မနက်စောစောအိပ်ရာထနိုင်ဖို့ နည်းလမ်းအဆင့်ဆင့်
သင်ရည်မှန်းထားတဲ့ပန်းတိုင်တွေရှိတယ်။ ဒါပေမယ့် ပြဿနာက တစ်နေ့တာလုံးအချိန်ပိုထွက်လာအောင် မနက်ခင်းဆို အိပ်ရာက စောစောမထချင်တာက ပြဿနာဖြစ်နေသလား။ အောင်မြင်နေတဲ့သူတိုင်းက မနက်ခင်းစောစော အိပ်ရာထကြသူတွေဖြစ်ပါတယ်လို့ မကြာခဏ သင်ကြားဖူးနေမယ်ထင်ပါတယ်။
ကလေးကိုအမှီအခိုကင်းစွာ ရှင်သန်နိုင်အောင် ပျိုးထောင်ပေးပါ။
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းက အင်မတန်လေးနက်ပြီး တာဝန်ကြီးပါတယ်။ ကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာနေရုံနဲ့ ကလေးကိုပြုစုပျိုးထောင်ခြင်းတာဝန်က ပြည့်စုံတာမဟုတ်ပါဘူး။ အဲဒီလိုပါပဲ ကလေးရဲ့အငြိုအငြင်မခံရစေဘဲ လိုတရပုံစံမျိုးနဲ့ ကလေးလိုချင်တာ၊ ရလိုတာမှန်သမျှကို ဖြည့်ဆည်းပေးခြင်းက ကလေးအတွက် လတ်တလောမှာတော့ ခံစားချက်ကောင်းစေပေမယ့် ရေရှည်မှာတော့ လုံးဝမကောင်းနိုင်ပါဘူး။ ခဏတဖြုတ် ကလေးအငိုတိတ်မှာကို လိုချင်ရုံနဲ့တော့ ကလေးကို အရာအားလုံး အရိပ်တကြည့်ကြည့် အလိုမလိုက်သင့်ပါဘူး။
ငရုတ်ကောင်းရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
ငရုတ်ကောင်းဆိုတာက ဟင်းပွဲမှာ ထည့်သုံးတာမျိုး အနံ့အရသာအတွက်သုံးတဲ့ဟင်းခတ်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ငရုတ်ကောင်းမှာ များစွာသော ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ ဝိတ်ကျဖို့ကူညီပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အအေးပတ်ခြင်း၊ ချောင်းဆိုးခြင်း၊ အရေပြားပြဿနာတွေကို သက်သာစေပါတယ်။ ငရုတ်ကောင်းပင်ကို ဆေးဝါးအတွက်ကော ဟင်းခတ်အဖြစ်ကော သုံးကြပါတယ်။ ငရုတ်ကောင်းမှာ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရတ်၊ ဆိုဒီယမ်၊ as thiamin ၊ riboflavin ၊ niacin နဲ့ vitamin B6 တို့ပါဝင်ပါတယ်။ ဗီတာမင်အီ၊ ဖောလိတ်နဲ့ ဗီတာမင်ကေလည်း ပါဝင်ပါသေးတယ်။ ငရုတ်ကောင်းက ရင်ကြပ်ခြင်း၊ ကင်ဆာဖြစ်ပွားနိုင်ချေအန္တရာယ်နည်းပါးခြင်း၊ နှလုံးနဲ့ အသည်းရောဂါတွေအတွက် အထောက်အကူဖြစ်စေပါတယ်။
Influencer တစ်ယောက်ဖြစ်နိုင်မယ့် လျှို့ဝှက်ချက်များ
