ကျန်းမာရေး

ကျန်းမာရေး

ကျန်းမာရေး, အစားအစာ, ပျော်ရွှင်သောဘဝ, ကိုးကားစာများ

သက်ကြီးရွယ်အိုတွေအတွက် စားသုံးသင့်တဲ့အဓိက အစားအစာ ၁၀မျိုး

အောက်မှာဖော်ပြပေးထားတဲ့အစားအစာ ၁၀မျိုးက လူကြီးတွေအတွက် အထူးကောင်းမွန်တဲ့အာဟာရဓာတ်တွေများပြားစွာပါဝင်ပါတယ်။ အိုမင်းရင့်ရော်ခြင်းနဲ့ အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါအမျိုးမျိုးရဲ့အန္တရာယ်ကနေ ကာကွယ်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

ကျန်းမာရေး အစားအစာ ပျော်ရွှင်သောဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

ပိုကျန်းမာတဲ့နှလုံးသားတစ်စုံပိုင်ဆိုင်ဖို့ လုပ်သင့်တဲ့အချက် ၇ချက်

ကောင်းမွန်ကျန်းမာတဲ့နေထိုင်မှုနည်းလမ်းတွေက သင့်ရဲ့နှလုံးကျန်းမာရေးအတွက်အထောက်အကူပြုသလို၊ ရုတ်တရက်လေဖြတ်ခြင်းကဲ့သို့ ရောဂါမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့ နည်းလမ်းတွေက သင့်ရဲ့နှလုံးပိုမိုကျန်းမာဖို့ လုပ်သင့်တဲ့အချက်တွေဖြစ်ပါတယ်။

ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ပန်းသီးစားခြင်းရဲ့ကောင်းကျိုးများ

ပန်းသီးက အရသာရှိပြီး ဗီတာမင်ဓာတ်၊ antioxidant၊ အမျှင်ဓာတ် နဲ့အခြား အာဟာရဓာတ်တွေပါဝင်ပါတယ်။ စွမ်းအင်တွေအများအပြားပါဝင်တဲ့အရင်းမြစ်ဖြစ်ပြီး သင့်ရဲ့အရေပြား၊ ဆံပင်နဲ့ အခြားကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ အဲဒါကြောင့် ပန်းသီးစားသုံးခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, လူနေမှုဘဝ, ကိုးကားစာများ

ဆေးလိပ်သောက်ခြင်းက သင့်ရဲ့ကြွက်သားတွေအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ။

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးများကိုသာဖြစ်စေပါတယ်။ အထူးသဖြင့် နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာဖြစ်ဖို့ အလားအလာများပါတယ်။ စီးကရက်သောက်ခြင်းက သင့်ရဲ့နှလုံးနဲ့အဆုတ်ကိုထိခိုက်ရုံသာမက ခန္ဓာကိုယ်ဖွံ့စည်းတည်ဆောက်ပုံနဲ့ ကြွက်သားကြီးထွားမှုကိုပါ အဓိက အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် သင့်ရဲ့ကြွက်သားကြီးထွားမှုနဲ့ကြံ့ခိုင်မှုကို ဘယ်လိုထိခိုက်စေသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ပျော်ရွှင်သောဘဝ, ကိုးကားစာများ

သံဓာတ်ချို့တဲ့သောအခါ ပြသတဲ့လက္ခဏာများ

သံဓာတ်က သွေးထဲမှာ ဟေမိုဂလိုပင် (Haemoglobin ) ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ဓာတ်ဖြစ်ပါတယ်။ ဟေမိုဂလိုပင်က သွေးကြောမျှင်လေးတွေထဲမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင်ရောက်စေဖို့အတွက် ကူညီပေးနိုင်တဲ့ သွေးနီဥဆဲလ်အစိတ်အပိုင်းဖြစ်ပါတယ်။ သံဓာတ်က ၂မျိုးရှိပြီး Heme iron နဲ့ non-heme iron ဖြစ်ပါတယ်။ Heme iron က အနီရောင်အသားတွေထဲမှာ အများဆုံးတွေ့ရှိရပြီး ခန္ဓာကိုယ်က စုပ်ယူရပိုလွယ်စေပါတယ်။ အသား၊ ငါးနဲ့ ဝက်သားတွေထဲမှာ အများဆုံးပါရှိပါတယ်။ non-heme iron ကတော့ အသီးအနှံတွေထဲမှာ အများဆုံးပါဝင်ပါတယ်။ အသီးအနှံတွေ၊ ကောက်ပဲသီးနှံတွေနဲ့ အစေ့အဆံတွေမှာ အများဆုံးတွေ့ရပါတယ်။ ခန္ဓာကိုယ်က စုပ်ယူဖို့ ခက်ခဲပါတယ်။ သံဓာတ်ချို့တဲ့သောအခါမှာ သိရှိနိုင်ဖို့ ပြသတတ်တဲ့လက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ပျော်ရွှင်သောဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

မျက်စိအားကောင်းစေသော အဓိက အစားအစာ ၅မျိုး

သင့်ရဲ့မျက်လုံးက မျက်စိတိမ်စွဲရောဂါများ၊ အသက်အရွယ်ကြောင့် မျက်လုံးအမြင်အာရုံပျက်စီးခြင်း ၊ ရေတိမ်ဖြစ်ခြင်း နဲ့ အခြားအမြင်အာရုံပျက်စီးခြင်းတွေကို ကာကွယ်နိုင်ဖို့ အာဟာရဓာတ်များစွာ လိုအပ်တယ်ဆိုတာ သင်သိပါသလား။ မျက်လုံးကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဂေါ်ဖီထုပ် စားခြင်းရဲ့ ကောင်းကျိုး ၁၀ချက်

