သင့်အသည်းပျက်စီးနေကြောင်းပြသနေတဲ့လက္ခဏာ ၇ချက်

အသည်းက ကျွန်တော်တို့ကျန်းမာရေးအတွက် အရေးကြီးတဲ့အဂါၤတစ်ခုဖြစ်ပါတယ်။ အသည်းက ကျွန်တော်တို့ရဲ့သွေးတွေကို သန့်စင်ပေးနိင်ပါတယ်။ (အရက်၊ ဆေးဝါးနဲ့ အစာအဆိပ်တွေအစရှိသည်ကို) သွေးခဲခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး သွေးထဲကို အာဟာရဓာတ်တွေပို့ဆောင်ပေးဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလူးကို့စ်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပို့ဆောင်ခြင်းတွေကို လုပ်ဆောင်ပေးနိုင်ပါတယ် အသည်းကလုပ်ဆောင်ပေးတဲ့အချက်တွေအများကြီးရှိသေးပါတယ်။ အဲဒါကြောင့် အသည်းကျန်းမာရေးကလည်း အရေးကြီးတဲ့အချက်ပါပဲ။ သင့်အသည်းက ပျက်စီးနေပြီးဆိုတဲ့လက္ခဏာတွေကို သိအောင် မှတ်သားထားခြင်းဖြင့်အချိန်မီထိရောက်စွာကုသနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။


၁) မောပန်းနွမ်းနယ်ခြင်း
အမျိုးမျိုးသော လေ့လာချက်တွေအရ နာတာရှည်မောပန်းခြင်းနဲ့ ခြေကုန်လက်ပန်းကျလောက်အောင် မောဟိုက်နေခြင်းက အသည်းပျက်စီးခြင်းရဲ့လက္ခဏာဖြစ်ပါတယ်။
ဆေးပညာဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက အသည်းနဲ့ မောပန်းခြင်းက ဆက်စပ်နေပြီး ခြေကုန်လက်ပန်းကျခြင်းက အသုံးပြုတဲ့ပစ္စည်းတွေကြောင့် ဦးနှောက်အာရုံကြောဆိုင်ရာ ဓာတုပစ္စည်းတွေပြောင်းလဲခြင်းနဲ့ ဟောမုန်းမညီမျှခြင်းတွေကြောင့်ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
မောပန်းခြင်းကို ပိုဆိုစေတာက သွေးထဲက အဆိပ်ဖြစ်စေတဲ့ပမာဏတွေကို အသည်းမှ အလျင်မှီအောင် လျော့ချဖို့ မတတ်နိုင်ခြင်းကြောင့်ဖြစ်ပါတယ်။
၂) အရေပြားကြမ်းတမ်းခြင်းနဲ့ ခြောက်သွေ့ခြင်း
အရေပြားခြောက်သွေ့ခြင်း၊ ကြမ်းတမ်းခြင်းနဲ့ ယားယံခြင်းက အသည်းပျက်စီးကြောင်းပြသနေတဲ့နောက်ထပ်တစ်ချက်ပါပဲ။ ကျန်းမာဖို့အတွက် ကျွန်တော်တို့ရဲ့အရေပြားကို အစိုဓာတ်ရအောင် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ်မလုံလောက်တဲ့အခါ အရေပြားမှာ မတူညီတဲ့ တုံ့ပြန်မှုတွေဖြစ်ပေါ်လာပါတော့တယ်။ အသားဝါရောဂါ၊ ခြေလက်တွေနီရဲယားယံခြင်း၊ အမဲရောင်အစက်အပျောက်တွေထွက်လာခြင်း စတဲ့လက္ခဏာတွေဖြစ်ပေါ်လာပါတယ်။
၃) ဝမ်းဗိုက်တဝိုက် နာကျင်ခြင်း
အသည်းပျက်စီးနေပြီဆိုရင် ဝမ်းဗိုက်ဧရိယာတစ်ဝိုက်မှာ နာကျင်မှုကို ခံစားရတတ်ပါတယ်။
လူနာက ဝမ်းဗိုက်ဝန်းကျင်မှာ ထိုးအောင့်ခြင်းနဲ့ နာကျင်မှုကရွေ့လျားနေသလိုခံစားရတတ်ပါတယ်။
အချိန်ကြာစွဲသောက်ရတဲ့ဆေးတွေကလည်း ကြာလာတဲ့အခါ အသည်းကိုထိခိုက်စေတတ်ပါတယ်။
၄) အော်ကလီဆန်ခြင်း သို့မဟုတ် အန်ခြင်း
