မက်မန်းသီးမှာ ကယ်လိုရီနည်းပါးပြီး အဆီပါဝင်မှုမရှိတဲ့အတွက် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ အဲဒါအပြင် antioxidants တွေနဲ့ vitamin C ၊ vitamins E ၊ K ၊ folate ၊ iron ၊ choline ၊ potassium ၊ magnesium ၊ phosphorus ၊ manganese ၊ zinc နဲ့ copper ဓာတ်တွေပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့အာဟာရဓာတ်တွေရစေမှာပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ မက်မန်းသီးမှ ရနိုင်တဲ့ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့ …..
မိသားစုဆိုတဲ့အဓိပ္ပါယ်ပြည့်ဝပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာတတ်တဲ့ နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့ဆိုတာက လိုအပ်ချက်တွေအများကြီးရှိပါတယ်။ ပင်လယ်ပြင်ကို လှေငယ်နဲ့ဖြတ်သန်းရသလိုပါပဲ။ တစ်ယောက်ထဲလှော်နေလို့လည်း ခရီးမရောက်နိုင်သလို၊ ဘယ်သူမှမလှော်ဘဲ အဆင်သင့်လိုက်ပါနေလို့လည်း မဖြစ်နိုင်ပါဘူး။ တနည်းအားဖြင့်တော့ နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့အတွက် အိမ်မှာရှိတဲ့မိသားစုဝင်တိုင်းမှာ တာဝန်ရှိတာပါ။
အသက်ကြီးပေမယ့် အသိတရားမရင့်ကျက်လာတဲ့လူရဲ့ အကျင့်များ
အချို့သော လူတွေကြုံဖူးကြမှာပါ။ အသက်ကြီးပေမယ့် အသိတရားမရင့်ကျက်ဘူးလို့ ပြောရလောက်အောင် အသိတရားနည်းတဲ့သူမျိုးတွေပေါ့။ အဲဒီ့လိုလူမျိုးနဲ့ကြုံရတဲ့အခါ ကိုယ့်မှာ အတော်ဘေးကြပ်နံကြပ်ဖြစ်ရတတ်ပါတယ်။ အမှန်ကိုပြောပြ ထောက်ပြရင်လည်း လက်မခံသလို ၊ သူတို့ရဲ့အမှားကို မှားပါတယ်လို့ လက်မခံတတ်ပါဘူး။ ကိုယ့်ဆီက အကြံဉာဏ်ယူချင်ရင်တောင် အပေါ်စီးကနေ ခပ်ကြောကြောဆက်ဆံပြီး ကိုယ့်အိုင်ဒီယာကို သူ့အိုင်ဒီယာလုပ်သွားတတ်တာမျိုးနဲ့ ခံလိုက်ရတတ်ပါတယ်။ တခါတလေ အသက်ကြီးပြီး အသိတရားမကြီးတာမို့ ဒီက ယဉ်ကျေးမှုအရ ကိုယ်မှန်နေပေမယ့် ကိုယ့်ထက်အကြီးဖြစ်နေတာကြောင့်ငြိမ်ခံလိုက်ရတာမျိုးတွေပေါ့။
အလွယ်တကူ Bully လုပ်မိနေပြီလား။
Bully လုပ်ခြင်းဆိုတာက အနိုင်ကျင့်ခြင်း၊ အခြားတစ်ယောက်ယောက်ကို ရုပ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း ထိခိုက်အောင် လုပ်ခြင်းတစ်မျိုးပါပဲ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဒဏ်ရာ အနာတရဖြစ်သွားအောင် လုပ်မိခြင်းမှသာ နာကျင်ရတာမဟုတ်ပါဘူး။ ကိုယ့်အတွက် ဘာရယ်မဟုတ် ပြောဆိုလိုက်တာမျိုး၊ စနောက်လိုက်တာမျိုး၊ ဆိုရှယ်မီဒီယာပေါ်မှာ ကွန့်မန့်လေးတစ်ကြောင်းရေးလိုက်တာမျိုးနဲ့တင် တဖက်သားရဲ့စိတ်ကို ထိခိုက်နစ်နာသွားစေနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာခေတ်စားလာခြင်းက ကောင်းသောအရာတွေရှိသလို ဆိုးကျိုးတွေလည်း အများကြီးရှိပါတယ်။
ချဉ်စော်ခါးသီးရဲ့အကျိုးကျေးဇူးများ
