ဘဝမှာ နေတတ်စေဖို့ အကြံပေးချက်များ

ဘဝမှာ နေတတ်စေဖို့ အကြံပေးချက်များ


၁) ကျန်းမာစွာ နိုးထလာတဲ့မနက်ခင်းတိုင်းကို ကျေးဇူးတင်ပါ။
၂) တစ်ရက်ရှင်သန်မှုကို တစ်ရက်အကျိုးရှိစွာအသုံးချပါ။
၃) ဘဝရဲ့အရာအားလုံးကို သင်မထိန်းချုပ်နိုင်ဘူးဆိုတာကို နားလည်လက်ခံပါ။
၄) တချို့လူတွေဟာ သင်ပြုပြင်စေချင်ပေမယ့် ဘယ်တော့မှ မပြုပြင်တတ်ပါဘူး။
၅) ဘဝက ခါးသီးလိမ့်မယ်။ ဒါပေမယ့် ခါးသီးမှုတွေထဲက ချိုမြိန်မှု၊ အောင်မြင်မှုကို တွေ့အောင်ရှာနိုင်တယ်ဆိုတာလည်းမမေ့ပါနဲ့။
၆) တချို့အရာတွေကို စွန့်လွှတ်ရမယ့်အချိန်မှာ ပြတ်သားစွာ စွန့်လွှတ်ပါ။ သွေးရူးသံရူးဆုပ်ကိုင်ထားခြင်းက သင့်ကိုဆိုးဝါးစွာထိခိုက်စေနိုင်ပါတယ်။
၇) ဘဝမှာ သင့်ရဲ့စိတ်ကျန်းမာမှုနဲ့ ကိုယ်ကျန်းမာမှုကသာ အရေးအကြီးဆုံးဆိုတာ မမေ့ပါနဲ့။ အဲဒါကြောင့် သင့်စိတ်ကို ဖိစီးစေတဲ့ဘယ်လိုအရာကိုမှ ကြာကြာလက်မခံထားသင့်ပါဘူး။
၈) အတိတ်ကို တသသ ပြန်တွေးနေတာက သင့်ကို ပိုကောင်းတဲ့ဘဝတစ်ခုရမလာစေနိုင်ပါဘူး။ ခုလက်ရှိဘဝကိုသာ အကောင်းဆုံးရှင်သန်ပါ။
၉) လူတိုင်းက သူတို့ရှင်သန်ဖြတ်သန်းခဲ့တဲ့ဘဝအခြေအနေအရ မြင်တတ်ကြပါတယ်။ သင်မြင်စေချင်သလို မြင်စေချင်လို့မရနိုင်ပါဘူး။ အဓိကက သင်မှန်ကန်စွာရှင်သန်နေဖို့ပါပဲ။
၁၀) လောကမှာ ဘယ်သူကမှ perfect ဖြစ်ပြီး အမှားကင်းတဲ့သူမရှိပါဘူး။ အဓိကက အမှားပြင်ဖို့သာ ကြိုးစားပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။