သင့်ခေါင်းထဲက တချို့အရာတွေကို Delete လုပ်ဖို့လိုပါတယ်။
သင့်ခေါင်းထဲမှာ အမှိုက်တွေနဲ့ရှုပ်နေမယ်ဆိုရင် သင်ပဲစိတ်ဒုက္ခရောက်ရမှာပါ။ အဲဒါဆိုရင် အဲဒီလို စိတ်ဒုက္ခရောက်ရတာ၊ စိတ်ရှုပ်ရတာမျိုးတွေမဖြစ်ရအောင် သင့်ခေါင်းထဲအဝင်မခံသင့်တဲ့ အမှိုက်လိုအရာတွေ က ဘယ်လိုမျိုးလဲဆိုတာ သင်သိထားသင့်ပါတယ်။ ကိုယ့်ရဲ့ခေါင်းထဲထည့်ပြီး စိတ်သောကမယူသင့်တဲ့၊ သင်ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့အရာတွေပေါ့။ ဥပမာ။ သင်ဖြစ်ချင်တဲ့ရည်မှန်းချက်တစ်ခုအတွက် သင့်မိဘနဲ့သင်က ဘယ်လိုမှ ညှိုနှိုင်းလို့မရတဲ့အတွက် သင်စိတ်ညစ်၊ စိတ်ရှုပ်တာမျိုး။ သင်ပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုပြုပြင်ပေးရမလဲဆိုတဲ့အတွေးမျိုး၊ မီးမလာလို့ ဘယ်လိုမှအလုပ်မပြီးဘူးဆိုတဲ့အတွေးမျိုး၊ သင့်ကို တစ်စုံတစ်ယောက်က လိုက်ပြီးစိတ်အနှောင့်အယှက်ပေးနေလို့ဆိုတာမျိုးတွေက သင့်ခေါင်းထဲထည့်ထားတဲ့အမှိုက်တွေပါပဲ။
သင်စိတ်အားငယ်နေချိန်မှာပြန်တွေးသင့်သောအရာများ
လူတိုင်းစိတ်အားငယ်တတ်တဲ့အချိန်ရှိမှာပါ။ ဘာကြောင့်စိတ်အားငယ်ရတာလဲ၊ ဘာကြောင့်စိတ်ဓာတ်ကျအားငယ်နေမှာလဲ၊ ဘယ်လိုပြန်ပြီး ကြိုးစားမလဲဆိုတဲ့အတွေးမျိုးတွေပြန်တွေးပြီး စိတ်အားငယ်ချိန်ကိုကျော်လွှားရမှာပါပဲ။ ဒါပေမယ့် လူတော်တော်များများက စိတ်အားငယ်ချိန်မှာ ဘာကိုမှပြန်ပြီး သုံးသပ်ဖို့သတိမရတတ်ကြဘဲ ကိုယ့်ရဲ့အားငယ်မှုတွေကြားထဲမှာတင် ဝေ့လည်ဝေ့လည်ဖြစ်နေကြကာ ပိုပြီး စိတ်ညစ်စိတ်ဓာတ်ကျ၊ ပိုပြီးခွန်အားဆုတ်ယုတ်တာပေါ့။ အဲဒီ့လိုအချိန်မျိုးနဲ့ သင်လက်ရှိကြုံနေမယ်ဆိုရင်တော့ ဒီစာလေးဖတ်မိခြင်းက သင့်အတွက် ပြန်တွေးသင့်တာတွေကို သတိရလာစေမှာပါ။ သင်အမြဲတမ်းမှတ်ထားသင့်ပြီး သင်စိတ်အားငယ်ချိန်တိုင်းပြန်သတိရသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ငွေမကုန်ဘဲ ပျော်ရွှင်ဖို့အတွက် လုပ်ကြည့်နိုင်တဲ့အရိုးရှင်းဆုံးအရာများ
