ဘဝမှာ Balance ညီဖို့ကြိုးစားသင့်တဲ့ အရာ ၅မျိုး

သင့်ဘဝမှာ မျှတအောင်ထိန်းထားရမယ့် အရာတွေရှိပါတယ်။ ထိုအရာတွေကို အချိန်မီမထိန်းနိုင်ခဲ့ရင် အချိန်လွန်မှ နောင်တရနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုအရာတွေကို balance ညီအောင်ထိန်းရမလဲဆိုတာလေးဖော်ပြပေးလိုက်ပါတယ်။


၁) ရည်မှန်းချက်
သင့်ရည်မှန်းချက်တွေကို သင်အကောင်အထည်ဖော်ဖို့က အချိန်အကန့်အသတ်ရှိပါတယ်။ တနည်းအားဖြင့် သင်လန်းဆန်းတက်ကြွနေတုန်း ငယ်ရွယ်နုပျိုနေတုန်းမှာပေါ့။ စိတ်သာရှိပြီး သင့်အရွယ်ကမလိုက်နိုင်တော့တဲ့အချိန်ကျမှ သင့်ရည်မှန်းချက်ကိုအကောင်အထည်ဖော်ဖို့စဉ်းစားပြီး စတင်လို့မရနိုင်ပါဘူး။ အဲဒါကြောင့် သင့်မျှတအောင်ထိန်းသင့်တဲ့အထဲမှာလည်း သင့်ရည်မှန်းချက်နဲ့ သင့်ဘဝသက်ဆိုင်နေပါတယ်။

၂) အလုပ်
အလုပ်လည်းအတူတူပါပဲ။ သင့်ဘဝရဲ့ငယ်ရွယ်စဉ်အချိန်မှာ အလုပ်ကို သေချာထိမိအောင်လုပ်သင့်ပြီး မိသားစုဘဝနဲ့ဖြစ်လာတဲ့အချိန်မှာတော့ အလုပ်နဲ့ဘဝကို မျှတအောင်ထိန်းသင့်ပါတယ်။ အလုပ်ချည်းမဲလုပ်နေလို့မဖြစ်သလို၊ မိသားစုကိုချည်းအချိန်ပေးနေပြန်ရင်လည်း အိုမင်းမစွမ်းတဲ့အရွယ်မှာ အေးသာသာနားနေနိုင်မှာမဟုတ်ပါဘူး။

၃) မိသားစု
ဒါလည်း အတူတူပါပဲ။ မိသားစုဘဝကိုလည်း အချိန်မပေးလို့မရဘဲ မျှတအောင် ကြိုးစားသင့်ပါတယ်။ တစ်ခုခုလွတ်သွားတဲ့အခါ ပြန်ပြီးအစားထိုးမရနိုင်တဲ့အရာတွေထဲမှာ မိသားစုလည်းအပါအဝင်ပါပဲ။

၄) ကျန်းမာရေး
သင့်ကျန်းမာရေးကလည်း မျှတအောင် ဂရုစိုက်သင့်တဲ့အထဲပါပါတယ်။ ကျန်းမာရေးမကောင်းတဲ့အခါ စိတ်သွားတိုင်းကိုယ်ပါနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့်ကျန်းမာအောင် ဂရုတစိုက်နေထိုင်ဖို့လည်းလိုပါတယ်။ ကျန်းမာမှ အခြားသောအရာတွေကိုလည်း လိုက်ပြီးမျှတအောင်ကြိုးစားနိုင်မှာပါ။

၅) ချစ်ခြင်းမေတ္တာ
ချစ်ခြင်းမေတ္တာဆိုတဲ့နေရာမှာ မိသားစုကြား ၊ အိမ်ထောင်ဖက်၊ သားသမီး စတဲ့အမျိုးစုံအကျုံးဝင်ပါတယ်။ ချစ်ခြင်းမေတ္တာကို စိတ်ထဲမှာရှိသားပဲ….အပြင်တော့ထုတ်မပြတတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ နေလိုက်ခြင်းဟာ တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းမေတ္တာလျှော့နည်းလာစေတဲ့အဓိကအချက်ပါပဲ။ ကိုယ့်အသက်ရှိစဉ်လေးမှာ ကိုယ်ချစ်တဲ့သူတွေကို ချစ်တဲ့အကြောင်း၊ ပြောပြဖို့ဝန်မလေးပါနဲ့။ ဒါကလည်း မျှတအောင်ထိန်းထားသင့်တဲ့ ဘဝရဲ့အရေးကြီးတဲ့အချက်တွေထဲကတစ်ချက်ပါပဲနော်။
ဒီအချက်ငါးချက်ကိုသာ ဘဝမှာ မျှတအောင်ထိန်းနိုင်ပြီဆိုရင်တော့ သင့်ဘဝက ပျော်စရာကောင်းပြီး နေပျော်တဲ့ဘဝဖြစ်မှာအမှန်ပါပဲ။ ကိုယ်က တစ်ခုခုကိုသာ အလေးပေးပြီး အစွန်းရောက်နေခဲ့တယ်ဆိုရင်လည်း ဒီဆောင်းပါးလေးဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်သတိပြန်ပေးလို့ရတာပေါ့။ ကိုယ့်ကိုယ်ကိုယ်အချက်၅ချက်နဲ့ညီမျှအောင်ထိန်းနိုင်ဖို့ ပြန်သုံးသပ်ဆန်းစစ်ကြည့်လိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။