Influencer တစ်ယောက်ဖြစ်နိုင်မယ့် လျှို့ဝှက်ချက်များ

Influencers တွေက လူတွေရဲ့စိတ်ကို ပြောင်းလဲနိုင်တဲ့စွမ်းရည်ရှိပါတယ်။ အရာဝတ္ထုတွေ၊ ပစ္စည်းတွေဆိုရင်လည်း Influencers တွေပြောပြ၊ ညွှန်းပြတဲ့ပစ္စည်းမျိုးတွေကို ပိုပြီး ယုံကြည်လက်ခံကြသလို၊ လွယ်ကူစွာ စည်းရုံးသိမ်းသွင်းနိုင်ပါတယ်။ လူတွေအတွက် Influencers တွေကို ယုံကြည်မှု၊ လေးစားမှု၊ ရိုသေမှုတွေက အလိုလို တည်ဆောက်ပြီးသားဖြစ်စေပါတယ်။ Influencers တွေကိုဆိုရင် လူတွေက ပိုပြီး ဝန်းရံချင်ကြပါတယ်။ အပေါင်းအဖော်တွေ၊ ဖောက်သည်တွေ ၊ အားကျသူတွေက သူတို့ရဲ့ အသိုင်းအဝန်းအစိတ်အပိုင်းဖြစ်ပါတယ်။ Influencer တစ်ယောက်က လူတွေကို ကူညီမယ့်နည်းလမ်း၊ အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေကို ထောက်ပြခြင်းဖြင့် လူအများရဲ့ ယုံကြည်မှု၊ လေးစားမှု၊ အားကျမှု၊ အားကိုးမှုကိုရလာတာဖြစ်ပါတယ်။ တနည်းအားဖြင့် အခြားသူတွေ အဆင်ပြေစေဖို့ အဓိက ဗဟိုပြုပြီး စေတနာနဲ့နည်းပေးလမ်းပြသူတွေပေါ့။ အဲဒါက Influencer တစ်ယောက်ရဲ့အဓိက အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ထိုလူတွေပြောပြတဲ့နည်းလမ်းတွေအတိုင်း လူတွေက လိုက်လုပ်ကြည့်ရင်း ကောင်းမွန်တဲ့ ရလဒ်တွေဖြစ်လာတဲ့အခါမှာတော့ ထိုလူတွေက လူတွေကို လွှမ်းမိုးနိုင်တဲ့လူတွေဖြစ်လာပါတော့တယ်။ အောက်မှာဖော်ပြပေးမယ့်အချက်တွေကတော့ သင်ကိုယ်တိုင်လူတွေကို Influence လုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်လာစေမယ့် လျှို့ဝှက်ချက်လေးတွေပဲဖြစ်ပါတယ်။


၁) မှန်ကန်တဲ့လူမှုကွန်ရက်ကို အခြေတည်ပါ။
သင်က လူတွေအတွက် လူနေမှုဘဝတွေအကြောင်း ရေးပြချင်တာလည်း၊ ကလေးပြုစုပျိုးထောင်ရေးရေးပြချင်တာလား စသဖြင့် သင်ရွေးချယ်ထားတဲ့လမ်းကြောင်းကို မှန်ကန်တဲ့ကွန်ရက်မှာ အခြေပြုပါ။ လူတွေအသုံးများပြီး သင့်ကိုလည်း အလွယ်တကူရှာတွေ့နိုင်မယ့် platforms မျိုးပေါ့။ social channels တွေမှာ သင်ပြသချင်တာလေးတွေ ပြသမယ်ဆိုရင် လူသုံးများပြီး လူသိများမယ့် platforms ၂မျိုးလောက်မှာ သေချာစတင်သင့်ပါတယ်။ သင်ချပြချင်တာနဲ့ platforms ရွေးချယ်တာက တလွဲဖြစ်နေရင်တော့ သင်ပြောပြချင်တာတွေက ထိရောက်မှုရှိမှာမဟုတ်ပါဘူး။

