လူမှုဆက်ဆံရေးအရကိုယ့်ကိုကိုယ်ဂရုစိုက်သင့်တဲ့အချက်များ

အခြားဂရုစိုက်သင့်တဲ့အချက်တွေလိုပဲလူမှုဆက်ဆံရေးအရကိုယ့်ကိုကိုယ်ဂရုစိုက်သင့်တဲ့အချက်တွေရှိပါတယ်။ လူမှုဆက်ဆံရေးမှာလည်း ကိုယ့်ကို စိတ်ပျော်ရွှင်စေပြီး ကိုယ့်ကိုအမှန်တကယ် နှစ်သက်တဲ့သူတွေနဲ့သာ ဆက်ဆံတတ်ဖို့၊ ထိုသူတွေကို တန်ဖိုးထားတတ်ဖို့လိုပါတယ်။ အပြန်အလှန်အကူအညီ ပေးနိုင်ဖို့လည်း ဂရုစိုက်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် သင်သတိမထားမိနေမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


• နေ့တစ်နေ့ရဲ့အဆုံးသတ်မှာ သင်တစ်နေ့တာလုံးလုပ်ခဲ့သမျှကို ပြန်သုံးသပ်ပါ။
• သင့်ကလေးကိုတစ်နေ့တာဘာဖြစ်ခဲ့သလဲ ပြန်မေးပေးပါ။ ပြောသမျှ နားထောင်ပေးပါ။
• မိသားစုဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်ပါ။ အချိန်ပေးပါ။
• မိဘများထံအလည်သွားပြီးလက်ဆောင်ပေးတာမျိုး၊ ဂရုစိုက်တာမျိုးလုပ်ပါ။
• ရင်းနှီးတဲ့သူငယ်ချင်းများနဲ့ မိသားစုဝင်များကို နှုတ်ဆက်စကားပြောပါ။
• သင့်ရဲ့သူငယ်ချင်းများ၊ မိသားစုဝင်များကို ကူညီပါ။ ဖေးမပါ။
• သင့်ကလေးနဲ့ တစ်နေ့လျှင် ၁၅မိနစ်ခန့်စကားပြောပေးပါ။
• သင့်ချစ်သူကိုပွေ့ဖက်ပေးပါ။
• သင်ချစ်ခင်ရတဲ့သူတွေကိုအံ့အားသင့်အောင်၊ ပျော်ရွှင်အောင်လုပ်ပါ။
• အလှူဒါနပြုနိုင်သလောက် ပြုပါ။
• မုန့်တွေလုပ်ပြီးအိမ်နီးနားချင်းတွေကို ဝေမျှပေးတာမျိုး လုပ်ပါ။
• မေ့ပစ်ဖို့၊ ခွင့်လွှတ်ဖို့သင်ယူပါ။ စိတ်ရှုပ်ထွေးမှုတွေကိုဖြေရှင်းပါ။ စိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေကသင့်စိတ်ရဲ့ငြိမ်းချမ်းမှု့ကိုဖျက်ဆီးပစ်နိုင်ပါတယ်။
• သင်တို့ရဲ့အထိမ်းအမှတ်နေ့မျိုးမှာစာရေးပြီးပို့တာ၊ လက်ဆောင်ပေးတာပဲဖြစ်ဖြစ်လုပ်ပါ။ သင့်ရဲ့ချစ်သူ၊ သင့်ရဲ့မိဘတွေ၊ သင့်ရဲ့သူငယ်ချင်းမွေးနေ့စသဖြင့်ပေါ့။
• မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေကိုဖုန်းခေါ်တာဖြစ်ဖြစ်၊ တွေ့ဆုံကြတာဖြစ်ဖြစ် လုပ်ပါ။ အရင်အချိန်ကရယ်စရာတွေပြောပြီးရယ်မောပါ။
• မိသားစုနဲ့ ဂိမ်းကစားတာပဲဖြစ်ဖြစ် လုပ်ပါ။
• သင့်ကလေးတွေနဲ့ အပြင်ထွက်လည်ပါ။ ပန်းခြံကစားကွင်းလိုက်ပို့ပေးပါ။
• ကလေးတွေကိုလေ့ကျင့်ခန်းလုပ်ခိုင်းပါ။ လေ့ကျင့်ခန်းလုပ်ခြင်းကကျန်းမာဖို့အတွက်အလေ့အကျင့်ကောင်းဖြစ်ပါတယ်။
• တစ်ပတ်မှာအနည်းဆုံးတစ်ကြိမ်ခန့်တော့ မိသားစုထမင်းလက်ဆုံစားပါ။
• မိသားစုလိုက် ချက်ပြုတ်စားသောက်တဲ့အချိန်ရှိပါစေ။ ကိတ်မုန့်ဖုတ်တာဒါမှမဟုတ် ပီဇာလုပ်တာမျိုးအတူတကွပြုလုပ်ကြည့်ပါ။
ကိုယ့်ကို ယုံကြည်မှုကင်းမဲ့စေအောင် လုပ်နိုင်တဲ့သူမျိုးကို ခွာပါ။ ကိုယ့်အပေါ် အမြဲ စစ်မှန်စွာဆက်ဆံတတ်သူများကို တန်ဖိုးထားပါ။
ထိုကဲ့သို့ လူမျိုးကို အပြန်အလှန်ဂရုစိုက်ပေးပါ။

လူဆိုတာ တစ်ယောက်တည်းရပ်တည်လို့ရတာမျိုးမဟုတ်လို့ လူမှုဆက်ဆံရေးအရ ပျော်စရာကောင်းတဲ့အသိုင်းအဝန်းလေးရှိရင် ဘဝက နေပျော်စရာကောင်းပါတယ်။ အဲဒါကြောင့် ပျော်စရာကောင်းတဲ့လူမှုအသိုင်းအဝန်းဖြစ်အောင် ဂရုစိုက်သင့်တဲ့အချက်လေးတွေကို လိုက်နာကြည့်လိုက်ပါအုံး။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။