သင့်အတွက် သင်နေ့တိုင်းရွေးချယ်နိုင်တဲ့အရာများ

ကိုယ့်အတွက် ကိုယ်တွေးပြီး ကိုယ့်စိတ်ထဲဝင်လာတဲ့အသိလေးတွေကို သတိထားပြီး ရွေးချယ်ကြည့်လိုက်ပါ။ အမှိုက်နဲ့တူတာတွေကို ကိုယ့်ရဲ့တစ်နေ့တာမှာ ကိုယ့်စိတ်ထဲတွေးဖို့မရွေးချယ်ပါနဲ့။ ကိုယ့်ရဲ့စိတ်ထဲထည့်တွေးသင့်တယ်၊ ကိုယ့်အတွက်တနည်းမဟုတ်တနည်းနဲ့ အသုံးဝင်မယ်၊ အကျိုးရှိမယ့်အရာမျိုးကိုသာ ကိုယ့်စိတ်ထဲထည့်ဖို့ရွေးချယ်နိုင်ပါတယ်။ အဲဒါကြောင့်သင့်အတွက် သင့်နေ့တိုင်းရွေးချယ်နိုင်တဲ့အရာတွေက သင်ပျော်ရွှင်မှုကို ဦးတည်တဲ့အရာတွေဖြစ်ပါစေ။ မင်မင်ကတော့ အောက်ကအချက်လေးတွေကို သတိလေးထားပြီးရွေးချယ်ပါတယ်။ စာဖတ်သူတွေရော ဘယ်လိုအချက်လေးတွေကို ရွေးချယ်မလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ကြရအောင်နော်။


၁) တစ်နေ့လုံးပျော်ရွှင်စွာနေတတ်ဖို့ကိုပဲ တွေးမယ်
၂) စိတ်ဆင်းရဲစရာကိုမေ့ပစ်ဖို့ တွေးမယ်
၃) ကိုယ့်ရဲ့စွမ်းရည်တိုးတက်လာစေမယ့်အကြောင်းပဲ တွေးမယ်
၄) ကိုယ့်မှာပိုင်ဆိုင်ထားတဲ့အရာတွေရဲ့ တန်ဖိုးကိုတွေးမယ်
၅) ကိုယ့်ဘဝရဲ့ကျေးဇူးတင်စရာကိုပဲ တွေးမယ်
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။