လူတင်ဓာတ်ပါဝင်သောအစားအစာများ

လူတင်ဆိုတာက antioxidant အောက်ဆီဂျင်ဓာတ်တိုးပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ antioxidant တွေက ကျန်းမာရေးအတွက် အကျိုးရှိစေပါတယ်။ လူတင်ဓာတ်ကတော့ မျက်လုံးကျန်းမာရေး၊ အရေပြားနဲ့ နှလုံးကျန်းမာရေးကောင်းမွန်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါအချို့နဲ့ ဆီးချိုရောဂါကြောင့် အန္တရာယ်ရှိခြင်းမှ လျော့ကျစေနိုင်ပါတယ်။ လူတင်ဓာတ်ကြွယ်ဝစွာပါဝင်သောအစားအစာများနဲ့ အကျိုးကျေးဇူးကို မှတ်သားနိုင်ဖို့ဖော်ပြလိုက်ပါတယ်။


- မျက်လုံးအမြင်အာရုံကို ကောင်းမွန်စေနိုင်ပါတယ်။ မျက်လုံးရဲ့နူးညံသောအစိတ်အပိုင်းတွေကို UV rays တွေက ဖျက်စီးပစ်နိုင်ပါတယ်။ မျက်စိတိမ်စွဲရောဂါကို သက်သာစေနိုင်ပါတယ်။
- နေရောင်ကြောင့် အရေပြားပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းနဲ့ အရေပြား ကင်ဆာကိုလည်း ကာကွယ်ဖို့ အထောက်အကူဖြစ်စေပါတယ်။
- သွေးထဲမှာ လူတင်ဓာတ်ပမာဏများခြင်းက သွေးထဲကသကြားဓာတ်အန္တရာယ်ကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဆီးချိုရောဂါကိုလည်း ထိန်းချုပ်နိုင်ပါတယ်။
- လူတင်ဓာတ်က ကင်ဆာရောဂါကို ကာကွယ်ဖို့ကူညီပေးနိုင်တဲ့ သဘာဝဓာတ်တစ်မျိုးဖြစ်ပါတယ်။ လူတင်ဓာတ်ပါဝင်တဲ့အစားအစာတွေမှာ အခြားအကျိုးရှိတဲ့ antioxidant ဓာတ်တွေများများပါဝင်တာကြောင့် ယောင်ရမ်းခြင်းကိုလျော့ကျစေနိုင်ပါတယ်။
- ယောင်ရမ်းခြင်းကိုလျော့ကျစေတဲ့အတွက် နှလုံးသွေးကြောရောဂါနဲ့ပတ်သက်တဲ့ရောဂါအန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။
လူတင်ဓာတ်ရဲ့အကျိုးကျေးဇူးကိုသိပြီးဆိုရင်တော့ လူတင်ဓာတ်ပါဝင်သောအစားအစာတွေကို ပြောပြပေးလိုက်ပါတယ်။
- ကိုက်လန် (Kale)
- တရုတ်မုန်လာ (turnip greens)
- ဂေါ်ဖီအနွယ်ဝင် (collard greens)
- ဟင်းနုနယ်ရွက် (spinach)
- ဂေါ်ဖီထုပ်အသေး/ ကွမ်းသီးဂေါ်ဖီထုပ်(brussel sprouts)
- ပြောင်းဖူး (corn)
- ပန်းပွင့်စိမ်း ( broccoli)
- ကြက်ဥ (egg)
- သဘောၤသီး (papayas)
- လိမ္မော်သီး (orange)
- ပဲတောင့်စိမ်း (green beans) စတဲ့အစားအစာတွေမှာ လူတင်ဓာတ်ပါဝင်ပါတယ်။
https://www.pinterest.com/pin/307230005811636792/လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101
-
-

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။