အောင်မဲညိုပန်း (Blue Butterfly Pea) ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
အောင်မဲညိုပန်းကို blue butterfly pea လို့ခေါ်ပြီး ဆေးဘက်ဝင်မှုကြောင့် မြန်မာနိုင်ငံမှာလူသိများလာတဲ့ပန်းပင်တစ်မျိုးဖြစ်ပါတယ်။ ပွင့်ဖတ်မှာ အပြာရင့်ရောင်ရှိပြီး အလယ်မှာအဝါရောင်သန်းပါတယ်။ အောင်မဲဖြူနဲ့ အောင်မဲညို နှစ်မျိုးရှိပေမယ့် အောင်မဲညိုလို့သာ အသိများကြပါတယ်။ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့ အများကြီးရနိုင်ပြီး လက်ဖက်ရည်ပုံစံမျိုးလည်း သောက်သုံးကြပါတယ်။
ဦးနှောက်ရဲ့ဆက်သွယ်မှုအဆင့်အလိုက် ဦးနှောက်ကျန်းမာရေးကောင်းခြင်းမကောင်းခြင်း ဖြစ်ပေါ်စေပါတယ်။ Acetylcholine ပါဝင်မှုကြောင့် အောင်မဲညိုကို သောက်သုံးခြင်းက ဦးနှောက်မှာ Acetylcholine ပမာဏကို တိုးစေပါတယ်။ အသက်အရွယ်အိုမင်းလာလေ Acetylcholine ပမာဏ ကျဆင်းလာတတ်ပါတယ်။ Acetylcholine ပမာဏ ကျဆင်းလာလေ မှတ်ဉာဏ်ဆုံးရှုံးခြင်းနဲ့ အခြားသော ပြဿနာတွေပါဖြစ်ပေါ်လာစေပါတယ်။ အောင်မဲညိုက ထိုပြဿနာတွေကိုဖြေရှင်းပေးနိုင်ပြီး ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
၂) ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ အထေက်အကူဖြစ်စေပါတယ်။
ကင်ဆာဆဲလ်တွေကြီးထွားခြင်းကို တားဆီးပေးနိုင်တဲ့အတွက် ကင်ဆာဖြစ်ပွားမှုကို တိုက်ဖျက်ဖို့ကူညီပေးပါတယ်။ cyclotides ပါဝင်တဲ့ဆေးဖက်ဝင်အပင်အနည်းငယ်မှာ အောင်မဲညိုလည်း တစ်မျိုးအပါအဝင်ဖြစ်ပြီး ကင်ဆာ tumor တွေကို တိုက်ဖျက်စေနိုင်ပါတယ်။
၃) ခန္ဓာကိုယ်တွင်းပိုင်းရောင်ရမ်းမှုတွေကို ကုသပေးနိုင်ပါတယ်။
အောင်မဲညိုကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးထဲခတ်သောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းက ရောင်ရမ်းခြင်းတွေကို ကုသပေးဖို့ ကူညီနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းကဲ့သို့ အထွေထွေ နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။
၄) မျက်စိရောင်ခြင်းကိုလည်း ကူညီပေးနိုင်ပါတယ်။
မျက်လုံးနာခြင်း၊ ရောင်ခြင်းကို သက်သာစေပြီး ဘက်တီးရီးယားကြောင့် မျက်လုံးထိခိုက်ခြင်းကို ကုသဖို့အတွက် အထောက်အကူပြုပါတယ်။
၅) သွေးဖိအားကိုလျော့ကျစေပါတယ်။
သွေးတိုးတတ်တဲ့သူတွေအတွက် အောင်မဲညိုက သွေးဖိအားကိုထိန်းညှိုပေးနိုင်ပါတယ်။
၆) အရေပြားအတွက်ကောင်းမွန်စေပါတယ်။
Antioxidants တွေပါဝင်တာကြောင့် အရေပြားပျက်စီးခြင်းကို ကုစားပေးနိုင်ပါတယ်။ sugar molecules တွေကြောင့် အရေပြားကို အိုမင်းရင့်ရော်စေပါတယ်။ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို သက်သာစေနိုင်ပါတယ်။
၇) ဆံသားအတွက် အသုံးပြုနိုင်ပါတယ်။
ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတွေမှာ ထည့်သွင်းတတ်ကြပါတယ်။ ဆံသားခြောက်သွေ့ခြင်းကို ပြန်လည်အားဖြည့်ပေးနိုင်ပြီး ဆံသားသန်စွမ်းစေပါတယ်။ ဆံသားအရောင်ဖျော့ခြင်းနဲ့ ဆံပင်ကျွတ်လွယ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၈) အစာခြေစနစ်ကို ကူညီပေးနိုင်ပါတယ်။
အောင်မဲညိုမှာပါဝင်တဲ့ antioxidants တွေက အစာအိမ်ကြွက်သားတွေကို ပြေလျော့စေပြီး အစာခြေစနစ်ကို လွယ်ကူစွာလုပ်ဆောင်စေပြီး အစာခြေလွယ်အောင် ကူညီပေးနိုင်ပါတယ်။
၉) စိတ်ဓာတ်ကျခြင်းကို ကုသဖို့အထောက်အကူဖြစ်စေပါတယ်။
အောင်မဲညိုမှာ စိတ်ဓာတ်ကျခြင်းဖြစ်ပေါ်ခြင်းကို ကုသဖို့ ကူညီပေးနိုင်ပါတယ်။
၁၀) ဆီးချိုရောဂါကို ထိန်းချုပ်ဖို့လည်း အထောက်အကူဖြစ်စေပါတယ်။
သွေးထဲက သကြားဓာတ် စုပ်ယူမှုကို ထိန်းချုပ်ပေးနိုင်တဲ့အံ့သြဖွယ်အစွမ်းရှိပါတယ်။ အဲဒါကြောင့် ဆီးချိုရောဂါသည်တွေကို ကုသဖို့အသုံးပြုရာမှာလည်း အသုံးဝင်တဲ့အပင်တစ်မျိုးဖြစ်ပါတယ်။
၁၁) အထွေထွေနာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။
နားထဲမှာ ဘက်တီးရီးယားကူးစက်ခြင်း၊ နားကိုက်ခြင်းစတာတွေအတွက် အောင်မဲညိုအရည်နဲ့ ဆားအနည်းငယ်ထည့်ပြီး အသုံးပြုကြပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းခံစားနေရတဲ့အခါမှာ အောင်မဲညိုပန်းအခြောက်ကို ဝါးစားပေးခြင်းဖြင့် သက်သာစေတယ်လို့ဆိုကြပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေ အနေနဲ့ကတော့ အောင်မဲညိုစားသင့်မစားသင့်ကိုသက်ဆိုင်ရာဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။
https://www.instah.com/diet/12-health-benefits-blue-butterfly-pea/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။