အသည်းရဲ့လုပ်ဆောင်ချက်တစ်ခုက ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကို ဖယ်ရှားရတွင် ကူညီခြင်းပါဝင်ပါတယ်။ အသည်းရဲ့အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့လုပ်ဆောင်ချက်ယိုယွင်းလာပြီဆိုရင်တော့ အစာခြေစနစ်ပြောင်းလဲသွားပါတယ်။ အစာခြေစနစ်မှာ အသည်းက ကြီးမားတဲ့အဂါၤရပ်ဖြစ်ပြီး အော့အန်ခြင်းနဲ့ အော်ကလီဆန်ခြင်းကဲ့သို့ အခြေအနေမျိုးတွေဖြစ်ပေါ်လာပြီဆိုရင်တော့ အသည်းက အဆိပ်အတောက်တွေဖယ်ရှားဖို့ မလုပ်ဆောင်နိုင်တော့တဲ့အခြေအနေပါပဲ။
၅) သွေးချေဥဖြစ်ပေါ်ခြင်း
လိုအပ်တဲ့ပရိုတင်းအင်ဇိုင်းတွေထုတ်လုပ်ဖို့ကလည်း အသည်းရဲ့အရေးပါတဲ့လုပ်ဆောင်ချက်တစ်ခုပါပဲ။
ပရိုတင်းအင်ဇိုင်းတွေရဲ့အမျိုးအစားတစ်ခုက သွေးခဲခြင်းကိုကာကွယ်ဖို့ ကူညီပေးနိုင်ခြင်းပါ။
သွေးခဲလာတဲ့အခါမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေက ခဲယဉ်းလာပြီး ယေဘုယျအားဖြင့် အပေါ်ယံအရေပြားပေါ်မှာ လက္ခဏာအဖြစ်လာပြတတ်ပါတယ်။
သွေးခဲခြင်းကိုကာကွယ်ဖို့အတွက် လိုအပ်တဲ့ပရိုတင်းအင်ဇိုင်းတွေကို အသည်းကမထုတ်ပေးနိုင်တဲ့အခါ ထိခိုက်ဒဏ်ရာအနည်းငယ်ဖြစ်ရင်တောင် သွေးထွက်များနိုင်ခြင်းနဲ့ အလိုလိုနေရင်း သွေးချေဥကဲ့သို့ အနီစက်တွေပေါ်လာခြင်း၊ အတွင်းကြေဖြစ်လွယ်ခြင်းတို့ဖြစ်နိုင်ပါတယ်။
၆) ဗိုက်ပူခြင်း ၊ ဗိုက်ရွဲခြင်း
အသည်းပျက်စီးခြင်းက ကိုယ်တွင်းအဂါၤရပ်တွေထံ ပုံမုန်သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အဂါၤတွေရဲ့အနီးတဝိုက်က သွေးပြန်ကြောတွေကိုပိုပြီး ဖိအားဖြစ်စေနိုင်ပါတယ်။
ထိုသွေးပြန်ကြောတွေက သရက်ရွက်နဲ့ အူတွေမှတဆင့် အသည်းကို သွေးလည်ပတ်မှုဖြစ်စေဖို့ ကူညီပေးတာပါ။ ထိုဖြစ်စဉ်တွေ ပျက်စီးသွားတဲ့အတွက် သွေးဖိအားများလာစေပါတယ်။
သွေးပြန်ကြောတွေမှာ သွေးဖိအားများလာခြင်းက ဝမ်းဗိုက်ပတ်လည်မှာ အရည်တွေ စုပြုံလာစေပါတယ်။ အဲဒါကို ဗိုက်ရွဲခြင်းလို့ခေါ်ပါတယ်။ ဗိုက်ရွဲလာတဲ့အခါ အသည်းက သွေးထဲမှပရိုတင်းတွေမထုတ်ပေးနိုင်တော့ပါဘူး။
၇) အသားဝါဖြစ်ခြင်း
အသည်းပြဿနာတွေဖြစ်တဲ့အခါ မျက်လုံးနဲ့အရေပြားတွေ အရောင်ပြောင်းလာတတ်ပါတယ်။
အရေပြားနဲ့မျက်လုံးတွေ အရောင်ပြောင်းသွားတဲ့အခါ အသားဝါဖြစ်လာပါတယ်။ အသားဝါခြင်းက
ဆီးသွားတဲ့အခါ ပိုပြီးအရောင်ပြောင်းခြင်း၊ အရေပြားယားနာဖြစ်ခြင်းတို့ဖြစ်လာနိုင်ပါသေးတယ်။
https://www.powerofpositivity.com/liver-damage-early-warnings/?fbclid=IwAR2IkC3AQg3xXmnZNbJGqbSj_m53BEEXhiKsFx6csU2NCLjJgFJK-7JjFBsလင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BaWa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။