Influencers တွေက လူတွေရဲ့စိတ်ကို ပြောင်းလဲနိုင်တဲ့စွမ်းရည်ရှိပါတယ်။ အရာဝတ္ထုတွေ၊ ပစ္စည်းတွေဆိုရင်လည်း Influencers တွေပြောပြ၊ ညွှန်းပြတဲ့ပစ္စည်းမျိုးတွေကို ပိုပြီး ယုံကြည်လက်ခံကြသလို၊ လွယ်ကူစွာ စည်းရုံးသိမ်းသွင်းနိုင်ပါတယ်။ လူတွေအတွက် Influencers တွေကို ယုံကြည်မှု၊ လေးစားမှု၊ ရိုသေမှုတွေက အလိုလို တည်ဆောက်ပြီးသားဖြစ်စေပါတယ်။ Influencers တွေကိုဆိုရင် လူတွေက ပိုပြီး ဝန်းရံချင်ကြပါတယ်။ အပေါင်းအဖော်တွေ၊ ဖောက်သည်တွေ ၊ အားကျသူတွေက သူတို့ရဲ့ အသိုင်းအဝန်းအစိတ်အပိုင်းဖြစ်ပါတယ်။ Influencer တစ်ယောက်က လူတွေကို ကူညီမယ့်နည်းလမ်း၊ အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေကို ထောက်ပြခြင်းဖြင့် လူအများရဲ့ ယုံကြည်မှု၊ လေးစားမှု၊ အားကျမှု၊ အားကိုးမှုကိုရလာတာဖြစ်ပါတယ်။ တနည်းအားဖြင့် အခြားသူတွေ အဆင်ပြေစေဖို့ အဓိက ဗဟိုပြုပြီး စေတနာနဲ့နည်းပေးလမ်းပြသူတွေပေါ့။ အဲဒါက Influencer တစ်ယောက်ရဲ့အဓိက အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ထိုလူတွေပြောပြတဲ့နည်းလမ်းတွေအတိုင်း လူတွေက လိုက်လုပ်ကြည့်ရင်း ကောင်းမွန်တဲ့ ရလဒ်တွေဖြစ်လာတဲ့အခါမှာတော့ ထိုလူတွေက လူတွေကို လွှမ်းမိုးနိုင်တဲ့လူတွေဖြစ်လာပါတော့တယ်။ အောက်မှာဖော်ပြပေးမယ့်အချက်တွေကတော့ သင်ကိုယ်တိုင်လူတွေကို Influence လုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်လာစေမယ့် လျှို့ဝှက်ချက်လေးတွေပဲဖြစ်ပါတယ်။
စိုးရိမ်ပူပန်ခြင်းတွေကို ရပ်တန့်ပစ်နိုင်ဖို့ နည်းလမ်း ၅ချက်
စိုးရိမ်ပူပန်ဖူးကြမှာပါ။ ဒါပေမယ့် စိုးရမ်ပူပန်ခြင်းက သင့်ကို ကျန်းမာရေးအရ အများကြီးထိခိုက်စေပါတယ်။ သင်ပူပန်တဲ့အခါ စိုးရိမ်မှုနဲ့ ဖိစီးမှုတွေဖြစ်လာပါတယ်။ ထိုဖိစီးမှုတွေက ကျွန်တော်တို့ခန္ဓာကိုယ်မှာကော ၊ စိတ်ထဲမှာကော ရောဂါတွေတိုးလာပါတယ်။ သွေးခုန်နှုန်းတိုးလာစေပါတယ်။ အစာအိမ်ထဲမှာ လေတွေပွလာစေပါတယ်၊ လည်ချောင်းတွေ ခြောက်ကပ်လာစေပါတယ်။ ချွေးစေးတွေထွက်လာတယ်။ မူးဝေခြင်း နဲ့ နှလုံးခုန်မြန်လာခြင်းတို့ဖြစ်လာပါတယ်။ တစ်ယောက်စီချင်းမှာတော့ ဖြစ်ပေါ်လာမှုခြင်းမတူညီပါဘူး။ သင်ပူပန်နေတဲ့အရာတွေကို မဆုပ်ကိုင်ထားဘဲ လွှတ်ချလိုက်မယ်ဆိုရင် သင့်အတွက်အများကြီး အကျိုးရှိနိုင်ပါတယ်။ အလွန်အကျွံ့စိုးရိမ်ပူပန်နေခြင်းကို ရပ်တန့်ပစ်နိုင်မယ့်နည်းလမ်း ၅ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
ဘလူးဘယ်ရီသီးရဲ့ အံ့မခန်းအစွမ်းများ
