မရှိတဲ့အရာတွေထက် ကိုယ့်မှာ ရှိထားပြီးသားအရာတွေရဲ့ တန်ဖိုးကိုသိပါစေ။
လူတော်တော်များများက များသောအားဖြင့် ကိုယ့်မှာရှိထားပြီးသားအရာအချို့ရဲ့တန်ဖိုးကို မေ့နေတတ်ကြပါတယ်။ နီးလွန်းလို့ မမြင်နိုင်တာလည်း ဖြစ်နိုင်တာပေါ့လေ။ ဒီခေါင်းစဉ်လေးကို ဖတ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်လိုက်ပါ။ ကိုယ်တိုင်ရော ကိုယ့်မှာမရှိတဲ့အရာတွေကိုသာ လိုချင်တပ်မက်စိတ်ဖြစ်နေမိတယ်မလား။ ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ့်မှာမရှိတဲ့အရာတချို့အပေါ် လိုချင်စိတ်ဖြစ်ပေါ်နေတတ်ပြီး ထိုမရရှိ မပိုင်ဆိုင်ထားတဲ့အရာတွေအတွက်ပဲ ဝမ်းနည်းနေတတ်ပါတယ်။ ဥပမာ။ ခုလက်ရှိ ဆမ်ဆောင်းဖုန်းလောက်ကိုင်ထားတဲ့သူက ကိုယ့်ဆမ်ဆောင်းဖုန်းရဲ့အားသာချက်ကိုမေ့ပြီး အိုင်ဖုန်းနောက်ဆုံးပေါ် ရရင်တော့ လိုချင်သား….ဆိုတဲ့စိတ်မျိုးဖြစ်နေတာမျိုးပေါ့။
သင့်အတွက် သင်နေ့တိုင်းရွေးချယ်နိုင်တဲ့အရာများ
ကိုယ့်အတွက် ကိုယ်တွေးပြီး ကိုယ့်စိတ်ထဲဝင်လာတဲ့အသိလေးတွေကို သတိထားပြီး ရွေးချယ်ကြည့်လိုက်ပါ။ အမှိုက်နဲ့တူတာတွေကို ကိုယ့်ရဲ့တစ်နေ့တာမှာ ကိုယ့်စိတ်ထဲတွေးဖို့မရွေးချယ်ပါနဲ့။ ကိုယ့်ရဲ့စိတ်ထဲထည့်တွေးသင့်တယ်၊ ကိုယ့်အတွက်တနည်းမဟုတ်တနည်းနဲ့ အသုံးဝင်မယ်၊ အကျိုးရှိမယ့်အရာမျိုးကိုသာ ကိုယ့်စိတ်ထဲထည့်ဖို့ရွေးချယ်နိုင်ပါတယ်။ အဲဒါကြောင့်သင့်အတွက် သင့်နေ့တိုင်းရွေးချယ်နိုင်တဲ့အရာတွေက သင်ပျော်ရွှင်မှုကို ဦးတည်တဲ့အရာတွေဖြစ်ပါစေ။ မင်မင်ကတော့ အောက်ကအချက်လေးတွေကို သတိလေးထားပြီးရွေးချယ်ပါတယ်။ စာဖတ်သူတွေရော ဘယ်လိုအချက်လေးတွေကို ရွေးချယ်မလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ကြရအောင်နော်။
သင့်နှလုံးသားကို သင်ကိုယ်တိုင်ကာကွယ်နိုင်ဖို့ အကြံပေးချက် ၁၀ချက်
သင့်နှလုံးသားကို သင်ကိုယ်တိုင်ကာကွယ်နိုင်ဖို့ အကြံပေးချက် ၁၀ချက်
ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်မိနေပြီလား ?
ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်မိခြင်းဆိုတာက ဘာလဲ။ နေရာတော်တော်များများမှာ ဖြစ်ဖြစ်၊ ကိစ္စတော်တော်များများမှာ ဖြစ်ဖြစ်ကိုယ်တိုင်ဖြေရှင်းဖို့နည်းလမ်းမရှာဘဲ အကြောင်းပြချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ်တားဆီးထားတာမျိုးပါပဲ။ ဥပမာ။ “ငါမလုပ်နိုင်ဘူး…..” “ငါမတတ်နိုင်လောက်ပါဘူး” “မိဘတွေကမှ မထောက်ပံ့တာ” “ငါ့မှ အရင်းအနှီးမှမရှိတာ” “အင်္ဂလိပ်စာကောင်းအောင် ကျောင်းကောင်းကောင်းမှမတက်ခဲ့ရတာ” “ဒါတွေမှ တခါမှ မလုပ်ဖူးတာ၊ ဘယ်လုပ်တတ်ပါ့မလဲ” စတဲ့ အလားတူ အကြောင်းပြချက်မျိုးတွေပါပဲ။
ဘဝမှာ ပျော်ရွှင်နေတဲ့လူတွေကိုကြည့်ပြီးလည်း သူတို့ဘဝက ကိုယ့်ထက်သာယာပျော်ရွှင်နေရပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်းအားမငယ်လိုက်ပါနဲ့။ ကိုယ့်ထက် အဆင့်အတန်းမြင့်မြင့်နဲ့လိုတရနေတဲ့လူတွေကိုမြင်တိုင်းလည်း သူတို့ဘဝက သာယာလိုက်တာလိုတရပဲလို့ တန်းမထင်လိုက်ပါနဲ့။ ကိုယ့်ထက် အောင်မြင်နေတဲ့လူတိုင်းကိုတွေ့တိုင်းလည်း ကိုယ်သာအသုံးမကျတာပါလားလို့ ကိုယ့်ကိုယ်ကိုယ်လည်းအပြစ်မတင်လိုက်ပါနဲ့အုံး။ ဘဝမှာ လူတိုင်းလိုလိုဟာ မတူညီတဲ့တိုက်ပွဲတွေကို ဆင်နွှဲနေကြတဲ့လူတွေချည်းပါပဲတဲ့။ တိုက်ပွဲချင်းမတူလို့ တိုက်ပုံတိုက်နည်းချင်းသာ ကွာရင်ကွာသွားပါလိမ့်မယ်။ လူတိုင်းရဲ့ဘဝမှာ ကိုယ်မမြင်နိုင်တဲ့အခက်အခဲ၊ အကြပ်တည်း၊ အနှောင့်အယှက်နဲ့ စိတ်ရှုပ်စရာစိတ်ညစ်စရာတော့ ရှိနေကြတဲ့လူချည်းပါပဲနော်။ အဲဒါကြောင့် ကိုယ်လက်ရှိရရှိပိုင်ဆိုင်ထားတဲ့ဘဝကိုသာ အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့အရေးကြီးပါတယ်။ အဲဒါသည်လည်း ဘဝရဲ့အမှန်တရားတွေထဲက တစ်ခုပါပဲနော်။ #BAWA101
ခေါင်းအရမ်းရှုပ်လာပြီလို့ ထင်တဲ့အခါ ဘာလုပ်သင့်သလဲ။
ခေါင်းတွေအရမ်းရှုပ်လာတာမျိုးဖြစ်ဖူးကြမယ်ထင်ပါတယ်။ ခေါင်းရှုပ်ရာကနေ စိတ်ရှုပ်လာပြီး ဘာကိုမှ ဆက်လုပ်လို့မရလောက်အောင် စိတ်ရှုပ်ထွေးလာတတ်ပါတယ်။ အဲဒါကြောင့် ခေါင်းအရမ်းရှုပ်လာပြီလို့ထင်ရင် ကိုယ့်ကိုယ်ကိုယ်အနားပေးဖို့လိုနေပါပြီ။ အထူးသဖြင့် ခေါင်းထဲမှာအတွေးတွေများနေတဲ့အချိန်ပေါ့။ ခေါင်းထဲတွေအတွေးတွေအားလုံးကို ခဏရပ်နားထားလိုက်ပါ။ ဒီလိုခေါင်းရှုပ်ချိန်မှာ ထပ်တွေးနေလဲ ပိုခေါင်းရှုပ်တာကလွဲပြီး ဘာအဖြေမှထွက်မလာနိုင်ပါဘူး။ အဲဒါကြောင့် အောက်ပါအချက်လေးတွေလုပ်ကြည့်လိုက်ပါနော်။
မိုးရာသီမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်ကြမလဲ။
မိုးရာသီကိုစပြီး ဝင်ရောက်လာပါပြီ။ ကိုဗစ်ကပ်ဆိုးကြီးကလည်း မပြီးဆုံးသေးတဲ့အတွက် မိုးရာသီရဲ့ ရာသီတုတ်ကွေးနဲ့ ခပ်ဆင်ဆင်သဏ္ဍန်တူတဲ့လက္ခဏာတွေပဲမို့ သတိပိုပြီးထားဖို့လိုအပ်ပါတယ်နော်။ အဲဒါကြောင့် ခုမိုးတွင်းမှာ ပိုပြီး ဂရုစိုက်နေထိုင်သင့်ပါတယ်။ ဘယ်လိုနေထိုင်မလဲဆိုတဲ့အခြေခံအချက်လေးတွေကို သတိလေးထားပြီးနေထိုင်ကြမယ်ဆိုရင် ရောဂါကူးစက်မှုအများကြီးသက်သာနိုင်ပါတယ်။
ဘဝမှာ Balance ညီဖို့ကြိုးစားသင့်တဲ့ အရာ ၅မျိုး
သင့်ဘဝမှာ မျှတအောင်ထိန်းထားရမယ့် အရာတွေရှိပါတယ်။ ထိုအရာတွေကို အချိန်မီမထိန်းနိုင်ခဲ့ရင် အချိန်လွန်မှ နောင်တရနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုအရာတွေကို balance ညီအောင်ထိန်းရမလဲဆိုတာလေးဖော်ပြပေးလိုက်ပါတယ်။
စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား
ဆိုးဝါးနေပြီလို့ထင်တဲ့ဘဝကနေ ဘယ်လိုရုန်းထွက်မလဲ။
လူတိုင်းဟာ ဘဝမှာ အခက်အခဲတစ်ခုမဟုတ် တစ်ခုတော့ ရင်ဆိုင်နေကြရတာချည်းပါပဲ။ ဒါပေမယ့် အရမ်းကိုခက်ခဲပြီး ထွက်ပေါက်မရှိအောင် ဆိုးဝါးနေပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေကြတဲ့အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ်သေချာသိဖို့လည်းလိုအပ်ပါသေးတယ်။ ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေများလွန်းလို့ မွန်းကြပ်ပြီး ထွက်ပေါက်မရှိတော့ဘူးလို့ မျှော်လင့်ချက်မရှိသလိုခံစားနေရတာလား၊ ဒါမှမဟုတ် တကယ်ပဲ ကိုယ့်ဘဝက ထွက်ပေါက်မဲ့နေတာလား၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ခံစားချက်ကို နားလည်ခြင်းက ကိုယ့်ကိုယ်ကိုယ်ကုစားနိုင်ဖို့ လမ်းစပဲဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ဘဝက အရမ်းကိုဆိုးဝါးနေပြီလို့ထင်တဲ့အခါ အောက်ပါအချက်တွေကို လုပ်ကြည့်လိုက်ပါနော်။ အဖြေတစ်ခုခုတော့ ရနိုင်မှာပါ။