စိုးရိမ်ပူပန်ခြင်းတွေကို ရပ်တန့်ပစ်နိုင်ဖို့ နည်းလမ်း ၅ချက်

စိုးရိမ်ပူပန်ဖူးကြမှာပါ။ ဒါပေမယ့် စိုးရမ်ပူပန်ခြင်းက သင့်ကို ကျန်းမာရေးအရ အများကြီးထိခိုက်စေပါတယ်။ သင်ပူပန်တဲ့အခါ စိုးရိမ်မှုနဲ့ ဖိစီးမှုတွေဖြစ်လာပါတယ်။ ထိုဖိစီးမှုတွေက ကျွန်တော်တို့ခန္ဓာကိုယ်မှာကော ၊ စိတ်ထဲမှာကော ရောဂါတွေတိုးလာပါတယ်။ သွေးခုန်နှုန်းတိုးလာစေပါတယ်။ အစာအိမ်ထဲမှာ လေတွေပွလာစေပါတယ်၊ လည်ချောင်းတွေ ခြောက်ကပ်လာစေပါတယ်။ ချွေးစေးတွေထွက်လာတယ်။ မူးဝေခြင်း နဲ့ နှလုံးခုန်မြန်လာခြင်းတို့ဖြစ်လာပါတယ်။ တစ်ယောက်စီချင်းမှာတော့ ဖြစ်ပေါ်လာမှုခြင်းမတူညီပါဘူး။ သင်ပူပန်နေတဲ့အရာတွေကို မဆုပ်ကိုင်ထားဘဲ လွှတ်ချလိုက်မယ်ဆိုရင် သင့်အတွက်အများကြီး အကျိုးရှိနိုင်ပါတယ်။ အလွန်အကျွံ့စိုးရိမ်ပူပန်နေခြင်းကို ရပ်တန့်ပစ်နိုင်မယ့်နည်းလမ်း ၅ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


၁) သင့်ရဲ့စိုးရိမ်ပူပန်မှုဖြစ်ရတဲ့အကြောင်းရင်းကို မှတ်သားထားပါ။
ဘယ်လိုအခြေအနေမျိုးမှာ စိုးရိမ်ပူပန်မှုဖြစ်ပေါ်တတ်သလဲ၊ သင့်ရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်တဲ့အထိ ဖြစ်စေတဲ့အခြေအနေမျိုးကို နားလည်ပါ။ ထိုအခြေအနေမျိုးကြုံရတဲ့အခါမှာ သင့်ကိုသင်သတိပေးပါ။ သတိထားပါ၊ စိတ်ကိုတည်ငြိမ်အောင်လုပ်ပါ။
၂) တကယ်ခံစားရတဲ့ခံစားချက်က ဘာလဲဆိုတာသိအောင်လုပ်ပါ။
တခုခုဖြစ်ပေါ်တဲ့အခါ သင်တကယ်ခံစားရတဲ့ခံစားချက်ကို ဆန်းစစ်ပါ။ ပြန်ပြီး သင့်ကိုသင်ဆန်းစစ်တဲ့အလေ့အကျင့်ရအောင်လုပ်ပါ။ အဲဒါဆိုရင် သင်ဖြစ်နေတာဘာအတွက်လဲ၊ ဘာကိုခံစားနေရသလဲဆိုတာမျိုး ပြန်ဆန်းစစ်နေတဲ့အချိန်မှာ သင့်ကိုသင်မသိလိုက်ဘဲ သင်တည်ငြိမ်အောင်လုပ်မိနေသလိုဖြစ်စေပါတယ်။ အဲဒီ့အခါမှ သင့်အတွက် တကယ်အရေးကြီးတာဘာလဲဆိုတာ သင်နားလည်လာပါလိမ့်မယ်။
၃) စိုးရိမ်ပူပန်မှုအတွေးနေရာမှာ တခုခုအစားထိုးလိုက်ပါ။
သင်တကယ်ဖြစ်စေချင်တာက ဘာလဲသေချာသိအောင်လုပ်ပါ။ ဘာတွေလုပ်သင့်သလဲဆိုတာမျိုးတွေးပြီး လုပ်ရမယ့်အရာတခုခုနဲ့အစားထိုးလိုက်ပါ။ သင့်ရဲ့စိုးရိမ်ပူပန်မှုနေရာမှာ အခြားအလုပ်တခုခု၊ လုပ်စရာတခုခု၊ လုပ်ဆောင်ချက်တခုခုနဲ့အစားထိုးလိုက်သလိုဖြစ်သွားတဲ့အခါ သင့်ရဲ့စိုးရိမ်မှုက တဖြေးဖြေးလျော့သွားစေပါတယ်။
၄) ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုလုပ်သင့်သလဲဆိုတာ ဆုံးဖြတ်ပါ။