ဘယ်လူးဘယ်ရီသီးက ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပြီး ခရမ်းရင့်ရောင်အသီးမျိုးဖြစ်ပါတယ်။ ပထမဆုံးသီးစမှာ အစိမ်းရောင်ဖြစ်ပြီး ရင့်မှည့်လာတဲ့အခါမှာတော့ ခရမ်းရင့်ရောင်ပြောင်းသွားပါတယ်။ ဘယ်ရီသီးတွေမှာ အာဟာရဓာတ်ကြွယ်ဝစုံလင်စွာပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ မဂ္ဂနီစ်တို့ အဓိက ပါဝင်ပြီး အခြားသော antioxidants တွေနဲ့အာဟာရတွေလည်း ပါဝင်ပါသေးတယ်။ ဘယ်ရီသီးစားခြင်းရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့
ခွင့်လွှတ်ပေးလိုက်ပါ….ဆိုတဲ့စကားက သင်ကြားဖူးနေကျ စကားဖြစ်မှာပါ။ ဘာသာတရားအရလည်း ခွင့်လွှတ်ခြင်းက အေးချမ်းပါတယ်ဆိုတာမျိုး ကြားဖူးမှာပါ။ ဟုတ်ပြီ…အဲဒါဆိုရင် ခွင့်လွှတ်ခြင်းက တကယ်ကော အေးချမ်းရဲ့လား။ မှန်ရဲ့လား။ တကယ်မှန်ပါတယ်။ ခွင့်လွှတ်ပေးတတ်တဲ့သူတွေက ပိုပြီး ကျန်းမာသလို၊ ပိုပြီးလည်း ပျော်ရွှင်နိုင်ကြပါတယ်။
သင့်ကို ပျော်ရွှင်စေတဲ့ အစားအစာ ၁၂မျိုး
အစားအစာတွေက သင့်ကိုပျော်ရွှင်အောင်လုပ်နိုင်တယ်ဆိုတာ အိပ်မက်မဟုတ်ပါဘူး။ အစားအစာတွေက သင့်ကို ပျော်ရွှင်အောင်လုပ်နိုင်တယ်၊ စိတ်ခံစားချက်ပိုကောင်းစေတယ်၊ ပိုပြီးလည်းကျန်းမာစေနိုင်ပါတယ်။ အစားအစာကို ကြိုက်နှစ်သက်လို့စားတာထက် အဲဒီလိုကောင်းကျိုးတွေကိုသိနားလည်ပြီး စားတာက ပိုပြီး မကောင်းဘူးလား။ မကြာသေးမီကလေ့လာချက်အရ အစားအစာတော်တော်များများက သင့်ရဲ့ဦးနှောက်အလုပ်လုပ်ဖို့အတွက်သာမက ပိုပြီး စိတ်ပြေလျော့စေခြင်း၊ ပိုပြီး ပျော်ရွှင်မှုကို ခံစားရစေခြင်း ဆိုတဲ့အကျိုးပါ ရှိနိုင်တယ်လို့ တွေ့ရပါတယ်။ ခန္ဓာကိုယ်အတွက် စိတ်ဓာတ်ကျခြင်းကိုကစားနိုင်ပြီး စိုးရိမ်သောကကိုပါ ပြေလျော့စေပါတယ်။
ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့အတွက် ခွန်အားဖြစ်စေသော ကောက်နုတ်ချက်များ
ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့အတွက် ခွန်အားဖြစ်စေသော ကောက်နုတ်ချက်များ
Me time ဆိုတာ လူတိုင်းလိုအပ်တဲ့အရာပါပဲ။ အထူးသဖြင့်တော့ မေမေတွေအတွက် ပိုလိုအပ်မှာပါ။ တစ်နေ့တာလုံး အိမ်မှုကိစ္စမှန်သမျှနဲ့ သားသမီးဝေယျာဝစ္စ၊ အမျိုးသားဝေယျာဝစ္စ၊ အခြားအတူနေ မိဘတွေရှိရင်လည်း ထိုလူတွေရဲ့ဝေယျာဝစ္စ စသဖြင့် အကုန်လုံးအတွက်သာ ခေါင်းထဲထည့်ရပြီး ရှုပ်ယှက်ခတ်နေတတ်ပါတယ်။ တစ်အိမ်လုံးကလူတွေရဲ့ကိစ္စအ၀၀ကိုသာ ခေါင်းထဲထည့်ရပြီး ကိုယ့်အတွက်တော့ တခါမှ မစဉ်းစားဘူးတဲ့ အိမ်ရှင်မတွေ အများကြီးပါပဲနော်။