Pistachio စားခြင်းရဲ့အကျိုးကျေးဇူးများ

Pistas ကအရသာရှိပြီး ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေအများကြီး ရစေပါတယ်။ သဘာဝအားဖြင့် ကိုလက်စထရော ကင်းစင်ပြီး ပရိုတင်းဓာတ်ကြွယ်ဝပါတယ်။ အမျှင်ဓာတ်နဲ့ antioxidant တွေပါဝင်ပါတယ်။


၁) haemoglobin ထုတ်လုပ်ပေးဖို့ကူညီနိုင်ပါတယ်။
haemoglobin ထုတ်လုပ်ဖို့အဓိက လိုအပ်တဲ့ ဗီတာမင် ဘီဆစ်ပါဝင်ပါတယ်။ haemoglobin က အဆုတ်ကနေတဆင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်ပို့ဆောင်ပေးဖို့ အထောက်အကူဖြစ်စေပါတယ်။

၂) အရေပြားကျန်းမာရေးကိုအထောက်အကူပြုပါတယ်။
Pistachios စားခြင်းက သင့်အရေပြားကျန်းမာရေးကို အကျိုးထူးစေပါတယ်။ ဗီတာမင်အီးပါဝင်တာကြောင့် အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေကို တိုက်ဖျက်နိုင်ပါတယ်။ UV rays ကြောင့် ကင်ဆာဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ဖို့ pistachios ရဲ့အဆီကိုလိမ်းနိုင်ပါတယ်။

၃) မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
Pistachios စားခြင်းက အမြင်အာရုံပြဿနာတွေဖြစ်ခြင်းကို လျော့ကျစေပါတယ်။ အသက်အရွယ်ကြီးခြင်းကြောင့် အမြင်အာရုံချို့ယွင်းခြင်းကို သက်သာစေပါတယ်။ zeaxanthin နဲ့ lutein ကဲ့သို့ antioxidants နှစ်မျိုးပါဝင်ခြင်းကြောင့် အမြင်အာရုံနဲ့ပတ်သက်တဲ့ပြဿနာတွေကို ကာကွယ်ဖြေရှင်းပေးနိုင်ပါတယ်။

၄) ခုခံအားကောင်းစေပါတယ်။
ဗီတာမင် ဘီဆစ် ပါဝင်ခြင်းက haemoglobin ထုတ်လုပ်ခြင်းကို ကူညီပေးနိုင်ပါတယ်။ ခုခံအားကောင်းစေပါတယ်။ သင့်ခန္ဓာကိုယ်မှာ ပြင်ပမှာ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီတာမင်ဘီဆစ်ချို့တဲ့ခြင်းက သင့်ခန္ဓာကိုယ်မှာ ပြင်ပရောဂါပိုးတွေကူးစက်နိုင်ပါတယ်။

၅) ရောင်ရမ်းခြင်းကိုသက်သာစေပါတယ်။
ဗီတာမင်အီးနဲ့ ဗီတာမင်အေပါဝင်ခြင်းကြောင့် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ သင့်ခန္ဓာကိုယ်တွင်းက ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး အသေးစားဖျားနာခြင်းတွေအတွက် ဆေးဘက်ဝင်ပါတယ်။

၆)အဝလွန်ခြင်းကိုကာကွယ်နိုင်ပါတယ်။
အမျှင်ဓာတ်ပါဝင်တာကြောင့် အစာအိမ်ကို ပြည့်ဝနေစေပါတယ်။ အဲဒါကြောင့် ထပ်တလဲလဲ အစားစားချင်စိတ်ကို မဖြစ်ပေါ်စေပါဘူး။ အဲဒါကြောင့် သင့်ဝိတ်တက်လာမှာကို ပူစရာမလိုပါဘူး။

၇) သင့်အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။
သင့်ရဲ့အစာခြေစနစ်ကြောင့်ဖြစ်နိုင်တဲ့ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။ အူထဲက အကျိုးပြု ဘက်တီးရီးယားတွေကြီးထွားခြင်းကို အထောက်အကူဖြစ်စေပါတယ်။ အဲဒါကြောင့်အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။ ဗီတာမင်ဘီဆစ်၊ ကော့ပါး၊ မဂ္ဂနီစ်၊ ဖော့စဖောရတ်နဲ့ thiamine ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
https://www.thehealthsite.com/fitness/health-benefis-of-pistachios-diabetes-heart-disease-91962/ လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။