ပန်းသီးစားခြင်းရဲ့ကောင်းကျိုးများ

ပန်းသီးက အရသာရှိပြီး ဗီတာမင်ဓာတ်၊ antioxidant၊ အမျှင်ဓာတ် နဲ့အခြား အာဟာရဓာတ်တွေပါဝင်ပါတယ်။ စွမ်းအင်တွေအများအပြားပါဝင်တဲ့အရင်းမြစ်ဖြစ်ပြီး သင့်ရဲ့အရေပြား၊ ဆံပင်နဲ့ အခြားကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ အဲဒါကြောင့် ပန်းသီးစားသုံးခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


ခံနိုင်ရည်စွမ်းအားတိုးစေခြင်း
quercetin လို့ခေါ်တဲ့ Antioxidant အောက်ဆီဂျင်ဓာတ်တိုးဓာတ်တွေပါဝင်ပါတယ်။ ထိုဓာတ်က အဆုတ်ထဲကို အောက်ဆီဂျင်တွေလွယ်ကူစွာရောက်ရှိနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ အလုပ်မလုပ်မီ ပန်းသီးတစ်လုံးစားသုံးခြင်းက သင့်ကိုဘယ်လောက်ခံနိုင်ရည်စွမ်းအားတိုးစေသလဲဆိုတာ သင်သိရမှာပါ။

သွားများကိုဖြူစေနိုင်ခြင်း
ပန်းသီးမှာ malic acid ပါဝင်ပါတယ်။ သွားတွေကိုဖြူစင်စေနိုင်တဲ့ပစ္စည်းတော်တော်များများမှာ ထိုဓာတ်ကိုအသုံးပြုကြပါတယ်။ ထိုဓာတ်က သွားများမှာ စွန်းထင်းနေတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နောက်တခါ ပန်းသီးစားတဲ့အခါမှာ ပန်းသီးကို အလုံးလိုက်ကိုက်ဝါးပြီးစားခြင်းက သင့်ရဲ့သွားလေးတွေကို ပွတ်တိုက်သလိုဖြစ်စေတဲ့အတွက် သွားများကို ဖြူစင်ဖို့ကူညီပေးနိုင်ပါတယ်။

ရောဂါကိုတိုက်ဖျက်နိုင်တဲ့ ကိုယ်ခံအားမြှင့်တင်ပေးနိုင်ခြင်း
ပန်းသီးမှာ ဗီတာမင်စီဓာတ်မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် ကိုယ်ထဲမှာရှိတဲ့ ရောဂါကိုတိုက်ဖျက်နိုင်တဲ့ကိုယ်ခံစွမ်းအားကို တိုးမြင့်ပေးနိုင်ပါတယ်။

အဆာပြေစေနိုင်ခြင်း
ပန်းသီးမှာ သဘာဝအချိုဓာတ်ပါဝင်ပြီးသားမို့ နေ့လည်နေ့ခင်း အဆာပြေစားချင်လည်း အဆင်ပြေနိုင်ပါတယ်။ ကယ်လိုရီလည်း နည်းပါးပြီး အဆီလုံးဝကင်းပါတယ်။ အဲဒါကြောင့် ဗိုက်ဆာတဲ့အခါမှာလည်း အဆာပြေစေနိုင်ပါတယ်။ အသင့်စားအစားအစာများထက်စာရင် စားလို့လည်းကောင်း၊ အစာစားချင်စိတ်ကိုလည်း အာသာပြေစေပြီး ကျန်းမာရေးနဲ့လည်းညီညွှတ်နိုင်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း
Triterpenoids ဆိုတဲ့ဒြပ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ ထိုဓာတ်က အသည်းကင်ဆာ၊ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာစတဲ့ ကင်ဆာရောဂါအချို့ကိုလည်း ကာကွယ်ရာတွင် အကူညီဖြစ်စေနိုင်ပါတယ်။

မှတ်ဉာဏ်တိုးစေခြင်း
Acetylcholine ဆိုတဲ့ဓာတ်တစ်မျိုးထုတ်လုပ်ခြင်းကို တိုးစေပါတယ်။ ထိုဓာတ်က အာရုံကြောဆိုင်ရာနဲ့ပတ်သက်ပြီး ကျန်းမာစေပါတယ်။ ထိုဓာတ်ကြောင့် မှတ်ဉာဏ်တိုးစေခြင်းနဲ့ အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုအန္တရာယ်ကိုလျော့ကျစေနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်ပြီး ဝယ်ရလွယ်သလို ဈေးလည်းသက်သာတဲ့ပန်းသီးရဲ့အကျိုးကျေးဇူးတွေက အများကြီးဖြစ်ပေမယ့် အဓိက ကောင်းကျိုးလေးတွေကိုပဲ မှတ်ရလွယ်အောင် ဖော်ပြပေးလိုက်ပါတယ်။

https://blog.freepeople.com/2013/11/6-benefits-eating-apples/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။