သံဓာတ်ချို့တဲ့သောအခါ ပြသတဲ့လက္ခဏာများ

သံဓာတ်က သွေးထဲမှာ ဟေမိုဂလိုပင် (Haemoglobin ) ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ဓာတ်ဖြစ်ပါတယ်။ ဟေမိုဂလိုပင်က သွေးကြောမျှင်လေးတွေထဲမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင်ရောက်စေဖို့အတွက် ကူညီပေးနိုင်တဲ့ သွေးနီဥဆဲလ်အစိတ်အပိုင်းဖြစ်ပါတယ်။ သံဓာတ်က ၂မျိုးရှိပြီး Heme iron နဲ့ non-heme iron ဖြစ်ပါတယ်။ Heme iron က အနီရောင်အသားတွေထဲမှာ အများဆုံးတွေ့ရှိရပြီး ခန္ဓာကိုယ်က စုပ်ယူရပိုလွယ်စေပါတယ်။ အသား၊ ငါးနဲ့ ဝက်သားတွေထဲမှာ အများဆုံးပါရှိပါတယ်။ non-heme iron ကတော့ အသီးအနှံတွေထဲမှာ အများဆုံးပါဝင်ပါတယ်။ အသီးအနှံတွေ၊ ကောက်ပဲသီးနှံတွေနဲ့ အစေ့အဆံတွေမှာ အများဆုံးတွေ့ရပါတယ်။ ခန္ဓာကိုယ်က စုပ်ယူဖို့ ခက်ခဲပါတယ်။ သံဓာတ်ချို့တဲ့သောအခါမှာ သိရှိနိုင်ဖို့ ပြသတတ်တဲ့လက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။


၁) မောပန်းလွယ်ခြင်း
ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့သံဓာတ်လုံလောက်စွာမရတဲ့အခါ သွေးနီဥဆဲလ်တွေကို မရနိုင်တဲ့အတွက် မောပန်းလွယ်ခြင်းကို ခံစားရနိုင်ပါတယ်။
၂) အာရုံစိုက်ဖို့ ခက်ခဲခြင်း
သံဓာတ်ချို့တဲ့သောအခါမှာ အာရုံစုစည်းနိုင်ဖို့ မလွယ်ကူတာမျိုးဖြစ်ပေါ်တတ်ပါတယ်။
၃) ကြွက်သားနာကျင်ခြင်း
သံဓာတ်လုံလောက်စွာမရရှိတဲ့အခါ ကြွက်သားတွေက ကျုံ့နိုင်ဆံ့နိုင်အားလုပ်သင့်သလောက် မလုပ်နိုင်တော့တဲ့အတွက် နာကျင်မှုတွေကို ခံစားရနိုင်ပါတယ်။
၄) စိတ်ပါဝင်စားမှုလျော့နည်းခြင်း
သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ အလုပ်ကိစ္စတွေမှာ စိတ်ပါဝင်စားမှုလျော့နည်းလာစေတတ်ပါတယ်။ အာရုံစူးစိုက်နိုင်မှုအားနည်းလာတဲ့အတွက် ဘယ်အရာကိုမှ ထိရောက်စွာစိတ်ပါဝင်စားမှုမရှိနိုင်တော့သလိုဖြစ်လာတတ်ပါတယ်။
၅) လက်သည်းခြေသည်းကျိုးလွယ်ခြင်း
သံဓာတ်အားနည်းတဲ့အခါ လက်သည်းခြေသည်းကျိုးလွယ်လာနိုင်သလို၊ လက်သည်းမှာ အဖြူကွက်လေးတွေလည်း ထွက်ပေါ်လာတတ်ပါတယ်။
၆) အရေပြားဖြူရော်လာတတ်ခြင်း
သွေးနီဥဆဲလ်တွေထုတ်လုပ်မှုကျဆင်းပြီး သွေးစီးဆင်းမှုအားနည်းလာတဲ့အတွက် အရေပြားဖြူဆုပ်လာတာမျိုးဖြစ်နိုင်ပါတယ်။
၇) ဆီးအရောင်ဖျော့လာခြင်း သို့မဟုတ် အရောင်ရင့်လာခြင်း
အူလမ်းကြောင်းကနေ အရေပြားနဲ့ ဆံပင်အတွက် အရောင်တွေဖြစ်ပေါ်စေတဲ့ သဘာဝပစ္စည်း (natural pigment) စုပ်ယူနိုင်ခြင်းတွေ တိုးလာပြီး ဆီးအရောင်ပြောင်းတာမျိုးဖြစ်ပေါ်လာနိုင်ပါတယ်။
၈) အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ခြင်း
မကြာခဏ ဖျားနာမှုတွေဖြစ်ပေါ်ပြီး အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါမျိုးအဖြစ်များတယ်ဆိုရင်တော့ သံဓာတ်ချို့တဲ့ခြင်းက တရားခံဖြစ်နိုင်ပါတယ်။
၉) ပုံမှန်လုပ်ဆောင်နေကျအရာတွေမှာတောင် လုပ်ဆောင်ဖို့အခက်အခဲဖြစ်နိုင်ခြင်း
သံဓာတ်ချို့တဲ့သောအခါ သင့်ရဲ့ပုံမှန်လုပ်ဆောင်နေကျအရာတွေလုပ်ဆောင်ခြင်းမှာတောင် ခံနိုင်ရည်မရှိတာမျိုးဖြစ်လာနိုင်ပါတယ်။
၁၀) အသက်ရှုခက်ခဲခြင်း
သွေးထဲမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် ခန္ဓာကိုယ်က အောက်ဆီဂျင်ဓာတ်ချို့တဲ့လာပါတယ်။ အဲဒါကြောင့် အသက်ရှုခက်ခဲလာတာမျိုးဖြစ်နိုင်ပါတယ်။
သံဓာတ်ကို တစ်နေ့လျှင် အမျိုးသမီးတွေမှာဆိုရင် ၈ - ၁၈ မီလီဂရမ်အထိလိုအပ်ပြီး အမျိုးသားတွေမှာဆိုရင် ၈ -၁၁ မီလီဂရမ်လောက်အထိ လိုအပ်ပါတယ်။ သံဓာတ်ပြည့်ဝသောအစားအစာများကတော့ ပန်းပွင့်စိမ်း၊ ဖရဲသီး၊ တရုတ်ဆီးသီးခြောက်၊ စပျစ်သီးခြောက်၊ အာလူး(အခွံပါအာလူး)၊ ဟင်းနုနွယ်ရွက်၊ ဥအမျိုးမျိုး၊ ခရု၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ အသည်း၊ ပဲအမျိုးမျိုး တို့ဖြစ်ပါတယ်။
http://bloodpressurehighs.blogspot.com/2016/08/10-signs-you-have-iron-deficiency.html?spref=piလင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။