ချဉ်စော်ခါးသီးကို Quince ဟုခေါ်ပြီးသိပ္ပံနာမည်ကတော့ Cydonia oblonga လို့ခေါ်ပါတယ်။ ပန်းသီးနဲ့ သစ်တော်သီးကဲ့သို့ ခပ်ဆင်ဆင်တူပါတယ်။ ချဉ်စော်ခါးသီးကို ယိုထိုးစားတတ်သလို၊ ချဉ်စော်ခါးသီးခြောက်ကိုလည်း ချဉ်စပ်ဟင်းရည်ချက်စားတတ်သလို အချဉ်ထုပ်၊ အချဉ်ပေါင်းအဖြစ်လည်း စားတတ်ကြပါတယ်။ ချဉ်စော်ခါးသီးမှာ vitamin C ၊ zinc ၊ potassium ၊ copper နဲ့ iron ဓာတ်တွေအပြင် catechin, epicatechin, limonene နဲ့ အမျိုးမျိုးသော phytonutrients တွေပါဝင်တာကြောင့် အရေပြားထိန်းသိမ်းတဲ့အလှကုန်တွေမှာလည်း အသုံးပြုတတ်ကြပါတယ်။ ချဉ်စော်ခါးသီးရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
နှမ်းစေ့လေးတွေရဲ့အကျိုးကျေးဇူးများ
ခန္ဓာကိုယ်ထဲက အပူချိန်နဲ့စွမ်းအင်ကို ထိန်းညှိပေးနိုင်ပြီး ဆံသားကိုလည်းကောင်းမွန်စေတဲ့အစွမ်းရှိပါတယ်။ နှမ်းစေ့လေးတွေကနေ ရတဲ့အဆီဟာဆိုရင်လည်း ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။
Life isn't finding shelter in the storm. It's about learning to dance in the rain. Sherrilyn Kenyon ပြောထားတဲ့စကားလေးက သိပ်ကိုလှပါတယ်။ “ဘဝဆိုတာ မုန်တိုင်းထဲမှာ ခိုလှုံရာရှာရမှာမဟုတ်ပါဘူး။ မိုးစက်တွေနဲ့အတူ ကခုန်တတ်ဖို့ သင်ယူရမှာဖြစ်ပါတယ်”တဲ့။ ဒီစာသားလေးဖတ်မိတော့ တွေးမိသွားပါတယ်။ တကယ်တော့ ဘဝကမုန်တိုင်းထန်တယ်ဆိုရင် ဒီမုန်တိုင်းထဲကနေ လွတ်မြောက်ဖို့ရာအတွက် ခိုလှုံနိုင်မယ့်နေရာတစ်ခုကိုရှာရမှာမဟုတ်ပါဘူးတဲ့။ မုန်တိုင်းထဲက မိုးရေစက်တွေစိုရွှဲနေရင်းနဲ့တောင် ပျော်ရွှင်အသားကျနေအောင် နေတတ်ဖို့သင်ယူရမယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်။
သင့်ဘဝက အရမ်းကိုဆိုးဝါးနေတယ်လို့ ခံစားရချိန်မှာ ပြန်တွေးသင့်တဲ့အရာများ
"ကိုယ့်ဘဝက အရမ်းကိုဆိုးဝါးလိုက်တာ…..အခြားသူတွေက ကိုယ့်ထက်အများကြီးကံကောင်းပါသေးတယ်” လို့ တွေးမိတဲ့အချိန်မျိုး ဘဝမှာ ကြုံဖူးကြမှာပါ။ အဲဒီလိုအချိန်မျိုးဆိုတာ လူတိုင်း တစ်ခါမဟုတ်တစ်ခါ ကြုံဖူးကြမှာပါ။ ဒါပေမယ့် ခံစားနေတဲ့အချိန်အတောအတွင်းမှာတော့ ကိုယ့်ကိုယ်ကိုယ်သာ အဆုံးဝါးဆုံးလို့ ထင်နေတတ်ကြပါတယ်။ အဲဒီ့လိုအချိန်မှာ ကိုယ့်စိတ်ကို ပြန်ပြီးကုစားနိုင်ရင်ကုစား၊ မကုစားနိုင်ရင် စိတ်ပျက်အားငယ်မှု၊ သိမ်ငယ်မှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုပါ ရလာနိုင်ပါတယ်။ လုံးဝပြန်ပြီး နလန်မထူနိုင်တော့တဲ့အထိ မဆိုးဝါးခင် ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်ဖို့ကြိုးစားသင့်ပါတယ်။
ဘဝမှာနေတတ်စေဖို့အတွက် အဆိုအမိန့်များ
ဘဝမှာကြုံလာတတ်တဲ့အခက်အခဲတွေ၊ အနှောင့်အယှက်တွေ၊ အတိုက်အခံတွေကို ဘယ်လိုကျော်လွှားမလဲ။ ဘယ်လိုကြုံတွေ့လာရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ပတ်သက်တဲ့ နိုင်ငံတကာမှပညာရှိများရဲ့အဆိုအမိန့်များကိုဖော်ပြပေးလိုက်ပါတယ်။ #BAWA101
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
ခိုလုံရာကိုမရှာဘဲ ဘယ်လိုလျှောက်လှမ်းမလဲဆိုတာသင်ယူပါ?
ခိုလုံရာကိုမရှာဘဲ ဘယ်လိုလျှောက်လှမ်းမလဲဆိုတာသင်ယူပါ?
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