်လျှောက် စိတ်ဓာတ်အကြံ့ခိုင်ဆုံးနဲ့ မိမိကိုယ်ကို ယုံကြည်ချက်အရှိဆုံး အမျိုးတစ်ဦးဖြစ်ပါတယ်။ စာရေးဆရာ၊ စာပေပို့ချသူနဲ့ နိုင်ငံရေးလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး Bachelor of Arts Degree ကိုရယူနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး အမြင်အာရုံ၊ အကြားအာရုံချို့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဘဝကို အလျှော့မပေးပဲ ကြိုးစားခဲ့တဲ့စိတ်ဓာတ်ကြောင့် အထူးလေးစားဖွယ် စံပြအမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ထားခြင်းခံရပါတယ်။
နောက်တစ်ပုံMarie Curie (1867 - 1934) Marie Curie ရဲ့ နာမည်အကြီးအဆုံးအဆိုအမိန့်တစ်ခုကတော့ ဘဝမှာဘယ်အရာကိုမှ ကြောက်ဖို့မလိုအပ်ပါဘူး၊ နားလည်ဖို့ပဲလိုအပ်တာပါ။ ကမ္ဘာ့ပထမဆုံး အမျိုးသမီးနိုဘယ်ဆုရှင်၊ ကမ္ဘာ့ပထမဆုံးနဲ့တစ်ဦးတည်းသော မတူညီတဲ့ သိပ္ပံနယ်ပယ် ၂ ခုမှာ နိုဘယ်ဆုရရှိခဲ့သူ စတဲ့ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ 1903 ခုနှစ်မှာ ရူပဗေဒနိုဘယ်ဆုနဲ့ 1911 ခုနှစ်မှာ ဓာတုဗေဒနိုဘယ်ဆု အပ်နှင်းခံခဲ့ရပါတယ်။ Marie Curie ဟာ ကမ္ဘာ့ပထမဆုံး အမျိုးသမီး Professor အဖြစ် University of Paris မှာတာဝန်ထမ်းဆောင်ခဲ့သူလဲဖြစ်ပါတယ်။