၂) အထူးတလည်ဖြစ်ပါစေ၊ ပန်းတိုင်အသေးလေးတွေသတ်မှတ်ထားပါ။
အောင်မြင်တဲ့ influencer တစ်ယောက်ဖြစ်လာစေဖို့ ရေရှည်ကြိုးစားရမှာပါ။ ချက်ချင်းထဖြစ်ချင်လို့မရပါဘူး။ အဲဒါကြောင့် သင်ချပြလိုက်တဲ့အရာတိုင်းက platforms ပေါ်မှာ မြင်သွားသူတိုင်းအတွက် အကျိုးတစ်စုံတစ်ရာရစေပြီး အထူးတလည် စေတနာထားမှန်းသိသာပါစေ။ ပန်းတိုင်အသေးလေးတွေလည်း သင့်ကိုသင်သတ်မှတ်ထားပါ။ သင့်ရဲ့ followers တွေအတွက်လည်း တွေးပါ။ သင့်ကို followers လုပ်တဲ့သူတွေ တိုးလာစေဖို့က လွယ်ပါတယ်။ ဒါပေမယ့် သင်ချပြချင်တဲ့အရာနဲ့ အပ်စပ်တဲ့ followers တွေဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။

၃) ဘယ်လိုအရာတွေက ပိုအလုပ်ဖြစ်သလဲဆိုတာ လေ့လာပါ။
သင့်followers တွေအတွက် အကျိုးရှိတဲ့ quality content တွေဖြစ်ဖို့ စဉ်းစားပါ။ ဒါပေမယ့် ဘယ်လို quality content တွေက ပိုပြီးအလုပ်ဖြစ်သလဲဆိုတာကိုလည်း သိအောင် လေ့လာသင့်ပါတယ်။ အရေအတွက်ထက် အရည်အသွေးကိုပိုပြီး အလေးထားသင့်ပါတယ်။ ဘယ်လို content အမျိုးအစားက ပိုပြီး တာသွားသလဲဆိုတာမျိုးကို စစ်တမ်းကောက်သင့်ပါတယ်။

၄) သင်ချပြနေတာတွေက သင့်ရဲ့ brand တစ်ခုကိုတည်ဆောက်နေတယ်ဆိုတာ သတိရပါ။
လူတွေကို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့စာတွေမျှဝေနေတယ်ဆိုရင် သင့်ဘာတင်တင် အကောင်းဘက်ကဖြစ်စေဖို့ သတိပြုပါ။ အဲဒါက သင့်ကို brand တစ်ခုအဖြစ် တသတ်မတ်တည်းမြင်သွားစေပါတယ်။ အဲဒါကြောင့် သင်က အခြားလူတွေကို ဘယ်လိုနေရာမျိုးမှာ အကျိုးရှိအောင် ကူညီချင်တာလဲဆိုတာ သင့်ကိုသင်သေချာဆန်းစစ်ပြီးမှ တည်ဆောက်သင့်ပါတယ်။ ဥပမာ။ သင်ကခရီးသွားခြင်းအကြောင်းတွေချည်း ရေးတင်ချင်တာလား၊ ကျန်းမာရေးအတွက် အကြံဉာဏ်ပေးချင်တာလား၊ အချစ်ရေးအကြံပေးသက်သက်လား၊ အလှအပရေးရာသက်သက်လား စသဖြင့်ပေါ့။ သင်ချပြတဲ့ quality content တွေကို ပြန်ရလာတဲ့ တုံ့ပြန်မှု ရလဒ်က အကောင်းဘက်က များတယ်ဆိုရင် သင့်ရဲ့cotent က followers တွေအတွက် တကယ်အကျိုးရှိစေပြီး တကယ်ထိရောက်သွားပါတယ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။ အဲလိုမဟုတ်ဘဲ ပြန်ရတဲ့တုံ့ပြန်မှုတွေက အဆိုးဘက်တုံ့ပြန်မှုတွေသာ အများကြီးဖြစ်နေရင်တော့ သင်တခုခုကို ပြုပြင်သင့်နေပါပြီ။

