သင့်ကိုယ်သင်ယုံကြည်မှုတိုးစေဖို့ အလွယ်ဆုံးနည်းလမ်းများ

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့က သင်ကိုယ်တိုင်ဆုံးဖြတ်ထားတယ်ဆိုရင် သင်ယူနိုင်တဲ့စွမ်းရည်တစ်မျိုးဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းဆိုတာက ဘယ်သူမှမွေးကတည်းက ပါလာတာမဟုတ်ပါဘူး။ စွမ်းရည်တစ်ခုအဖြစ် ကိုယ်တိုင်သင်ယူပြောင်းလဲရတာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေဖို့ အရေးကြီးတဲ့အချက်တွေရှိပါတယ်။ အကောင်းမြင်စိတ်ရှိဖို့၊ စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတဲ့အခါ ကြောက်ရွံခြင်းကို ကျော်လွှားနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်မလုပ်နိုင်တော့ဘူးလို့ ထင်နေတာမျိုးတွေကို လုပ်နိုင်လာပါတယ်။


၁) သင့်တော်ပြီး သက်တောင့်သက်သာရှိစွာ ဝတ်စားဆင်ယင်ပါ။
လူတွေရဲ့အမြင်မှာ ပထမဆုံးသတိထားမိတာက သင့်ရဲ့အပြင်ပန်းသွင်ပြင်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် အဝတ်အစားကို သင်တော်သလိုဝတ်စားပါ။ ကြည့်လိုက်တာနဲ့ စမတ်ဖြစ်နေတာမျိုးပေါ့။ အဲဒါအပြင် သင်ဝတ်ထားတဲ့အဝတ်အစားနဲ့ပတ်သက်ပြီး သင့်ကိုသင်ယုံကြည်မှုရှိဖို့လည်း လိုပါသေးတယ်။ သင်ဝတ်စားထားတဲ့အဝတ်အထည်နဲ့ပတ်သက်ပြီးလည်း ယုံကြည်မှုရှိနေဖို့လိုပါတယ်။ ရာသီဥတုပူအိုက်နေတာမျိုးကို သိုးမွေးအင်္ကျ ီလက်ရှည်ကြီး ဝတ်ထားတာမျိုးက ဘယ်သင့်တော်ပါ့မလဲ။ သင့်ကိုသင်လည်း ချွေးတွေထွက်လွန်းလို့ ချွေးစော်နံနေမလားရယ်လို့ ယုံကြည်မှုလျော့ကျနိုင်ပါတယ်။ အဲဒါကြောင့် ရာသီဥတုနဲ့ကိုက်ညီခြင်း၊ အခြေအနေအလိုက် ကိုက်ညီခြင်း၊ သင့်ကိုသင်ယုံကြည်မှုခံစားရစေနိုင်တဲ့ အဝတ်အစားမျိုးဖြစ်သင့်ပါတယ်။

၂) ကိုယ့်ကိုကိုယ်အကောင်းဘက်က သတ်မှတ်ထားပါ။
ကိုယ့်ကိုကိုယ်သတ်မှတ်ခြင်းဆိုတာက အကောင်းမြင်စိတ်ဖြစ်စေပြီး ကျွန်တော်တို့ပုံရိပ်ကို ကျွန်တော်တို့ကိုယ်တိုင်အကောင်းဆုံးဖန်တီးခြင်းပါပဲ။ အကောင်းမြင်တဲ့စိတ်နဲ့ကိုယ့်ကိုကိုယ် ဘာလုပ်မယ်၊ ဘာတော့မလုပ်ဘူးရယ်လို့ သတ်မှတ်ထားခြင်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေပါတယ်။ ကိုယ့်ကိုကိုယ်သံသယဝင်နေတာတွေလည်း လျော့စေပါတယ်။ ကိုယ့်အတွက် ကောင်းစေတဲ့အကြောင်းအရာတွေကိုသာ သတ်မှတ်သင့်ပါတယ်။ ဥပမာ၊ “ကိုယ်ကျင့်တရားဘယ်တော့မှ မဖောက်ဖျက်ဘူး”။ “ဒီကိစ္စကို ငါလုပ်ကိုလုပ်နိုင်ပါတယ်။ ငါ့ကိုငါယုံကြည်တယ်” “ဘယ်တော့မှ လိမ်ညာတဲ့စကားမျိုးမပြောဘူး” “ဘယ်တော့မှ အခြားလူကို မယုတ်မာဘူး” စသဖြင့်ပါ။