ဂေါ်ဖီထုပ်မှာ အရေးကြီးတဲ့ ဗီတာမင် စီ၊ ကေ၊ ဘီ ကဲ့သို့ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ကယ်လဆီယမ်၊ ကြေးနီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စထရပ်နဲ့ မဂ္ဂနီစ် ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အမျိုးမျိုးသော sulforaphane နဲ့ anthocyanins ကဲ့သို့ phytonutrients ဓာတ်တွေပါဝင်ပါတယ်။ ထိုဓာတ်တွေက ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အက်ဒီအောက်ဆီဒင့်တွေဖြစ်ပါတယ်။ အဲဒါအပြင် ဂေါ်ဖီထုပ်မှာ choline ၊ beta-carotene ၊ glutamine ၊ lutein နဲ့ zeaxanthin ဓာတ်တွေပါဝင်ပါတယ်။ အနီရောင်ဂေါ်ဖီထုပ်မှာ အစိမ်းရောင်ဂေါ်ဖီထုပ်ထက် ထိုဓာတ်ပေါင်းတွေအများပြားပါဝင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

အသီးအနှံနဲ့ကျန်းမာရေး

အသီးအနှံများစားသုံးခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ လူတိုင်းနီးပါးသိကြမှာပါ။ အသီးများမှာ အရေးပါတဲ့အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေနဲ့ အမျိုးမျိုးသော antioxidants တွေနဲ့ အပင်တွေမှာတွေ့ရတတ်တဲ့ ဒြပ်ပေါင်းတွေပါဝင်ပါတယ်။ ဒါပေမယ့် ဘယ်အသီးအနှံကတော့ ဘာအတွက် အကျိုးရှိသလဲဆိုတာကို တစ်ခုချင်းစီ သေချာမသိတာမျိုးဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် အသီးတစ်မျိုးစီနဲ့ ကောင်းကျိုးလေးတွေကို တွဲရက်ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

လူတင်ဓာတ်ပါဝင်သောအစားအစာများ

လူတင်ဆိုတာက antioxidant အောက်ဆီဂျင်ဓာတ်တိုးပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ antioxidant တွေက ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ လူတင်ဓာတ်ကတော့ မျက်လုံးကျန်းမာရေး၊ အရေပြားနဲ့ နှလုံးကျန်းမာရေးကောင်းမွန်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါအချို့နဲ့ ဆီးချိုရောဂါကြောင့် အန္တရာယ်ရှိခြင်းမှ လျော့ကျစေနိုင်ပါတယ်။ လူတင်ဓာတ်ကြွယ်ဝစွာပါဝင်သောအစားအစာများနဲ့ အကျိုးကျေးဇူးကို မှတ်သားနိုင်ဖို့ဖော်ပြလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သင့်အသည်းပျက်စီးနေကြောင်းပြသနေတဲ့လက္ခဏာ ၇ချက်

အသည်းက ကျွန်တော်တို့ကျန်းမာရေးအတွက် အရေးကြီးတဲ့အဂါၤတစ်ခုဖြစ်ပါတယ်။ အသည်းက ကျွန်တော်တို့ရဲ့သွေးတွေကို သန့်စင်ပေးနိင်ပါတယ်။ (အရက်၊ ဆေးဝါးနဲ့ အစာအဆိပ်တွေအစရှိသည်ကို) သွေးခဲခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး သွေးထဲကို အာဟာရဓာတ်တွေပို့ဆောင်ပေးဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလူးကို့စ်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပို့ဆောင်ခြင်းတွေကို လုပ်ဆောင်ပေးနိုင်ပါတယ် အသည်းကလုပ်ဆောင်ပေးတဲ့အချက်တွေအများကြီးရှိသေးပါတယ်။ အဲဒါကြောင့် အသည်းကျန်းမာရေးကလည်း အရေးကြီးတဲ့အချက်ပါပဲ။ သင့်အသည်းက ပျက်စီးနေပြီးဆိုတဲ့လက္ခဏာတွေကို သိအောင် မှတ်သားထားခြင်းဖြင့်အချိန်မီထိရောက်စွာကုသနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ

နာနတ်သီးစားခြင်းရဲ့ ကောင်းကျိုးများ

နာနတ်သီးက အရည်ရွှမ်းပြီး အရသာရှိတဲ့အသီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေး အတွက်ကောင်းမွန်တဲ့အကျိုးအာနိသင်တွေအများကြီးပါဝင်ပါတယ်။ နာနတ်သီးစားခြင်းကြောင့် ဘယ်လိုအကျိုးတွေရှိမလဲဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, လူနေမှုဘဝ, ကိုးကားစာများ

သင့်ဆံသားအတွက် မကောင်းတဲ့အကျင့် ၅ခု

လူတော်တော်များများအထူးသဖြင့် မိန်းကလေးတွေက သူတို့ရဲ့ဆံကေသာနဲ့ပတ်သက်ပြီး ဂုဏ်ယူလေ့ရှိကြပါတယ်။ အဲဒါကြောင့် ဆံသားကို ပိုပြီးကျန်းမာဖို့နဲ့ ပိုပြီးလန်းဆန်းတက်ကြွမှုကိုခံစားရစေဖို့ ဆံကေသာကို ဂရုစိုက်သင့်ပါတယ်။ သင်တောင်မသိလိုက်ဘဲ လုပ်မိနေတဲ့မှားယွင်းနေတဲ့အချက်တွေကြောင့်လည်း သင့်ဆံသားတွေထိခိုက်နိုင်ပါတယ်။ ဘယ်အချက်တွေကမှားယွင်းနေလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။

ကျန်းမာရေး လူနေမှုဘဝ ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။