၅) သင့်ရဲ့ပရိတ်သတ်တွေကို အကောင်းဘက်ကနေ ဆွဲဆောင်နိုင်ပါစေ။
သင့်ရဲ့ followers တွေအတွက် အကောင်းဘက်ကနေ ဆွဲဆောင်နိုင်ခြင်းက ပိုပြီးထိရောက်စေပါတယ်။ followers တွေအတွက် အကျိုးရှိစေတယ်ဆိုရင် သင့်ကို ပိုပြီး စိတ်ဝင်စားလာသလို ပိုပြီးလည်း လွှမ်းမိုးမှုရှိလာနိုင်ပါတယ်။ အဲဒါအပြင် သင့်ရဲ့အချိန်တွေ၊ ကြိုးစားမှုတွေကို ပိုပြီးမြင်လာနိုင်အောင် ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို လှပပြီး အရောင်ထွက်ကောင်းတဲ့ဖိုင်တွေအသုံးပြုပါ။

၆) သင့်ရဲ့အစစ်အမှန်ကိုသာ အသုံးပြုပါ။
အောင်မြင်တဲ့ influencer ဖြစ်ချင်တယ်ဆိုရင် သင့်ရဲ့အသံအစစ်ကိုအသုံးပြုသင့်ပါတယ်။ သင့်ရဲ့ ရိုးသားမှု၊ သင့်ရဲ့အလုပ်အကိုင်၊ သင့်ရဲ့ ပရော်ဖက်ရှင်နယ်ဘဝကို အမှန်အတိုင်းဖော်ပြသင့်ပါတယ်။

၇) content တွေက အထောက်အကူဖြစ်ဖို့သတိထားပါ။
ကောင်းမွန်တဲ့ content ဖြစ်ဖို့ အရေးကြီးပါတယ်။ content တစ်ခုက အသုံးဝင်ဖို့၊ သတင်းပေးဖို့၊ အထောက်အကူဖြစ်ဖို့လိုပါတယ်။ အဲဒါမှသာ သင့်ကိုလည်း အကျိုးရှိစေပြီး အောင်မြင်တဲ့ influencer တစ်ယောက်ဖြစ်လာစေနိုင်တာပါ။ လူတွေအတွက် အကျိုးရှိစေတဲ့ video တွေ၊ blog postတွေ နဲ့ ဓာတ်ပုံတွေက သင့်ရဲ့followers တွေရဲ့ အာရုံစိုက်မှုကို ချက်ချင်းရလာစေပါတယ်။ သင့်ရဲ့ followers တွေကို အကြံပေးတာမျိုး၊ သူတို့သိချင်တာတွေကို ဖြေပေးတာမျိုးတွေလည်း လုပ်နိုင်ပါတယ်။
၈) သင့်ရဲ့ followers တွေအသံကို နားထောင်ပါ။
သင်တင်လိုက်တဲ့ ပိုစ့်တွေ၊ content တွေအပေါ် သင့်ရဲ့followers တွေဆီက တုံ့ပြန်မှုကို နားထောင်ပါ၊ လေ့လာပါ။ ဆန်းစစ်ပါ။ သူတို့ရဲ့အမြင်တွေကနေ သင့်အတွက် နောက်ထပ် အကြံသစ်တွေရနိုင်ပါတယ်။ followers တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်အောင် အပြန်အလှန်တည်ဆောက်နိုင်ပါတယ်။

နာမည်ကောင်းနဲ့ အောင်မြင်တဲ့ influencer တစ်ယောက်ဖြစ်ဖို့က အချိန်တစ်ခုယူရပါတယ်။ အားထုတ်ကြိုးစားရပါတယ်။ စိတ်ရှည်ရပါတယ်။ အဲဒါအပြင် အခြားသူတွေအတွက် အကောင်းဘက်က အကျိုးတစ်ခုခုရစေဖို့ စေတနာထားရပါတယ်။ သင့်စတင်ပြီး ကြိုးစားမယ်ဆိုရင်တော့ သတိထားရမှာက ဘယ်အလုပ်မဆို ဒီတစ်ညပြီးသွားလို့ နောက်တစ်နေ့မနက်ရောက်တာနဲ့ အောင်မြင်သွားမှာတော့မဟုတ်ပါဘူးနော်။ သင့်မှာ အခြားသော အသုံးဝင်မယ့်အချက်လေးတွေရှိရင်လည်း ဒီပို့စ်အောက်မှာ မျှဝေသွားပါအုံး။
https://smallbiztrends.com/…/build-your-influencer-brand.ht… လင့်မှ ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။