၃) ကိုယ့်ကိုကိုယ်မြင်အောင် ပြန်ကြည့်ပါ သုံးသပ်ပါ။
ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းက အမျိုးသမီးတွေမှာ အလိုအပ်ဆုံးပါပဲ။ ဘယ်လောက်အလုပ်ရှု့ပ်ရှုပ် ကိုယ့်ရဲ့အသွင်အပြင်ကို သေချာပြန်ပြီး လေ့လာသုံးသပ်ဖို့လိုပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေး၊ လူမှုဆက်ဆံရေးနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး စတာတွေပေါ်မူတည်ပါတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့၊ လူမှုဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာအားလုံးမှာ ကိုယ်အဆင်ပြေတယ်လို့ခံစားနေရဖို့လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရဆိုရင် ကိုယ်ဝတ်ထားတဲ့အဝတ်အစားက ကိုယ်နဲ့အဆင်ပြေရဲ့လား၊ လိုက်ဖက်မှုရှိရဲ့လား၊ fit ဖြစ်ရဲ့လား။ စိတ်ပိုင်းဆိုင်ရာအရ စိတ်ဖိစီးနေလား၊ စိတ်ရှုပ်ထွေးနေလား၊ ပျော်ရွှင်နေရဲ့လား စသဖြင့်။ ရုပ်ပိုင်းဆိုင်ရာအရ ညစ်ပတ်ပေရေနံ့စော်နေလား စသဖြင့်ပေါ့။

၄) သင့်ကိုသင်ယုံကြည်ပါ။
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့အတွက် အရေးကြီးဆုံးက ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ပါပဲ။ ကိုယ့်ကိုကိုယ်တောင်မယုံကြည်ဘူးဆိုရင် ဘယ်သူက သင့်ကိုအထင်ကြီးလေးစားမလဲ။ အားကိုးမလဲ။ အဲဒါကြောင့် သင်ဖြစ်ချင်တာတွေ၊ သင်လုပ်ချင်စိတ်ရှိနေတာတွေ၊ သင်ရည်မှန်းထားတာတွေ စတဲ့အရာတွေကို သင်ကိုယ်တိုင်လုပ်နိုင်ကြောင်း ယုံကြည်ပါ။

၅) အကောင်းမြင်စိတ်များတဲ့ပတ်ဝန်းကျင်မှာ နေထိုင်ပါ။ ကိုယ့်ကိုအကောင်းမြင်တဲ့ပတ်ဝန်းကျင်မှာရှိနေဖို့လည်း လိုပါတယ်။ မဟုတ်ရင် သင့်ကို အပြစ်တွေချည်းပြောပြီး၊ သင်လုပ်သမျှ မကောင်းဘူးမြင်နေတဲ့သူတွေက သင်ဘာလုပ်လုပ်ဖြစ်မြောက်မှာမဟုတ်ဘူး၊ အောင်မြင်မှာမဟုတ်ဘူးဆိုတာမျိုးပဲ ပြောမှာပါ။ ထိုမကောင်းတဲ့စကားမျိုးကို ကြားပါများလာရင် သင့်ကိုသင်ယုံကြည်မှုကင်းမဲ့လာပါတယ်။ အဲဒါကြောင့် သင်ရောက်နေတဲ့ပတ်ဝန်းကျင်ကို ပြန်ဆန်းစစ်ပါ။ မကောင်းတဲ့ပတ်ဝန်းကျင်ဆိုရင် တဖြေးဖြေးချင်းစွန့်ခွာပါ။ အကောင်းမြင်တဲ့လူတွေနဲ့ဝန်းရံပါ။ သင့်ကို ဖြစ်အောင်လုပ်ဖို့အားပေးတဲ့သူတွေ၊ ကောင်းတဲ့ဘက်က အားပေးသူတွေကို ပေါင်းသင်းပါ။ အဲဒါက သင့်ကိုသင် ယုံကြည်မှုအားနည်းနေတယ်ဆိုရင်တောင် သင့်အတွက် ယုံကြည်မှုတိုးလာစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။