လက်ရှိအခြေအနေထက် တိုးတက်ချင်ရင် ဒါတွေကို ရပ်လိုက်ပါ…...
သင့်ရဲ့လက်ရှိအခြေအနေထက် ပိုပြီးတိုးတက်ချင်တယ်ဆိုရင် တချို့သောအကျင့်တွေကို ချက်ချင်းပြုပြင်သင့်ပါတယ်နော်။ ပြုပြင်မှဖြစ်မယ်လို့သိပြီးတဲ့နောက်မှာတော့ ပြုပြင်ဖြစ်အောင်ပြုပြင်ဖို့ကတော့ ကိုယ့်တာဝန်ပါပဲနော်။ အမှန်တကယ်တိုးတက်ချင်ရင် တကယ်လုပ်မှဖြစ်မှာပါ။ အဲဒါကြောင့် အောက်မှာဖော်ပြထားတဲ့အချက်တွေထဲက သင့်ထံမှာရော ဘယ်လိုအကျင့်မျိုးတွေရှိနေသလဲ ပြန်သုံးသပ်ကြည့်ပါ။ ပြုပြင်သင့်တာကိုချက်ချင်းပြုပြင်လိုက်ပါလို့တိုက်တွန်လိုက်ပါတယ်နော်။
သင်အရှုံးပေးတော့မယ့်အချိန်မှာ ပြန်တွေးသင့်တဲ့အရာများ
သင်တကယ်အရှုံးပေးမိတော့မလား……။ အဲဒီ့လိုကိုယ့်ကိုယ်ကိုယ်တကယ်တမ်းမေးလိုက်မိရင် ဟုတ်တယ်လို့ဖြေလိုက်ရမှာက အင်မတန်ရင်နာရပါလိမ့်မယ်။ တကယ်ပဲသင်အရှုံးပေးဖို့ စဉ်းစားနေမိတဲ့အချိန်မှာ ဒီအချက်တွေကို သင်ပြန်တွေးကြည့်လိုက်ပါအုံး။ သင့်အတွက်တစ်ခုခုတော့ ပြန်ရသွားပါလိမ့်မယ်။
ရလဒ်ကိုပဲလိုချင်နေတဲ့သူမျိုးဖြစ်နေပြီလား ?
တကယ်တော့ ဒီမေးခွန်းမျိုးက ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တဲ့မေးခွန်းမျိုးပါပဲ။ တခါတလေမှာ ကျွန်တော်တို့တွေဟာ ရလဒ်ကောင်းကိုသာ လိုချင်တဲ့လူတွေဖြစ်နေတတ်ပြီး ရလဒ်ကောင်းတွေပေါ်ထွက်လာဖို့အတွက် ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုဖို့ မေ့နေတတ်ကြပါတယ်။ လူတိုင်းကို ပိုကောင်းတဲ့အခြေအနေတစ်ခုခု မလိုချင်ဘူးလားလို့မေးရင် လူတိုင်း မလိုချင်တဲ့လူမရှိပါဘူးနော်။
ကိုယ့်ကိုအနိုင်ကျင့်၊ ဖိနှိမ်တဲ့လူမျိုးကို ကြုံဖူးကြမှာပါနော်။ ဘယ်လိုအကြောင်းအရာမျိုးနဲ့ပဲဖြစ်ဖြစ် ကိုယ့်အပေါ်မတူမတန်ဆက်ဆံသွားတာ၊ ကိုယ်က အသုံးမကျသလို အထင်သေးတာ၊ ကိုယ်သာလျှင် နိမ့်ကျနေသလို ပြုမူတာမျိုး တစ်ခါမဟုတ် တစ်ခါတော့ ကြုံဖူးကြမှာပါပဲ။ ဒါပေမယ့် အဲဒီ့လိုလူမျိုးနဲ့ ကြာကြာပတ်သတ်မိရမယ့် ဆက်ဆံရေးမျိုးဆိုရင် သင်ပဲ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးရမှာဖြစ်သလို၊ ဒေါသပေါက်ကွဲပြီး သင်စိတ်ထဲရှိသလို တုံ့ပြန်လို့လည်းမရတာမို့ သင်ပဲတနုံ့နုံခံစားနေရမှာဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သင်ပဲခံစားရပါလိမ့်မယ်။ အဲဒါကြောင့် အဲဒီ့လိုလူတွေနဲ့ ရေရှည်ပတ်သက်ခြင်းက လုံးဝမကောင်းပါဘူး ။အတတ်နိုင်ဆုံးရှောင်နိုင်အောင် ကြိုးစားပါ။ အဲဒီ့လို အနှိမ်ခံလိုက်ရပြီ၊ သင့်ကို မတူမတန်ဆက်ဆံခံလိုက်ရပြီဆိုရင်လည်း အောက်ပါအချက်တွေကို လုပ်ဖို့ကြိုးစားပါ။
ပြန်ပြီးဆန်းစစ်ကြည့်ကြရအောင်နော် ❗️
မှတ်မှတ်ရရပြုပြင်နိုင်ခဲ့တဲ့အကျင့်ဆိုးတစ်ခုကို ပြောပါဆိုရင် ဘာဖြစ်မလဲ.....
တိရိစ္ဆာန်တွေနဲ့ပတ်သက်ပြီး သင်မသိသေးသော အံ့အားသင့်ဖွယ်အချက်များ (၁)
တိရိစ္ဆာန်တွေနဲ့ပတ်သက်ပြီး သင်မသိသေးတဲ့အချက်တွေအများကြီးရှိမှာပါ။ သင်သိပြီးသားတွေဖြစ်နိုင်သလို ကိုယ်တိုင်လုံးဝမထင်မှတ်ထားတဲ့အချက်တွေဖြစ်နိုင်ပါတယ်။ ဘယ်လိုအချက်တွေဖြစ်မလဲ ဖတ်ကြည့်လိုက်ပါအုံးနော်။ နောက်ထပ်ဗဟုသုတရစရာတွေလည်း တင်ပေးသွားပါအုံးမယ်နော်။ #BAWA101
သင်ကိုယ်တိုင်လျှောက်လှမ်းလိုက်ပါ။
သင်ကိုယ်တိုင်လျှောက်လှမ်းလိုက်ပါ။
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
တန်ဖိုးသိတဲ့လူနဲ့ တန်ဖိုးထားတတ်တဲ့လူအတွက် တန်ဖိုးရှိပါတယ်။
တန်ဖိုးထားမခံရခြင်းဆိုတဲ့ပြဿနာက ကျွန်တော်တို့ကြားမှာ ဖြစ်နေကျပြဿနာတစ်ခုပါပဲ။ တချို့ကျပြန်တော့ ဘယ်နေရာမှာမဆို ဘာပဲလုပ်လုပ်စေတနာနဲ့ တန်ဖိုးထားပြီး တလေးတစားလုပ်တတ်ကြပေမယ့်တချို့ကျပြန်တော့ သူတို့နဲ့တန်ဖိုးထားပုံခြင်းမတူတာကြောင့် တန်ဖိုးထားရကောင်းမှန်းမသိကြပြန်ပါဘူး။
ဘဝမှာ သင်ဘယ်တော့မှ မမျှော်လင့်သင့်တဲ့အရာများ