ဒီအချက်ကတော့ သင့်ရဲ့စိုးရိမ်ပူပန်မှုကို ဖြေရှင်းဖို့ အာရုံစိုက်တာဖြစ်ပါတယ်။ အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းကဘာလဲ၊ ဘယ်လိုမျိုးဖြေရှင်းသင့်သလဲဆိုတာကိုတွေးပြီး အရေးအကြီးဆုံးအရင်လုပ်ဆောင်သင့်တာကို လုပ်ဆောင်ပါ။
မထိရောက်တဲ့ဖြေရှင်းချက်တွေအစား သင်ဘာကြောင့်စိုးရိမ်ပူပန်ရသလဲ၊ ထိုစိုးရိမ်ပူပန်မှုကို ပြန်ဆန်းစစ်ပါ၊ ပြန်တွေးကြည့်ပါ။ တကယ်ရောဖြစ်နိုင်ရဲ့လား၊ တကယ်တော့ ယုတ္တိရှိရဲ့လားစသဖြင့် တွေးပြီး ဘယ်လိုဖြေရှင်းခြင်းက အကောင်းဆုံးဖြစ်မလဲတွေးပြီး ဖြေရှင်းပါ။
၅) အကောင်းဆုံးဖြစ်မယ့်ဖြေရှင်းနည်းကို လုပ်ဆောင်ပါ။
စိုးရိမ်ပူပန်မှုများနဲ့ သောကတွေက သင့်ရဲ့အလုပ်လုပ်နိုင်တဲ့စွမ်းရည်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ထိုစိုးရိမ်ပူပန်မှုသောကတွေကို သင်မဖြေရှင်းမချင်း သင့်ရဲ့တနေ့တာလုပ်ဆောင်ချက်တွေ၊ တနေ့တာ တာဝန်တွေဘာဆိုဘာမှ မလုပ်နိင်တော့လောက်အောင်ဖြစ်စေပါတယ်။ အဲဒါကြောင့် အထက်က အချက်တွေအတိုင်းတဆင့်ချင်း အပြန်အလှန်တွေးတောစဉ်းစားပြီး ဖြေရှင်းချက်ရပြီဆိုရင် အဲဒီ့အကောင်းဆုံးဖြေရှင်းချက်အတိုင်း စတင်လုပ်ဆောင်ဖို့ကြိုးစားပါတော့။ စိုးရိမ်ပူပန်မှုကြောင့်ဖြစ်လာတဲ့ ရှု့ပ်ထွေးမှုတွေ၊ ပြင်းထန်မှုတွေ၊ အနှောင့်အယှက်ဖြစ်မှုတွေကို သင့်ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ဖြေရှင်းဖို့အတွက် ထိရောက်မှုရှိတဲ့အလုပ်ကိုစလုပ်ဖို့သာ အာရုံစိုက်ပါ။
စိုးရိမ်ပူပန်တွေက သင့်တွေးနေတဲ့အတွေးတွေကို ဆူပွက်လာစေတာဖြစ်ပါတယ်။ ထိုအတွေးတွေ သင့်အာရုံထဲမှာ ဆူပွက်လာပြီး စိုးရိမ်မှုတိုးလာပြီး မငြိမ်မသက်ဖြစ်နေတဲ့အခါ သင်ဘာမှလုပ်လို့မရတော့အောင် ဆွဲချသွားတတ်ပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှုကြုံဖူးတဲ့သင့်ရဲ့အတွေ့အကြုံကို သေချာပြန်ဆန်းစစ်ပြီး ထိုစိုးရိမ်ပူပန်မှုရဲ့အတွေးတွေကို နားထောင်ပြီး တုန်လှုပ်နေမယ့်အစား အထက်ကအချက်လေးတွေကို သေချာလိုက်နာကြည့်ပါ။ ပြဿနာတိုင်းမှာအဖြေရှိတာကို မမေ့ပါနဲ့နော်။
တကယ်ထိရောက်စွာ ဖြေရှင်းနိုင်မယ့်အဖြေကို ရှာတွေ့ပြီဆိုရင် ထိုအဖြေကိုလုပ်ဆောင်နိုင်ဖို့သာ အာရုံစိုက်ပြီး တကယ်လုပ်ဆောင်ပါ။ အဖြေကိုရှာနိုင်တာလည်း သင်ပါပဲ။ ထိုအဖြေကို လက်တွေ့လုပ်ဆောင်နိုင်တာလည်း သင်ပါပဲ။ သင်ဆန်းစစ်မိတဲ့အဖြေအတိုင်း တကယ်လုပ်ဆောင်နိုင်တဲ့အခါ သင့်ရဲ့စိုးရိမ်ပူပန်မှုတွေတဖြေးဖြေးလျော့ကျသွားပြီး သင့်ကိုသင်ထိန်းချုပ်နိုင်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။