ငွေတပြားမှမကုန်ဘဲ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖို့လိုပါတယ်။ ပျော်ရွှင်မှုုဆိုတာ သင့်ကိုယ်တွင်းမှာသာရှိတာပါ။ သင့်မှာအများကြီးပိုင်ဆိုင်ထားပေမယ့် သင့်မတင်းတိမ်နိုင်ရင်လည်း သင်ပျော်ရွှင်မှာမဟုတ်သလို ၊ သင့်မှာ ဘယ်အရာမှမပြည့်စုံပေမယ့် သင့်ဘဝကို နေပျော်နေရင် ပျော်စရာကောင်းတဲ့ဘဝဖြစ်နေမှာပါပဲ။ အဲဒါကြောင့် ပျော်ရွှင်မှုဆိုတာ သင့်မှာအရာအားလုံးရရှိပိုင်ဆိုင်ထားလို့မဟုတ်ဘဲ သင်ရရှိပိုင်ဆိုင်ထားတာကိုသာ သင်လိုချင်ခြင်းဖြစ်ပါတယ်တဲ့။ သင့်စိတ်ထဲ အရမ်းမွန်းကြပ်နေတယ်လို့ထင်လာရင် သင်စိတ်ပျော်ရွှင်ဖို့အတွက် ငွေမကုန်ဘဲ လုပ်ကြည့်နိုင်တဲ့အရိုးရှင်းဆုံးအရာတွေကတော့…
အချစ်စစ်နှင့်အတုအယောင်အချစ်ကြားကခြားနားချက်များ
သင့်လက်ရှိချစ်ခြင်းတွေက စစ်မှန်ရဲ့လား။ သင့်ကိုချစ်နေတဲ့ချစ်သူကရော သင့်အပေါ်အချစ်စစ်တယ်လို့ ထင်ရဲ့လား။ ဘယ်လိုခံစားနေရသလဲ။ တကယ်တော့ သင့်နှလုံးသားကို သင်လိမ်ညာလို့မရပါဘူး။ ချစ်ခြင်းတရားက ပိုပြီးလိမ်ညာလို့မရစေပါဘူး။ သင့်နှလုံးသားထဲမှာ ခံစားရတဲ့ခံစားချက်တွေကို အောက်ကအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပါနော်။ #BAWA101
အချိန်လွန်မှ နောင်တမရစေဖို့ သင့်ကိုယ်သင်သတိပေးသင့်သောအရာများ
အချိန်လွန်မှနောင်တရတာထက်စာရင် အချိန်မလွန်ခင်သင့်ကိုယ်သင်သတိပေးနိုင်တော့ပိုမကောင်းဘူးလား။ မှားနိုင်တယ်လို့ထင်တဲ့အရာတွေမမှားတော့တဲ့အတွက် အမှားနည်းလာနိုင်တာပေါ့ ။ အဲဒါကြောင့် သင့်ဘဝမှာ အချိန်လွန်မှ နောင်တမရခင် သင့်ကိုယ်သင်သတိပေးသင့်တဲ့အရာတွေဖတ်ကြည့်လိုက်ပါအုံးနော်။
သင့်အတိတ်ကဖြစ်ရပ်တွေကို မေ့ပစ်နိုင်ဖို့ ဘာတွေလုပ်သင့်သလဲ။
အတိတ်ကဖြစ်ရပ်တော်တော်များများကို အရှင်းမေ့ပစ်နိုင်ဖို့ဆိုတာက မလွယ်ပါဘူး။ ဒါပေမယ့် သင်က အတိတ်မှာပဲနေထိုင်ချင်တဲ့သူမဟုတ်ဘူးဆိုရင်တော့ မလွယ်ပေမယ့်ဖြစ်နိုင်ပါတယ်။ အတိတ်ကာလက နာကျင်စရာတွေကိုချည်းထိုင်တွေးနာကျင်နေသမျှတော့ သင့်နာကျင်မှုတွေဘယ်တော့မှ ကျက်မှာမဟုတ်သလို ဘယ်တော့မှလည်း ဘဝအသစ်တစ်ခုမှာ အသားကျမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင်တကယ် အတိတ်ကဖြစ်ရပ်တွေ၊ နာကျင်စရာတွေ၊ လွမ်းဆွတ်ကြေကွဲခြင်းတွေကို မေ့ပစ်ချင်တယ်ဆိုရင်….. အရေးအကြီးဆုံးက
စကားလုံးနည်းနည်းနဲ့ သင့်ဘဝကို ဖျက်ဆီးပစ်နိုင်သောအရာများ
ထိုစကားလုံးလေးတွေက တိုပေမယ့် သင့်ဘဝကိုအများကြီးသက်ရောက်မှုရှိစေပါတယ်။ ထိုစကားတွေကိုသာ လက်ကိုင်ပြုမိရင် သင့်ဘဝသုံးစားမရအောင်ပျက်စီးသွားနိုင်ပါတယ်။ အဲဒီ့စကားလုံးတွေကို သင့်ကိုသင်အမြဲသတိပေးဖို့ ဖော်ပြပေးလိုက်ပါတယ်။