မျှော်လင့်ခြင်းဆိုတာက ၂မျိုးရှိပါတယ်။ သင်ဖြစ်ချင်တာတွေအတွက် ဖြစ်ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ အခြားသူတွေဆီကနေ ပြန်ပြီးမျှော်လင့်ချက်ပါ။ ကိုယ့်ရည်မှန်းချက်နဲ့ပတ်သက်တဲ့မျှော်လင့်ချက်က ကိုယ့်ပေါ်မှာသာ မူတည်တာမို့ ကိုယ့်အားကိုယ်ကိုးဖို့ပဲမို့ ကိုယ်တိုင်ကြိုးစားရင် ရနိုင်တာပါ။ အခြားလူအပေါ်မျှော်လင့်တာမျိုးကတော့ အခြားသူဆီမှာ မူတည်နေတာမို့ ကိုယ်ဖြစ်ချင်ပေမယ့် ဖြစ်ချင်မှဖြစ်မှာပါ။ အခြားလူပေါ်မှာမူတည်နေတဲ့မျှော်လင့်ချက်နဲ့ပတ်သက်ပြီး သင့်ရဲ့မျှော်လင့်ချက်ကိုတော့ ထိန်းချုပ်သင့်ပါတယ်။ ၁၀၀%နှုန်းအပြည့် သင်မျှော်လင့်ထားလို့မဖြစ်နိုင်ပါဘူး ။ အဲဒါကြောင့် သင့်ဘဝမှာ အခြားသူတွေအပေါ်မှာ ဘယ်တော့မှ မမျှော်လင့်သင့်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။
သင့်ကိုယ်သင်အမြဲအားပေးခဲ့ရတဲ့ မှတ်မှတ်ရရ ကောက်နုတ်ချက်တစ်ခုရှိမယ်ဆိုရင် ဘာဖြစ်မလဲ❓
သင့်ကိုယ်သင်အမြဲအားပေးခဲ့ရတဲ့ မှတ်မှတ်ရရ ကောက်နုတ်ချက်တစ်ခုရှိမယ်ဆိုရင် ဘာဖြစ်မလဲ❓
ဟိုးအရင်ခေတ် လူ့အဖွဲ့အစည်းယဉ်ကျေးမှုရယ်လို့ မရှိခဲ့သေးခင်ကတည်းက နိုင်ငံတွေတည်ထောင်ခဲ့ကြပြီး အချင်းချင်းဆက်သွယ်မှုအတွက် လက်ဟန်ခြေဟန်ဖြင့်ပြောဆိုခြင်း၊ မူလဘာသာစကားတွေဖြင့် ပြောဆိုဆက်သွယ်ခဲ့ကြပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ခန့်ကစပြီး ဘာသာစကားတွေကိုသတ်မှတ်ခဲ့ကြပြီး အသုံးပြုခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူသားမျိုးနွယ်စုရဲ့တိုးတက်လာမှုအတွက်ပါပဲ။ ရှေးခေတ်ဘာသာစကားတွေကို အငြင်းပွားဖွယ်ရာရှိပေမယ့်လည်း ကျောက်စာတွေ၊ လှိုှုင်ဂူတွေထဲမှာ ရေးထွင်းခဲ့တဲ့စာတွေကနေမှတဆင့် ရှေးခေတ်ဘာသာစကားကို ဖော်ပြနေတာကိုတော့ မငြင်းနိုင်ပါဘူး။
ကံကောင်းစေမယ့် နည်းလမ်းတွေက သင်လုပ်နိုင်တဲ့အချက်တွေချည်းပါပဲ။ ကံကောင်းစေမှာမို့ ဥုံဖွဆိုပြီး ကံကောင်းလာမှာတော့မဟုတ်ပါဘူးနော်။ သင်လုပ်သင့်တာတွေကို လုပ်မှ ကံကောင်းမှာဖြစ်ပါတယ်။ မင်မင်တို့ ကြားဖူးနေကျဖြစ်တဲ့ ကံဆိုတာအလုပ်၊ အလုပ်ကောင်းရင်ကံကောင်းမယ်ဆိုတဲ့စကားလိုပေါ့။ တကယ်စေတနာထားအလုပ်လုပ်ခြင်းဟာ သင့်ကို ကံကောင်းလာစေမှာဖြစ်ပါတယ်။