ပိုကျန်းမာတဲ့နှလုံးသားတစ်စုံပိုင်ဆိုင်ဖို့ လုပ်သင့်တဲ့အချက် ၇ချက်

ကောင်းမွန်ကျန်းမာတဲ့နေထိုင်မှုနည်းလမ်းတွေက သင့်ရဲ့နှလုံးကျန်းမာရေးအတွက်အထောက်အကူပြုသလို၊ ရုတ်တရက်လေဖြတ်ခြင်းကဲ့သို့ ရောဂါမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့ နည်းလမ်းတွေက သင့်ရဲ့နှလုံးပိုမိုကျန်းမာဖို့ လုပ်သင့်တဲ့အချက်တွေဖြစ်ပါတယ်။


၁) ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်ဖြတ်နိုင်အောင်ကြိုးစားခြင်းက သင့်ရဲ့နှလုံးကို ပိုမိုကျန်းမာစေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းက သင့်ရဲ့နှလုံးနဲ့အဆုတ်ကင်ဆာဖြစ်ပွားဖို့ အလားအလာများစေပါတယ်။

၂) သွေးပေါင်ချိန်တိုင်းပါ။

သင့်ရဲ့သွေးပေါင်ချိန်ကို ပုံမှန် ၁၂၀ / ၈၀ အောက်မရောက်စေဖို့ သတိထားပါ။

၃) သင့်ခန္ဓာကိုယ်အလေးချိန်ကိုသတိပြုပါ။

သင့်ခန္ဓာကိုယ်အလေးချိန်ပုံမှန်ဖြစ်စေဖို့ ဂရုစိုက်ပါ။ ခန္ဓာကိုယ်အလေးချိန်များခြင်းက သင့်ရဲ့နှလုံးကို ဖိအားဖြစ်စေပါတယ်။

၄) သင့်ရဲ့ကိုလက်စထရောပမာဏကို သတိပြုပါ။

ကိုလက်စထရောပမာဏကို ၂၀၀မီလီဂရမ်ထက်နည်းရန်သတိပြုပါ။

၅) သွေးထဲကသကြားဓာတ်ကို ထိန်းပါ။

သွေးထဲက သကြားဓာတ်ပမာဏကို ၁၀၀မီလီဂရမ်ထက်နည်းရန်သတိပြုပါ။

၆) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။

အရမ်းပြင်းထန်တာမျိုးမဟုတ်ဘဲ ပုံမှန်လေ့ကျင်ခန်းမျိုးကို တစ်ပတ်မှာ မိနစ်ပေါင်း ၁၅၀မိနစ်ခန့်လုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးထဲက ကိုလက်စထရောကိုလျော့ကျစေသလို သွေးထဲက သကြားဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

၇) ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာမျိုးစားသုံးပါ။

အထူးသဖြင့် အငန်ဓာတ်များတဲ့အစားအစာမျိုး၊ အချိုများတဲ့အစားအစာမျိုး၊ ပြည့်ဝဆီများတဲ့အစားအစာမျိုးတွေကို အလွန်အကျွံမစားပါနဲ့။ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများနဲ့ အစေ့အဆံများ၊ ငါးများ စသည်တို့ကို တွဲလျက်စားသုံးပါ။

အလွယ်ဆုံးအချက်လေးတွေမို့ လိုက်လုပ်ကြည့်လိုက်ပါအုံးနော်။
pinterest မှဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။